spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တင်ဒါရွေးခြယ်ခြင်းစနစ် စည်းမျဉ်းစည်းကမ်းမကိုက်ညီဟု ကိုယ်စားလှယ်ထောက်ပြ

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်ရာတွင် ဝန်ကြီးချုပ်မှ ပြင်ဆင်ထားသည့် ဈေးနှုန်းနှင့်ကိုက်ညီသည့်ကုမ္ပဏီကိုသာ တင်ဒါရွေးခြယ်သွားခြင်းသည် စည်းမျဉ်းစည်းကမ်းမကိုက်ညီကြောင်း ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါသည်။

“တင်ဒါကို ရွေးချယ်တဲ့အခါမှာ ဝန်ကြီးချုပ်ကနေပြီးမှ သူပြင်ဆင်ထားတဲ့ဈေးနှုန်းနဲ့ကိုက်ညီတဲ့ကုမ္ပဏီက တင်ဒါအောင်တဲ့ ကုမ္ပဏီအဖြစ် ရွေးချယ်ကြတယ်ပေါ့။ ဆိုတော့ အဲလိုလုပ်တဲ့အခါမှာ ၁/၂၀၁ရ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ ကျတော်ကနေ ထောက်ပြတယ်” ဟု ပြောသည်။

ပြည်နယ်အစိုးရဝန်ကြီးချုပ်မှ တင်ဒါ ကြမ်းခင်းဈေးနှုန်းကို ပြင်ဆင်သတ်မှတ်နေခြင်းသည် ၁/၂၀၁ရ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကို ကျော်လွန်ပြီး လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် ဝန်ကြီးချုပ်မှ တင်ဒါကိစ္စကို ချုပ်ကိုင်ခြင်းကိစ္စသည် မဖြစ်သင့်ကြောင်းဆိုပါသည်။

တင်ဒါကော်မတီမှ ဈေးနှုန်းသတ်မှတ်ပေးပြီး တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီများကလည်း ရိုးသားဖို့လိုအပ်ကြောင်းနှင့် လက်ရှိတွင် ဝန်ကြီးချုပ်ကို ကပ်ဖားပြီးမှ လုပ်ငန်းကို ရရှိနေသည့် ပုံစံမျိုး သက်ရောက်နေတာကြောင့် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိကြောင်း ၎င်းက ထောက်ပြ ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဦးသဲရယ်က “လျှို့ဝှက်ဈေးနှုန်းသတ်မှတ်တာက ဝန်ကြီးချုပ်တစ်ယောက်ပဲသိရတယ်။ လျှို့ဝှက်ဈေးနှုန်းထဲ ဝင်နိုင်အောင်ဆိုလို့ရှိရင်တော့ ဝန်ကြီးချုပ်ကို တစ်ဖက်တစ်လှမ်းကနေ ကပ်ဖားပြီးတော့မှ ရတဲ့အနေအထားအချို့ကို ပြောလို့ရတယ်။ အတိအကျတော့မသိဘူး ဒါပေမယ့် ခုက အဲလိုပုံစံဖြစ်နေတယ်။ တစ်ချို့ဟာတွေက လုပ်ငန်း ၄၊ ၅၊ ၁ဝခု ရနေတဲ့ ကုမ္ပဏီကိုတော့ သံသယဖြစ်တာပေါ့” ဟု ၎င်းအနေဖြင့် မြင်တွေ့ရကြောင်း ကန္တာရဝတီတိုင်း(မ်)သို့ ပြောဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ဇွန်လ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၄ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့) တွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)တင်ဒါလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှု ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းဖြင့် ဦးသဲရယ်က မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းရာတွင် သက်ဆိုင်သည့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်က ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတော်သမ္မတကိုယ်စား ဒေသနှင့်ကိုက်ညီအောင် ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

၎င်းက “ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတကိုယ်စား ဘဏ္ဍာနဲ့ ပတ်သက်၍ ကြီးကြပ်ကွပ်ကွဲ တာဝန်ယူရတာ ဖြစ်တဲ့အတွက်ကြောင့် ဘဏ္ဍာငွေအလေအလွင့်မရှိစေရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေး အဲကြောင့် ၁/၂၀၁ရနဲ့အညီ ပိုပြီးတော့ စနစ်ကျတဲ့ ကြမ်းခင်းဈေးကို အတည်ပြုပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်လို့ တင်ပြချင်ပါတယ်။ အခု လုပ်ပေးနေတဲ့အချိန်မှာလည်း အကောင်းဆုံးနဲ့ ဒေသနဲ့ကိုက်ညီအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲတော့ ကျတော့်အနေနဲ့ ကိုက်ညီမှုရှိသလားလို့မေးတဲ့အခါမှာ ချိုးဖောက်တာ မဟုတ်တဲ့အတွက် ကိုက်ညီပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတညွှန်ကြားချက် ၁/၂၁၀ရ တွင် လူတစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စုက လက်ဝါးကြီးအုပ်ခြင်း မရှိစေရ ပါရှိသည့်အတွက် ချိုးဖောက်နေသလား၊ နိုင်ငံပိုင်သတင်းစာတွင်လည်း ထည့်သွင်းထားသည့် တင်ဒါလုပ်ထုံးလုပ်နည်းကို ချိုးဖောက်နေသည့် အာဂတိလိုက်စားတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းခြင်း ရှိ မရှိကို သိရှိလိုကြောင်း ဦးသဲရယ်က ထပ်ဆင့် မေးခွန်းမေး၊ ထောက်ပြသော်လည်း ဝန်ကြီးမှ လက်ခံသည့် အနေအထားမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသည့် အဆောက်အဦး၊ လမ်း၊ တံတား စသည့် လုပ်ငန်းများကို ခေါ်ယူရာတွင် လုပ်ငန်းတင်ဒါ စည်းကမ်းဖြင့်သာ ခေါ်ယူပြီး ကော်မတီလေးရပ် ဖွဲ့စည်းထားကြောင်း၊ နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာပြီး တစ်လစောင့်ဆိုင်းပြီး စီစစ်ရွေးချယ်ဆောင်ရွက်သလို ပဏမတင်ဒါရွေးရွယ်ခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုချုက်ရယူကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် ရ ရက်အတွင်း နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုပြီး ဘဏ္ဍာနှစ်အစမှ ပထမသုံးပတ်အတွင်း တင်ဒါလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ကြောင်း စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်၏ လွှတ်တော်တွင် ပြန်လည်ဖြေကြားချက်အရ သိရသည်။

spot_img
spot_img

Recent posts