spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ညောင်းဝိုင်းတိုက်ပွဲမှာ စစ်ကောင််စီ ၁၅ ဦးသေဆုံး၊ သုံ့ပန်း ၂ ဦး ဖမ်းမိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ယနေ့ ( ဧပြီလ ၂၆ ရက်နေ့ ) မနက်ပိုင်းမှာ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ သုံ့ပန်း ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ရင်း ( ၁ ) တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

“မနက် ၆ နာရီ စပေါ့နော။ မနက်စောဆိုတော့ မနက် ၄ နာရီကစ ပေါ့နော။ ၁၀ နာရီအထိ အဲဒီတိုက်ပွဲထဲမှာတော့ စစ်ကောင်စီမှာ အဲဒီမှာရှိတဲ့လူ ညောင်ဝိုင်းမှာရှိတဲ့ စစ်ကောင်စီ ၁၅ ယောက် ၁၆ ယောက်လုံး အကုန်သေသွားတယ်ပေါ့နော။ လက်နက်လည်း အကုန်သိမ်းရတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

မနက် ၄ နာရီကနေ ၁၀ ရီအထိ ၆ နာရီနီးပါးဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ နှစ်ကြိမ်လာရောက်ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ လေကြောင်းနဲ့ ပစ်ခတ်တဲ့အတွက် လူထိခိုက်မှု မရှိပေမယ့် နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲဒီရပ်ကွက်အတွင်း လက်ရှိမှာ ဒေသခံတွေ နေထိုင်တာမျိုးမရှိတော့ပဲ စစ်ကောင်စီတပ်က ကင်းပုန်းချပြီးနေထိုင်လာတာ သုံးလဝန်းကျင် ရှိနေပြီလို့ သိရပါတယ်။

KNDF ဖယ်ခုံဇုန် ကနေလည်း ဒီကနေ့ မနက်ပိုင်းမှာ မိုးဗြဲ-ဖယ်ခုံလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ အသိပေးထုတ်ပြန်ထားတာ ရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု များပြားကာ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းတွေ ရရှိကြပါတယ်။ စစ်ကောင်စီတပ်ကနေပြီးတော့ လေကြောင်းအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့နေရာတွေကိုပါ ပစ်ခတ်တိုက်ခိုက်လာတာတွေ ရှိနေပါတယ်။

spot_img
spot_img

Recent posts