spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တင်ဒါလုပ်ငန်းတွေမှာ အရေအသွေးမရှိဘူးလို့ ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့

Author

Date

Category

အန်ထောနီ

ကယားပြည်နယ် အစိုးရရဲ့ ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ကုမ္မဏီတင်ဒါလုပ်ငန်းတွေမှာ အရေအသွေးမရှိဘူးလို့ ကယားပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးကော်မတီဝင် ဦးခင်မောင်ထွန်း(ခေါ်)နော်အီးက ပြောပါတယ်။

၎င်းက “ကျနော်တို့ဒီအဆိုးဆုံးဆိုရင် ကျနော်တို့အဆောက်ဦးတွေအရည်အသွေး မမှီတာပေါနော်။ အဆောက်အဦးတွေ အက်ကွဲတာတွေ တင်ဒါကတစ်မျိုး နောက်တစ်ခုက လမ်း။ လမ်းကဒူးပြောတော့တစ်မျိုး ဥပမာ မြေသားလမ်းရေဖြန်း ရေဖြန်းတော့သဲကြိတ် တာတွေမလုပ်ပါဘူး။ သူတို့တာတွေသွားမကြည့်ဘူး သူတို့ခိုတယ်။ ဒီဟာက တော်တော်ဆိုးတယ်။ ဒီလုပ်ငန်းပေါနော် သူတို့လည်းဘတ်ဂျက်တော်တော်များများတောင်းတယ်။ တောင်းမှပြီးအောင်မလုပ်ပဲပြန်ပေးတာလည်း အဲ့တာကကျနော်တို့ကယားပြည်တွက် တစ်အားနစ်နာပါတယ်။ ” လို့ ပြောပါတယ်။

လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရန်အတွက် ကြိုတင်ကွင်းဆင်းစစ်ဆေးပြီး တိုင်းတာတွက်ချက်ပြီးမှ တင်သွင်းတာတွေ မလုပ်တဲ့အတွက် ဘတ်ဂျက်ကျလာတဲ့အခါနဲ့ အမှန်တကယ်လုပ်တဲ့အချိန်မှာ ကွာဟမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။

မော်ချီးကျေးရွာ ၊ အောင်ချမ်းသာ- တောင်ပေါ်ကားလမ်းရဲ့ ထုအနက် ၁၅ လက်မ ရှိရမည့်အစား ၃ လက်မခွဲသာရှိတဲ့ပုံလို့ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးက ဇွန် ၁၀ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ တင်ပြသွားခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။ (ဓါတ်ပုံ – ပြည်နယ်လွှတ်တော် Live)

“တွက်ချက်မှုတစ်အားလွှဲသွားတယ်။ တစ်ချို့ကပိုတယ် တစ်ချို့ကလိုတယ်အဲ့သလိုဖြစ်တယ် အဲ့တကြောင့်မို့ ကြိုတင်ပြင်ဆင်မယ်ဆိုရင် ဒီလောက်ထိအလေအလွင့်မဖြစ်ဘူးပေါနော် ကျနော်တို့ဘဏ်ဏ္ဍာငွေက။”လို့ ဦးခင်မောင်ထွန်း(ခေါ်)နော်အီးက ဆက်ပြောပါတယ်။

၎င်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ ကယားပြည်နယ်လွှတ်တော်ရဲ့ ဇွန်လ ၁၀ ရက်နေ့က အစည်းအဝေးမှာ ဖွံ့ဖြိုးရေးလုပ်ငန်း တွေဆောင်ရွက်မှု အခြေအနေတွေကို တင်ပြခဲ့ကြတာဖြစ်ပါတယ်။

မော်ချီးကျေးရွာ အောင်ချမ်းသာ တောင်ပေါ်ကားလမ်းရဲ့ ထုအနက် ၁၅ လက်မ ရှိရမည့်အစား ၃ လက်မခွဲနှင့် ၂ လက်မခွဲသာရှိကြောင်း သတ်မှတ်ထားတဲ့ ထုမပြည့်မှီတာတွေ စတာတွေ တွေ့ခဲ့တယ်လို့ တင်ပြခဲ့ပါတယ်။

ပြည်သူ့ဘဏ္ဍာငွေတွေကို အလာဟာသ မဖြစ်စေဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ပြည်နယ်အစိုးရတွေမှာ ကြီးကြပ်ပေးဖို့ တိုက်တွန်းသွားပါတယ်။

တင်ဒါလုပ်ငန်းတွေအရည်အသွေးညံ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ကုမ္မဏီတွေက မြို့ပေါ်လောက်ပဲ တင်ဒါတွေ စိတ်ဝင်စားကြတာဖြစ်ပြီး ဝေးလံတဲ့ကျေးလက်တွေဘက်ကိုတော့ စိတ်ဝင်စားမှုအားနည်းတာတွေ ကြောင့် တင်ဒါမခေါ်ပဲ ပေးလိုက်ရတာတွေရှိတယ်လို့သိရပါတယ်။

အခုလို တင်ဒါကို မဆွဲတော့ပဲ ကုမ္မဏီကို ပေးလိုက်တဲ့အခါမှာ တွက်ချက်မှုတွေက ကွာဟမှု ပြဿနာတွေ ပေါ်လာတဲ့အခါမှာ အရည်အသွေးညံ့တာတွေ ဖြစ်လာတယ်လို့ ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်လေ့လာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

“အခုဆိုရင် ရှားတောမြို့နယ်ကဟာ၊ နောက်ပြီးတော့ ဖရူဆိုမြို့နယ်ကဟာ တာတွေဆိုရင် တင်ဒါမခေါ်ဘူးပေါလေး တင်ဒါခေါ်ပေမယ့် လုပ်မယ့်သူမရှိဘူး။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေပေါ။ ဆေးရုံတွေ ဆေးပေးခန်းလေးတွေပေါလေး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ခါကျတော့ တင်ဒါယူမယ့်လူမရှိဘူးပေါနော်။ တာကျနော်လုပ်နိုင်တယ်ဆိုပြီးတော့မှ တာဝန်ယူပြီးတော့မှ ကုမ္ပဏီတွေက မလုပ်ဖြစ်လိုက်တာပေါ့။”လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ မှ ၄ နှစ်တာ အစီရင်ခံစာကို ဇွန်လ အဆောက်အဦးဆောက်လုပ်ခြင်းလုပ်ငန်း ၈၆ ခု၊ လမ်းခင်းခြင်းလုပ်ငန်း ၉၉ ခု၊ မြေကာနံရံ ၂၄ ခု၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း ၂၅ ခု၊ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ၂ ခု၊ လျှပ်စစ်မီးတိုင် စိုက်ထူခြင်း လုပ်ငန်း ၂ ခု၊ ဆည်တည်ဆောက်ခြင်းလုပ်ငန်း ၂ ခု၊ ရေရရှိရေး အကောင်အထည်ဖော်တာ၁ခု တို့ကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ လွှတ်တော်မှာ တင်ပြချက်အရသိရပါတယ်။

spot_img
spot_img

Recent posts