spot_imgspot_imgspot_imgspot_img
Thursday, July 17, 2025
spot_imgspot_imgspot_imgspot_img

ဇနီးအား ကိုယ်ထိလက်ရောက်နှိပ်စက်သူ တရားစွဲဆိုခံရ

Author

Date

Category

စူးမယ်။       ။

ဒီးမော့ဆိုမြို့နယ် ဒေါဘူးကူးအုပ်စု ဒေါပေါ်ကလဲကျေးရွာတွင် အရက်သေစား သောက်စားမူးယစ်ပြီး မိမိ၏ သားမယားအပေါ် ကိုယ်ထိလက်ရောက် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် နှိပ်စက်မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်းမှ သိရသည်။

ဒေါဘူးကူး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြခဲ့ရာမှ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါပေါ်ကလဲကျေးရွာနေ ဦးလျားရယ် အသက် ၅၉ နှစ်သည် အရက်သေစာများ သောက်စားမူးယစ်ပြီး မိသားစုအပေါ် နည်းမျိုးစုံဖြင့် ပြဿနာ အမျိုးမျိုးရှာ၍ ဆူပူသောင်းကျန်းနေသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့မှ အကြိမ်ကြိမ်ခေါ်ယူ သတိပေး ဆုံးမသော်လည်း နာခံခြင်း မရှိသည့်အပြင် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်သဖြင့် ခြေချုပ်နှင့် ခံဝန် ဥပဒေအရ အရေးယူပေးနိုင်ရန် ဒေါဘူးကူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဧပြီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော မြို့နယ်စီမံခန့်ခွဲမှူ ကော်မတီနှင့် မြို့နယ်လုံခြုံရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ အရေးယူသင့်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ စာအမှတ် ၂/ ၃-၃၄ (၃၁၆) / ဦး ၁ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

ခြေချုပ်နှင့် ခံဝန် ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် ဒီးမော့ဆိုရဲစခန်းမှ ဧပြီလ ၁၂ ရက်နေ့တွင် အမှုဖွင့်ခဲ့ပြီး ၂၄ ရက်နေ့တွင် တရားစွဲဆိုကာ တရားရုံးမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

spot_img

Recent posts