spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဇရပ်ဖြူရွာလမ်းမှာ ကားမိုင်းနင်းမိပြီး ၄ဦးသေဆုံး၊ ၂ဦး ဒဏ်ရာပြင်းထန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဖေဖော်ဝါရီလ ၆ရက်) နေ့လည် ၂နာရီအချိန်မှာ အမျိုးသား ၆ဦး စီးနှင်လာတဲ့ ကားတစ်စီး ဇရပ်ဖြူရွာလမ်း မှာ မိုင်းနင်းမိပြီး ၄ဦးသေဆုံး ၂ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သွားရောက်ကယ်ဆယ်မှုမှာ ပါဝင်ခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်း ထံကနေ သိရပါတယ်။

“ အသက်ရှင်လျှက်ရှိသော လူနာ နှင့် ပြန့်ကျဲနေသော အလောင်းများအား
ကျွန်တော်တို့ ရွှေလွိုင်ကော်အသင်းမှ Dead Body-၃လောင်း နှင့် အသက်ရှင်သောလူနာ-၁ဦး ပို့ဆောင်ခဲ့ပြီး ကျန် Dead Body-၁လောင်းနှင့် အသက်ရှင်လူနာ-၁ဦးအား ရွှေညောင်ပင် ပရဟိတအသင်းမှ လွိုင်ကော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်။ “ လို့ ရွှေလွိုင်ကော်ပရဟိတအသင်း (ဒုဥက္ကဌ) အောင်မိုးမြင့်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အိမ်စီးကား IPSUM အဖြူ ဖြစ်ပြီး ဇရပ်ဖြူရွာအကျော်လမ်းတွင် မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ ကားပေါ်ပါလာသူ ၄ဦး ပွဲချင်းပြီးသေဆုံးတဲ့အထဲ ကိုအောင်စိုးမိုး၊ ကိုထွန်းမင်းလတ်၊ ကိုစိန်မင်း တို့ ၃ဦးဖြစ်ပြီး ကျန်ရှိတဲ့သူတွေရဲ့ အမည်စာရင်းကိုတော့ မသိရှိရသေးဘူးလို့ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts