spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဇူလိုင်လ တစ်လအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ နေအိမ်စုစုပေါင်း၂၇၀၀ ဖျက်ဆီးခံရတယ်လို့ NUG ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၃ ရဲ့ ဇူလိုင်လ တစ်လ အတွင်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူနေအိမ် စုစုပေါင်း ၂၇၄၁ လုံး ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနက သြဂုတ်လ ၃ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

အဆိုပါ နေအိမ် ၂၇၀၀ ကျော်ကို ဖျက်ဆီးဖို့ မီးရှို့ခဲ့တဲ့ အကြိမ်ရေ ၈၅ ကြိမ် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၅၅ကြိမ်၊ မန္တလေးမှာ ၇ကြိမ်၊ မကွေးတိုင်းမှာ ၅ကြိမ်၊ ကချင်မှာ ၃ကြိမ်၊ ပဲခူးမှာ ၉ကြိမ်၊ တနင်္သာရီတိုင်းမှာ ၅ ကြိမ်၊ ကရင်ပြည်နယ်မှာ ၁ကြိမ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသအလိုက်မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကတော့ စစ်ကိုင်းမှာ ၁၇၅၀ လုံး၊ မန္တလေးမှာ ၄၄၁လုံး၊ မကွေးမှာ ၃၇၁ လုံး၊ ကချင်မှာ ၉၇လုံး၊ ပဲခူးမှာ ၆၃လုံး ၊ တနင်္သာရီမှာ ၁၅လုံးနဲ့ ကရင်မှာ ၄လုံး ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ပါတယ်။

ဒါ့အပြင် မီးရှို့သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၅ ဦးရှိပြီး စစ်ကိုင်းမှာ ၉ဦး၊ မန္တလေးမှာ ၃ဦး၊ ပဲခူးမှာ ၃ဦး ဖြစ်တယ်လို့ က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာတော့ ဇူလိုင်လ တလအတွင်း ဘာသာရေး အဆောက်အဦး စုစုပေါင်း ၁၂ ကျောင်း နဲ့ နေအိမ် စုစုပေါင်း ၃၃၀ လုံး ဆုံးရှုံး ပျက်စီးခဲ့ရတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့မှာ PKPF ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts