spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဇန်နဝါရီလ ၇ရက်နေ့ မိုင်းလုံးတိုက်ပွဲကြားက အသံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ တစ်နာရီအတွင်းပြေးတော့ ဆိုတော့ ပြေးရတာပေါ့။ ဘာမှပါမလာတော့ဘူး။ အနောက်ကနေ လက်နက်ကြီးသံလဲ ကြား အပါးဆေးလဲကျန် အကုန်ကျန် အိမ်မာ ကျန်ခဲ့တဲ့ ယုန်ကလေးတစ်အုပ် အစားကြွေးခဲ့မလို့ကို အကုန်မေ့။ ခွေး၊ ကြောင်၊ ကြက်၊ ဝက် လမ်းမှာ သူတို့ကိုတွေးမိပြီး ငိုချလိုက်တယ် ငါ့အကောင်လေးတွေ သနားလိုက်တာ “ ဆိုပြီး လွိုင်ကော်မြို့နယ်၊ မိုင်းလုံးဒေသခံတစ်ဦးက ဇန်နဝါရီလ ၇ရက်နေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ခံစားချက်တွေကို လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၇ရက်နေ့၊ မနက် ၆နာရီကျော်မှာ စစ်ကောင်စီဘက်က လွိုင်ကော်မြို့နယ် မိုင်းလုံးဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေခဲ့ပါတယ်။ မိုင်းလုံးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံတွေ အများအပြား တိုက်ပွဲကြားမှာ ပိတ်မိနေခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် ထိမှန်သေဆုံးသွားတဲ့ ဒေသခံ(၆)ဦးရှိခဲ့ပြီး၊ ထိတ်လန့်ပြီး သေဆုံးသွားတဲ့ ဒေသခံ(၂)ဦး ရှိခဲ့ပါတယ်။
၁၀နာရီ ဝန်းကျင်အချိန်မှာ စစ်ကောင်စီက လေကြောင်းကို အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်တာတွေလည်း လူနေအိမ်တွေ၊ အဆောက်အဦးတွေအပေါ် ကျရောက်ပျက်စီးတာ ရှိခဲ့ပါတယ်။

ဇန်နဝါရီ(၇)ရက်နေ့က ဆိုရင် ဒဏ်ရာရတဲ့ ဒေသခံတွေလည်း ရှိခဲ့သလို မိုင်းလုံးက ရထားလမ်းပေါ်မှာ သေဆုံးနေတဲ့ အလောင်း ၃လောင်းကို ညနေ ၅နာရီမှာ သွားရောက်ယူထုတ်နိုင်ခဲ့ပါတယ်။

စစ်ရှောင်ခဲ့ရတဲ့ အသက် လေးဆယ်ကျော်အမျိုးသမီးတစ်ီဥးက အဲ့ဒီနေ့ (ဇန်နဝါရီလ ၇ရက်နေ့)မှာ သူကြုံတွေ့ခဲ့ရတာတွေကို အမူအရာ အားမာန်အပြည့်နဲ့ အခုလို ပြောပြခဲ့ပါတယ်။

“ ငါ ခြံစည်းရိုး ခွ ပြီးတော့မှ ငါကျော်သွား။ ဆရာတော်ကို ငါသွားပြောတယ်။ ဟိုမှာ သူတို့ထိပြီ သူတို့ကို သွားကယ်အုံး။ သွားချီထုတ်အုံး ငါသွားပြောတယ်။ ချီလာတာလည်း ငါတို့ နံဘေးမှာချီလာတယ်။ နောက် ငါသွေးမြင်ဆို ငါကြောက်တယ်။ ငါ့နှလုံးမကောင်းဘူး။ ငါမေ့သွားမှာစိုးလို့ ငါဟိုးဘက်လှည့်လိုက်တယ်။ ငါအိမ်သာရအောင်ကျော်သေးတယ်။ ငါ့အမေလည်း ငါ့နဲ့ လိုက်ကျော်လိုက်တယ်။ “

မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည်ရက်ကွက်၊ ပန်ကန်းရပ်ကွက် ကဒေသခံတွေဟာဆိုရင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ သယ်နိုင်တဲ့ ပစ္စည်းတွေကို ထော်လာဂျီ၊ ဆိုင်ကယ်၊ ကား စတာတွေနဲ့ သယ်ယူရင်း ပြေးလွှာနေခဲ့ကြရပါတယ်။

အဲ့ဒီရက်က တိုက်ပွဲအကြား ပိတ်မိနေခဲ့တဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်ရင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) မှ တပ်သားတစ်ဦး ကျဆုံးခဲ့ရပါတယ်။

ဒီးမော့ဆိုဘက်ကို တိမ်းရှောင်သူရှိနေသလို ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကို တိမ်းရှောင်သူတွေလည်း ရှိနေပါတယ်။ မိသားစုတွေနဲ့ တိုက်ပွဲတွေကြားမှာ ထွက်ပြေးရင်း မိသားစုနဲ့ တစ်ကွဲတစ်ပြားဖြစ်သွားရတဲ့ သူတွေလည်း ရှိနေပါတယ်။

နေအိမ်တွေကို စွန့်ခွာပြီး ပြေးနေခဲ့ရပေမယ့် ဘယ်ကို ပြေးသွားရမယ်မှန်း မသိခဲ့ဘူးလို့ မိုင်းလုံးရပ်ကွက် ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောခဲ့ပါတယ်။

“ အခုဆို ပြေးဆိုလို့ ပြေးလိုက်တာဘဲ ဘယ်ကိုပြေးရမှန်းမသိဘူး။ ဘာမှလည်း မသယ်သွားနိုင်ဘူး။ လူတစ်ကိုယ်ပဲ အိမ်ကနေ ထွက်ပြေးလာခဲ့ကြတာ။

ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် မြို့ပေါ်မှာ နေထိုင်လို့ မရတော့တဲ့အတွက် မြို့၊ ရပ်ကွက်၊ ကျေးရွာတွေက ဒေသခံပြည်တွေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်တာ လက်ရှိမှာ တစ်သိန်း၇သောင်းခန့်ရှိနေပြီ။

spot_img
spot_img

Recent posts