Sunday, November 29, 2020

ဌာနေတိုင်းရင်းသား အခွင့်အရေး ဖော်ဆောင်ဖို့ ဆိုရင်…

Must read

အစိုးရသက်တမ်း ၅နှစ်အတွင်း ပရဲ့လူမျိုးစုတွေ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း မှာ ဘာတွေပြောင်းလဲလာပြီလဲ။

စိုးထိုက်အောင်NLD ဦးဆောင်တဲ့ အစိုးရသက်တမ်း၅နှစ်နီးပါးကာလမှာ ပရဲ့လူမျိုးစုတွေနေထိုင်ကြတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ ဘာတွေပြောင်းလဲနေပြီလဲ။ လက်ရှိသူတို့ ရဲ့ လိုအပ်ချက်တွေနဲ့ တောင်းဆိုမှုတွေဘာတွေဖြစ်မလဲ။ ကန္တာရဝတီတိုင်း(မ်) ကနေ အဲဒီကဒေသခံတချို့ကို သွားရောက်တွေ့ဆုံမေးမြန်ခဲ့တဲ့ တာတွေကို တင်ပြပေးလိုက်ပါတယ်။

ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ လွှတ်တော်ကော်မတီမှတဆင့် တင်ပြတောင်းဆို

နိုဝင်ဘာလ ၂၅ရက်နေ့က ကရင်နီလူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ကယားပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ “ ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်” နဲ့စပ်လျဉ်းပြီးတော့ ကယားပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့တွေ့ဆုံဆွေးနွေးပြီး ဆွေးနွေးပွဲကနေ ရလာတဲ့ တင်ပြချက်တွေကို လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်ထံမှ ကိုဗစ်ပိုးထပ်မံတွေ့ရှိ၍ စုစုပေါင်း ကိုဗစ်ပိုးတွေ့ရှိသူ ၂၁ ဦးထိရှိလာ

ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ် လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ(အထက)ကျောင်း ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များကို COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ယာဥ်မောင်းတစ်ဦးနှင့်ယာဥ်နောက်လိုက်တစ်ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူတွင်းပစ်ချသေဆုံးမှုဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု၊ ပတိုငံကျေးရွာရှိ နေအိမ်တစ်အိမ်မှာ စကားများရန်ဖြစ်ရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသား ၄ ဦးက ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူအတွင်းပစ်ချသေဆုံးမှုဖြစ်ပွားခဲ့တယ် ဒီးမော့ဆိုမြို့မ ရဲစခန်းမှတ်တမ်းအရသိရပါတယ်။

သွေး (စစ်ကိုင်း)

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အတွက် တိုင်းရင်းသား တန်းတူညီမျှမှု ရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့လည်း အချိန်နီးကပ်လာပြီ ဖြစ်တဲ့ အတွက် တိုင်းရင်းသား ဒေသတွေမှာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ ဦးတည်ရမှာပါ။ ဝမ်းသာစရာကောင်းတဲ့ အချက်ကတော့ ပြည်နယ်တွေမှာ တိုင်းရင်းသား ပါတီတွေ ပိုပြီး အားကောင်းလာ သလို ထောက်ခံမှုလည်း ပိုရလာနေတဲ့ အချက်ပါပဲ။

လက်ရှိ အနေအထားအရ ကယားပြည်နယ်မှာ ပြည်နယ်သူ၊ ပြည်နယ်သားတွေက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသား ပါတီတွေကို ထောက်ခံမှု များပြားလာတာ တွေ့ရပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် (အရင်က) ကရင်နီပြည်နယ် (ခေါ်) ကယားပြည်နယ်ဟာ သီးခြားလွတ်လပ်တဲ့ နယ်မြေတစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကရင်နီ၊ ကယား၊ ‌ဂေခို၊ ဂေဘား၊ ပရဲ၊ မနုချော၊ ယင်းဘော်၊ ယင်းတလဲ လူမျိုးတွေ အစဉ်အအဆက် နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။

