spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ညောင်ရွှေမြို့က ကရင်နီစစ်ရှောင်တွေ နေထိုင်တဲ့ နေရာတခု ရှောင်တခင် ဝင်စစ်ခံရပြီး ဖမ်းဆီးခံရသူများရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ထဲက ကရင်နီစစ်ရှောင်တွေ လာရောက်ခိုလှုံကြတဲ့ နေရာတခုကို မနေ့က ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ လူငယ်တွေကို စုခိုင်းပြီး စစ်ရှောင်တွေထဲက ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ၁၂ ဦး ပြန်လွတ်ပေးပြီး ၃ ဦးကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖမ်းဆီးစစ်ဆေးခံရပြီး ပြန်လည်လွတ်မြောက်လာသူနဲ့ နီးစပ်သူတွေထံကနေ သိရှိရပါတယ်။

“ဖုန်းတွေစစ်တယ်။ ၁၅ယောက် ခေါ်သွားတယ်။ ၃ယောက်ကို ဖမ်းထားလိုက်တယ်။ ဖမ်းထားတဲ့ ၃ယောက်သတင်းက မကြားရသေးဘူးတဲ့။ PDF တွေနဲ့ လိုင်းပေါ် သူငယ်ချင်း ဖြစ်ထားရင်ကို မရဘူး ဒါပဲပြောပြတယ်။ လောလောဆယ် စစ်ရှောင်ကျောင်းကို ဝင်စစ်တာ ဆိုပေမယ့် အိမ်တွေကော တောင်ကြီးတွေဖက်ပါ လာနိုင်တာမို့ သတိနဲ့နေကြပါလို့ ပြောတယ်။ ရှောင်တခင် ဝင်စစ်ခံရတာပါ။ ယူနီဖောင်း အပြည့်အစုံနဲ့လာကြတာပါတဲ့။ ” လို့ ပြန်လည်လွတ်မြောက်လာသူနဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဘာကြောင့် ဝင်ရောက်စစ်ဆေးတယ်ဆိုတာကို မသိသလို မေးမြန်းဖို့လည်း အဆင်မပြေတာကြောင့် အခြေအနေ အတိအကျ ကို မသိရသေးဘူးလို့ ညောင်ရွှေမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်တာတော့ရှိတယ် ကျန်တာတော့မသိသေးပါဘူးဗျ။ မနေ့ကဝင်စစ်တယ်တော့ ပြောတယ်။ ဘာလို့စစ်တာလည်းဆိုတာတော့ မသိပါဘူး။ အတိအကျတော့ မသိသေးဘူးဗျ။ ခေါ်သွားတဲ့သူတွေထဲကတချို့တော့ ပြန်လာတယ်ပြောတယ်။ လူအတိအကျတော့ မသိဘူးဗျ” လို့ ညောင်ရွှေမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ဆေးဖမ်းဆီးခံရတဲ့ နေရာမှာ ကရင်နီပြည်ကနေ စစ်ဘေးတိမ်းရှောင်သွားတဲ့ စစ်ရှောင်များဖြစ်ကြပြီး လူဦးရေ ၃၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts