spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

ညသန်းခေါင်ယံတွင် တောင်သူ၂ ဦးကို လွိုင်ကော် ရဲစခန်းက လာရောက်ရှာဖွေဖမ်းဆီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇွန်လ ၂၁ ရက်နေ့မှာပဲ ဒေါမူကလားက တပ်သိမ်းမြေယာကိစ္စမှာ တောင်သူနဲ့ စစ်တပ်နဲ့ အငြင်းပွားမှု အပြီး အဲဒီ ညသန်းခေါင်ယံလောက်မှာ တောင်သူ၂ ဦးကို လွိုင်ကော် ရဲစခန်းက လာရောက်ရှာဖွေဖမ်းဆီးသွားပါတယ်။

ပြည်သူပိုင် ပစ္စည်းများကိုဖက်ဆီးတဲ့ အမှု ပုဒ်မ ၆ (၁) နဲ့အမှုဖွင့် တိုင်ကြားထားပြီးအခုချိန်အဆိုပါ တောင်သူ ၂ဦးကို လွိုင်ကော်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဆီကနေသိရပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေ ၂ ဦးက ပြည်နယ် အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးကိုရယ်စိုးညွန့်နဲ့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးရှားရယ် တို့ဖြစ်ပါတယ်။

“အခုလက်ရှိ နောက်ဆုံးအခြေအနေကတော့ ပုဒ်မ ၆(၁) နဲ့ ၂ယောက် ကို တရားစွဲဖို့ရှိတယ်။ နောက် ရှေ့ဆက် ဖြစ်ရင်ဖြစ်မယ် မဖြစ်ရင် မဖြစ်ဘူးပေါ့။ နောက်ပြီးတော့ အခြားပုဒ်မတွေနဲ့ လည်း တရားစွဲဖို့ရှိတယ်။ ဒါပေမဲ့ ဘယ်နယောက်ကို အတည်ဖြစ်မလဲတော့ ကျနော်လည်း မသိဘူး” ကိုတူရယ် ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂ က ပြောပါတယ်။

ယမန်နေ့ (ဇွန် ၂၁) က စစ်တပ်သိမ်ထားတဲ့ သူတို့ပိုင် မြေယာပေါ်က ခြံစည်းရိုးတိုင်တွေကို တောင်သူတွေသွားရောက်ဖျက်ဆီးခဲ့ပြီး နောက်ပိုင်းမှာ အခုလို ရဲတပ်ဖွဲ့ကတောင်သူတွေကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

 “ကျနော်တို့ တောင်သူသမဂ အနေနဲ့ကတော့ ဒီအပေါ်မှာ လုံးဝရှုပ်ချတယ်။ ရာဇဝတ်သားတယောက်လို ညနက်ကြီးမှာ လိုက်လံပြီးတော့ ဖမ်းဆီးတယ်ဆိုတာက ဒါ ဒီမိုကရေစီနဲ့ လုံးဝမညီညွတ်ဘူး လုံးဝမဖြစ်သင့်ဘူးပေါ့။”

Advertisement

တောင်သူ ၂ဦးကို အခုလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အပေါ်မှာ တောင်သူသမဂ္ဂ  အနေနဲ့  ထုတ်ပြန်ကြေညာချက်တွေထုတ်ပြန်သွားမှာ ဖြစ်ပြီး လိုအပ်ပါက လမ်းပေါ်ထွက်ပြီး ဆန္ဒ ထုတ်ဖော်သွားမယ်လို့ ကိုတူရယ်ကပြောပါတယ်။

တောင်သူ ၂ဦးကို ဘာကြောင့် ဖမ်းဆီးရလဲဆိုတာ လွိုင်ကော် မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်ခဲ့ပေမဲ့ လယ်ယာမြေ ကိစ္စ  နဲ့ ဖမ်းဆီးထားတာဖြစ်ပြီး အကြောင်းရင်းစုံကိုတော့ နောက်မှ ထပ်မေးဖို့ ပြောသွားပါတယ်။

spot_img

Recent posts