ဒါအပြင် ကရင်နီ ပြည်သူတွေရဲ့ လိုလားချက်တွေ၊ တောင်းဆိုမှုတွေ၊ တိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှုတွေမှာလည်း အာမခံချက် မရှိခဲ့တာမျိုး တွေ့ရပါတယ်။ ကိုယ့်ပြည်နယ် အတွင်း အစဉ်အဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ လယ်ယာမြေတွေပေါ်မှာ ထွန်ယက် စိုက်ပျိုးတဲ့ တောင်သူတွေ တရားစွဲဆိုခံရတဲ့ အထိလည်း ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် လွိုင်ကော်မှာ စိုက်ထူးခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီလူငယ်တွေရဲ့ ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ရသလို ကန့်ကွက်ခဲ့ကြတဲ့ လူငယ်တွေ တရားစွဲဆိုခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ကယားပြည်နယ်ဟာ မြန်မာနိုင်ငံ ဒေသအများအပြားကို လျှပ်စစ်ဓာတ်အား ဖြန်ဖြူးပေးနေတဲ့ လောပိတရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတည်ရှိရာပြည်နယ်ဖြစ်ပေမဲ့ ယနေ့ထိ လျှပ်စစ်ဓာတ်အား မရသေးတဲ့ ကျေးရွာတွေ အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။ သဘာဝအခြေခံ ခရီးသွား လုပ်ငန်း အတွက် အခြေအနေကောင်းတွေ ရှိနေပေမဲ့ ပြည်နယ် အတွင်း ပြည့်ပြည့်ဝဝ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရ အနေနဲ့ ဖြေရှင်းပေးရမယ့် ကိစ္စရပ်တွေလည်း ရှိနေပါတယ်။

ဥပမာအားဖြင့် – ‌ဒေသခံတိုင်းရင်းသားတွေ သဘောမတူ ကန့်ကွက်နေတဲ့ လွိုင်ကော်မြို့က ခဲသတ္တုသန့်စင်စက်ရုံ စီမံကိန်း ဖြစ်ပြီး အဲဒီမှာ အရေးကြီးတဲ့ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်:စစ်ခြင်း လုပ်ဆောင်မှု ရှိ/မရှိ ဆိုတာ သိရှိခွင့် မရသေးပါဘူး။

စီမံကိန်း တစ်ခုကို အကောင်အထည်ဖော်တော့မယ် ဆိုရင် EIA လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်၊ HIA လို့ ခေါ်တဲ့ ကျန်းမာရေး ထိခိုက်မှု ဆန်းစစ်ချက်၊ SIA လို့ ခေါ်တဲ့ လူမှုဘဝ ထိခိုက်မှု ဆန်းစစ်ချက်တွေ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုပါတယ်။

လက်ရှိ အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ (Kayah State Democratic Party)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) တို့ ပါဝင်ယှဉ်ပြိုင် အရေွးခံကြမှာပါ။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဟာ ကယားလူမျိုးစု ဒီမိုကရေစီပါတီနဲ့ လူမျိုးစုပေါင်းစုံ ဒီမိုကရေစီပါတီတို့ ပူးပေါင်းထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာ အနိုင်ရရှိခဲ့ပါတယ်။ အခု နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃၀ မှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမှာလည်း ဖြစ်ပါတယ်။

ကယန်းအမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဖယ်ခုံမဲဆန္ဒနယ် အမှတ် (၁) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း “မူကယ်ရိုလိုင်း” ဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးဖို့ လိုလားတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။

မူကယ်ရိုလိုင်းက သူသာ ရွေးချယ်ခံရမယ် ဆိုရင် အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ အခန်းကဏ္ဍကို ပိုပြီး အာရုံစိုက် လုပ်ဆောင်ပေးချင်ပါတယ် လို့ ပြောကြားထားပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးက ကယောတိုင်းရင်းသူ “အယ်ဗလင်း” ပါ။ သူမဟာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး ဖရူဆိုမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံခဲ့ရဖူးသူပါ။

သူမက Myanmar Now သတင်းဌာနနဲ့ တွေ့ဆုံခန်း တစ်ခုမှာ “တကယ့် ဒီမိုကရေစီ အကူးအပြောင်းကို ဦးဆောင်သွားမယ့် NLD နဲ့ အတူတကွ တက်ညီလက်ညီ မဟာမိတ်သဏ္ဌာန်နဲ့ ၂၀၀၈ အခြေခံဥပ‌ဒေကို ပြောင်းလဲဖို့ သုံးသပ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အခုလို လူငယ်အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်လာမှုအပိုင်းမှာ ပါဝင်လာတာက အားတက်စရာကောင်းပါတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး “ခူးသဲရယ်” က “ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို သွားမယ်ဆိုရင် တိုင်းရင်းသားပါတီတွေက မရှိမဖြစ် လိုတာပေါ့” လို့ ပြောကြားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အာမခံချက် မပေးနိုင်တာကို တွေ့ရပါတယ်။ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား တန်းတူရည်တူ ရှိရေးတွေကို ဒီဖွဲ့စည်းပုံအောက်က ဖော်ဆောင်ဖို့ ဆိုတာ လက်တွေ့မှာ မလွယ်ကူပါဘူး။ ဒါ့အပြင် တရားဥပဒေ စိုးမိုးမှု မရှိတာ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာကို အများဆုံးခံစားရတာက တိုင်းရင်းသား ဒေသတွေပဲ ဖြစ်ပါတယ်။

တကယ်လို့ ကယားပြည်နယ်မှာ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ ပိုပြီး ‌ရွေးကောက်တင်မြှောက်ခံရမယ် ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ပိုပြီး အထောက်အကူ ပြုနိုင်မှာ ဖြစ်သလို ဒေသဖွံ့ဖြိုးရေး အတွက်လည်း ပိုမိုအားပေး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခြေခံဥပဒေရဲ့ ပုဒ်မ ၂၆၁ ကိုသာ ပြင်ဆင်နိုင်မယ် ဆိုရင် ပြည်နယ် တစ်ခုမှာ ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိတဲ့ ပါတီက ပြည်နယ် အစိုးရ ဖွဲ့စည်းခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီပုဒ်မကို မပြင်ဆင်နိုင်တဲ့ အတွက် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရေွးကောက်ပွဲမှာ ရခိုင်ပြည်နယ်က ကိုယ်စားလှယ် အများစု အနိုင်ရရှိတဲ့ တိုင်းရင်းသားပါတီတွေဟာ ပြည်နယ် အစိုးရ မဖွဲ့နိုင်ခဲ့တာကို သတိပြုဖို့ လိုပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၅၀ မှာ မြန်မာစာကို ရုံးသုံးဘာသာ စကားအဖြစ် ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ တကယ်လို့ တိုင်းရင်းသား ဘာသာစကားထဲက အသုံးများတဲ့ အားလုံးလည်း နားလည် အသုံးပြုနိုင်တဲ့ ဘသာစကားကိုပါ ရုံးသုံး အဖြစ် ထည့်သွင်းပေးနိုင်ရင် ပိုပြီး အဆင်ပြေမှာပါ။ အထူးသဖြင့် တရားဥပဒေ စိုးမိုးမှု အပိုင်းမှာ အပြန်အလှန် နားလည် ပြောဆို ခုခံ ချေပခွင့် ပိုမိုရနိုင်မှာ ဖြစ်သလို ဘသာစကားယဉ်ကျေးမှုကိုပါ ထိန်းသိမ်းမြှင့်တင်ပေးရာ ရောက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါတီတစ်ခုတည်းက ကြိုးပမ်းဆောင်ရွက်တာထက် ပါတီအများစု ပူးပေါင်းဆောင်ရွက်တာက ပိုပြီး မှန်ကန်အားကောင်းမှာ ဖြစ်ပါတယ်။ ဒါအပြင် လွှတ်တော်ထဲမှာ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ ပိုမို ပါဝင်လာမှသာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တေွကို ပိုမို ဖြည့်ဆည်းပေးနိုင်ဖို့ တင်သွင်းတဲ့ အဆိုတွေလည်း ထိရောက်အောင်မြင်နိုင်မှာပါ။
နောက်ထပ် အရေးကြီးတဲ့ တစ်ချက်က ဌာနေတိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်ခွင့်ကို အာမခံနိုင်တဲ့ဥပဒေ ပြဋ္ဌာန်း နိုင်ဖို့ပဲ ဖြစ်ပါတယ်။

