spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ညောင်ရွှေရောက် ကရင်နီစစ်ရှောင် ကျောင်းနေအရွယ်ကလေးတွေ ‌ကျောင်းတက်နိုင်ဖို့ စီစဥ်ဆောင်ရွက်ပေး၊ သင်ထောက်ကူပစ္စည်းလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်၊ ညောင်ရွှေမြို့နယ်ကိုရောက်ရှိနေတဲ့ ကျောင်းနေအရွယ် ကရင်နီစစ်ရှာင် ကလေးငယ်တွေ ကျောင်းတက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ စစ်ရှောင်အရေးဆောင်ရွက်ပေးနေတဲ့ ကိုစိုးမင်းလတ်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဲ့ဒီ‌တော့ ကျောင်းသားတွေပါလာတဲ့အတွက် ကျနော်တို့က ဒါက ကျောင်းနေချင်တဲ့သူတွေရှိတဲ့အတွက် ကျနော်တို့မှာ ဒီမြို့နယ်ထွေအုပ်ကို ကျနော်တို့ တိုင်ပင်လိုက်တယ်။ နောက်ပြီး သက်ဆိုင်ရာ ပညာရေးဝန်ထမ်းတွေနဲ့ သူတို့ အစည်းဝေးခေါ်ပြီးတော့ ‌ကျောင်းတက်နိုင်ရေးပေါ့နော် အဲ့ဟာလေးကို စီစဥ်ပေးပါတယ်။ ပထမတော့ ဒီကျောင်းနဲ့ ပတ်သက်ပြီးတော့ သူတို့ သက်ဆိုင်ရာ ထောက်ခံချက်လေးကို ယူရမယ်လို့တော့ပြောတယ်။ သို့သော် ကျနော်တို့က ဒုက္ခရောက်နေတဲ့သူတွေက ဘယ်သူမှ အပြေးလွှား သွားယူနေမှာ မဟုတ်ဘူး။ ဆိုတော့ ဒီညောင်ရွှေမှာ ကျောင်းတက်နိုင်ဖို့က နည်းနည်း အခက်အခဲ ဖြစ်နေတယ်လေ။ အဲ့တာ ကျနော်တို့က အတတ်နိုင်ဆုံး ဒီညောင်ရွှေမှာပဲ အဆင်ပြေအောင်ဆိုပြီးမှ ကျနော်တို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပရဟိတ အသင်းတွေ ဦးဆောင်ပြီးတော့ ဒါဆွေးနွေးပြီးတော့ အခုက‌တော့ ကျောင်းတက်ဖို့တော့ အဆင်ပြေပြီလို့တော့ ကြားတယ်။”လို့ ကိုစိုးမင်းလတ်က ဆိုပါတယ်။

‌‌ကျောင်းတက်ခွင့်ရှိတဲ့ ကလေးဦးရေကို ကန့်သတ်ထားတာမျိုးမရှိဘဲ ညောင်ရွှေမြို့နယ်အတွင်းမှာရှိတဲ့ ကရင်နီစစ်ရှောင် ကျောင်းတက်အရွယ် ကလေးမှန်သမျှ တက်ခွင့်ရဖို့ကိုလည်း ဆွေးနွေးထားတယ်လို့ သိရပါတယ်။

ကျောင်းတက်မဲ့ကလေးတွေအတွက် လိုအပ်တဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းတွေကိုလည်း ပါဝင်လှူဒါန်းဖို့ ကိုသက်ပိုင်စိုးက တောင်းဆိုထားပါတယ်။

“ကျောင်းတက်မဲ့ကလေးတွေက ဘာမှမပါလာကြဘူး။ လတ်တလော စာအုပ်၊ ဘောပင် ၊ ခဲတံ၊ သင်ရိုးညွှန်းတန်း၊ ကျောင်းဝတ်စုံ၊ လွယ်အိတ် အကုန်လိုနေပါတယ်။ အလှူရှင်များရှိရင်လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်” လို့ ကိုသက်ပိုင်စိုးက ဆိုပါတယ်။

ကျောင်းနေအရွယ် စစ်ရှောင် ကလေးငယ်တွေကို နီးစပ်ရာကျောင်းတွေမှာ အပ်နှံထားနိုင်ဖို့ ၊ ကျောင်းဝတ်စုံ စာအုပ် မပါရှိသေးပေမဲ့လည်း လက်ခံပေးဖို့၊ တရားဝင်တက်ရောက်နိုင်ရေးအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြည့်သွင်းပြီး တာဝန်ခံတွေမှ အဆင့်ဆင့်ကူညီဆောင်ရွက်ပေးဖို့၊ ပရဟိတအဖွဲ့ကနေပြီး လိုအပ်တဲ့ ကျောင်းပစ္စည်းတွေ အလှူခံပေးဖို့နဲ့ မြို့နယ် ပညာရေးဌာနကလည်း လိုအပ်တဲ့အရာတွေ ကူညီထောက်ပံပေးဖို့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိ ညောင်ရွှေမြို့နယ်အတွင်း ရောက်ရှိလာတဲ့ ကရင်နီစစ်ရှောင်ဦးရေ ၁သောင်းဝန်းကျင်ထိ ရှိလာပြီဖြစ်ပြီး ကျောင်းနေအရွယ် ကလေးဦးရေစာရင်းကို‌တော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

spot_img
spot_img

Recent posts