၂၀၁၂ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေမှာလည်း တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး အာမခံနိုင်မှု မရှိဘူး ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် တိကျတဲ့ ဥပဒေနဲ့ မြေယာပိုင်ဆိုင်ခွင့်ကို အာမခံနိုင်မှသာ မြေယာသိမ်းယူမှု၊ အငြင်းပွားမှု၊ တရားစွဲဆိုခံရမှုတွေ လျော့နည်းလာမှာပါ။

လက်ရှိအချိန်မှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီတို့က ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဖော်ဆောင်မယ် ဆိုတဲ့ အချက် ပါဝင်တာကို ကြိုဆိုရမှာပါ။ ဒါ့အပြင် ရွေးကောက်ပွဲမှာ အနိုင်ရရှိမယ် ဆိုရင် ‌ဒေသခံတိုင်းရင်းသားတွေ ကန့်ကွက်မှု ရှိနေတဲ့ ခဲသတ္တုသန့်စင်စက်ရုံ တည်ဆောက်မှုကို ပြန်လည် သုံးသပ်သွားမယ် လို့ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီက ကိုယ်စားလှယ်လောင်း ကိုစတီဗင်က ပြောကြားပါတယ်။

သူဟာ လွိုင်ကော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကနေ ပြည်နယ် လွှတ်တော် အတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ အခုလို စီမံကိန်းတွေရဲ့ ဆိုးကျိုးနဲ့ ကောင်းကျိုးကို ချိန်ဆပြီး ပြောမယ့် ကိုယ်စားလှယ်တွေလည်း လိုအပ်နေတာမို့ အခု ပြောကြားချက်ကို ကြိုဆိုရမှာပါ။

စိတ်ဝင်စားစရာ ကောင်းတာက အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ပိုမိုပါဝင်လာမှုပါပဲ။ မယ်စဲ့ မဲဆန္ဒနယ်မှာ ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနဲ့ ယှဉ်ပြိုင်သွားမှာက ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း “နော်မြင့်ထူး” ပါ။ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့် ရခဲ့ရင် ပဋိပက္ခတွေရဲ့ အကျိုးဆက် ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ ပိုကြိုးစားသွားနိုင်မယ် လို့ မျှော်လင့်ရပါတယ်။

အင်အားကြီးပါတီတွေ ဖြစ်တဲ့ NLD နဲ့ USDP ပါတီတွေနဲ့ ယှဉ်ပြိုင်ရမယ့် ကယားပြည်နယ်ဟာ ယှဉ်ပြိုင်မှု အားကောင်းမယ့် ပြည်နယ်တစ်ခု ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီတွေကို ဒေသခံတိုင်းရင်းသား တွေက ပိုပြီးထောက်ခံလာကြတာက ဒေသတွင်း ပြည်သူတွေရဲ့ အနာဂတ် မျှော်လင့်ချက်ကို လင်းလက်စေမှာပါ။

တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ ရွေးကောက်ခံရတဲ့ အရေအတွက် များပြားလာတာနဲ့ အမျှ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ တိုင်းရင်းသား တန်းတူရည်တူ ရှိရေးတို့ကို ဖော်ဆောင်ပေးလာနိုင်မယ် လို့ သုံးသပ်ရပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

အစိုးရသက်တမ်း ၅နှစ်အတွင်း ပရဲ့လူမျိုးစုတွေ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း မှာ ဘာတွေပြောင်းလဲလာပြီလဲ။

စိုးထိုက်အောင်NLD ဦးဆောင်တဲ့ အစိုးရသက်တမ်း၅နှစ်နီးပါးကာလမှာ ပရဲ့လူမျိုးစုတွေနေထိုင်ကြတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ ဘာတွေပြောင်းလဲနေပြီလဲ။ လက်ရှိသူတို့ ရဲ့ လိုအပ်ချက်တွေနဲ့ တောင်းဆိုမှုတွေဘာတွေဖြစ်မလဲ။ ကန္တာရဝတီတိုင်း(မ်) ကနေ အဲဒီကဒေသခံတချို့ကို သွားရောက်တွေ့ဆုံမေးမြန်ခဲ့တဲ့ တာတွေကို တင်ပြပေးလိုက်ပါတယ်။

ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ လွှတ်တော်ကော်မတီမှတဆင့် တင်ပြတောင်းဆို

နိုဝင်ဘာလ ၂၅ရက်နေ့က ကရင်နီလူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ကယားပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ “ ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်” နဲ့စပ်လျဉ်းပြီးတော့ ကယားပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့တွေ့ဆုံဆွေးနွေးပြီး ဆွေးနွေးပွဲကနေ ရလာတဲ့ တင်ပြချက်တွေကို လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်ထံမှ ကိုဗစ်ပိုးထပ်မံတွေ့ရှိ၍ စုစုပေါင်း ကိုဗစ်ပိုးတွေ့ရှိသူ ၂၁ ဦးထိရှိလာ

ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ် လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ(အထက)ကျောင်း ယာယီကုန်တင်ယာဥ်ရပ်နားစခန်းတွင် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်များကို COVID-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ယာဥ်မောင်းတစ်ဦးနှင့်ယာဥ်နောက်လိုက်တစ်ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိကြောင်း သိရသည်။

အမျိုးသားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူတွင်းပစ်ချသေဆုံးမှုဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု၊ ပတိုငံကျေးရွာရှိ နေအိမ်တစ်အိမ်မှာ စကားများရန်ဖြစ်ရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသား ၄ ဦးက ဝိုင်းဝန်းထိုးကြိတ်ပြီး ဂူအတွင်းပစ်ချသေဆုံးမှုဖြစ်ပွားခဲ့တယ် ဒီးမော့ဆိုမြို့မ ရဲစခန်းမှတ်တမ်းအရသိရပါတယ်။

ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ လွှတ်တော်ကော်မတီမှတဆင့် အရပ်ဖက်အဖွဲ့အစည်းတင်ပြတောင်းဆို

ကန္တာရဝတီတိုင်း(မ်) လက်ရှိအစိုးရလက်ထက်မှာ ဒီမိုကရေစီစံနှုန်းနဲ့မကိုက်ညီတဲ့ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေစုပေါင်းဆွေးနွေးကြပြီး ကယားပြည်နယ်လွှတ်တော်မှတဆင့် တင်ပြတောင်းဆိုသွားမယ်လို့ LAIN နည်းပညာပြုအထောက်အကူအဖွဲ့မှ ကိုကျော်ထင်အောင်ကပြောပါတယ်။ “အရပ်ဖက်အဖွဲ့အစည်း တစ်ဖွဲ့ချင်းသော်လည်းကောင်း စုပေါင်း၍သော်လည်းကောင်း ဆောင်ရွက်ရတဲ့ အခက်အခဲတွေကိုလည်း လွှတ်တော်...

Comments

comments