spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တစ်ပြည်နယ်လုံးရှိ မြို့ဝင်ဘီးခွန်(ကောက်) ဂိတ်များ ဧပြီ ၁ ရက်နေ့မှစ၍ ဖျက်သိမ်းမည်

Author

Date

Category

စိုင်းလင်းလင်းဦး

လမ်းတား အခွန်ကောက်ယူသည့် မြို့ဝင်ဘီးခွန်ဂိတ်များကိုဧပြီလ ၁ ရက်နေ့မှစတင်ပြီး ဖျက်သိမ်းမည်ဖြစ်ကြောင်း ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

လာမည့်   ဘဏ္ဍာရေးနှစ်အတွက် အဆိုပါ မြို့ဝင်ဘီးကောက်(ခွန်)ကို လမ်းတားကောက်ခံသည့် စနစ်အားဖျက်သိမ်းရန် ပြည်နယ်အစိုးရမှ ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းစနစ်အစား အခြားနည်းဖြင့် ကောက်ခံရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

၂၀၁၇-၁၈ ဘတ်ဂျက်နှစ်အတွက် ဒီးမော့ဆိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်ဘီးကောက်လိုင်စင်အား ယာယီဖျက်သိမ်းထားကြောင်းနှင့် ပြည်နယ်အတွင်းရှိ ယာဉ်ပိုင်ရှင်များအနေဖြင့် ၂၀၁၇-၁၈ ခုဘဏ္ဍာရေးနှစ်တွင် ယာဉ်သက်တမ်းတိုး ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၏ ဘီးခွန်ပေးဆောင်ပြီး ကြောင်းတံဆိပ်တုံးပါရှိမှသာ ကယားပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်လိုင်စင်သက်တမ်း တိုးပေးမည်ဖြစ်ကြောင်း ပြည်သူထံသို့ ကြိုတင်အသိပေးထားခြင်း ဖြစ်ကြောင်းသိရသည်။ 

ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲနှင့် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနတို့၏ ညှိနှိုင်းချက်အရယင်းစနစ်ဖြင့် ကောက်ခံရန် စီစဉ်လိုက်ခြင်းဖြစ်သည်ဟုကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်လက်ထောက် ညွှန်ကြားရေးဦးစီးမှူး ဦးသန်းထွန်းက ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုပြောကြားသည်။

“ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ငါတို့စည်ပင်နဲ့ က.ည.နနဲ့ ညှိနှိုင်းလိုက်တော့ ဒီအဖြေထွက်လာတယ်။” ဟု ဦးသန်းထွန်းက ပြောသည်။

ကယားပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န)တွင် ယာဉ်လိုက်စင်သက်တမ်းတိုးခြင်းနှင့် လိုင်စင်အသစ်ပြုလုပ်ရာ၌ တပါးတည်း ပေးဆောင်ရန်ဖြစ်ပြီး လမ်းတားကောက်ခံရန် ပြည်နယ်တဝှမ်းရှိ  မည်သည့်နေရာမျှ ဘီးခွန်ဂိတ်များ ထားရှိရန် မလိုအပ်တော့ကြောင်း သိရသည်။

လိုင်စင်သက်တမ်းတိုးရန်အတွက် လာရောက်လျှောက်ထားလိုပါကက.ည.နရုံးဝန်းအတွင်းနှင့် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးရုံးနှစ်နေရာတွင် စည်ပင်ဘီးခွန် သက်သေခံကဒ်ပြားများ မှတ်ပုံတင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ပုံမှန်အတိုင်းဆိုလွိုင်ကောစည်ပင်ရုံးနဲ့ က.ည.နမှာဘီးခွန်ကဒ်ပြားလုပ်ပေးပါမယ်။ က.ည.နက မြို့နယ်တွေမှာစီမံချက်နဲ့ လိုင်စင်တိုးလုပ်ငန်းတွေလုပ်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ် စည်ပင်ရုံးကလိုက်လုပ်ပေးလိမ့်မယ်။”ဟုလွိုင်ကော်စည်ပင်သာယာရေးအဖွဲ့ အခွန်ဌာနစိတ် ဒုဦးစီးမှူး ဒေါ်ဌေးဌေးကပြောကြားသည်။ 

ထိုစနစ်ကိုပြောင်းလဲကျင့်သုံးလိုက်ခြင်းကြောင့် အခြားပြည်နယ်မှ လာရောက်သောယာဉ်များကို မြို့ဝင်ဘီးခွန်များ ကောက်ခံနိုင်ခြင်းမရှိသောကြောင့် ပုံမှန်ရရှိနေသောစည်ပင်သာယာရေးအဖွဲ့၏ မြို့ဝင်ဘီးကောက်မှ ရရှိလာသောဝင်ငွေ ၃ဝ ရာခိုင်နှုန်းဝန်ကျင်ခန့် လျော့နည်းလာနိုင်သည်ဟုကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်လက်ထောက်ညွှန်ကြားရေးဦးစီးမှူး ဦးသန်းထွန်းကသုံးသပ်ပြောကြားထားသည်။

၂၀၁၆-၁ရ ဘဏ္ဍာရေးနှစ်အတွက် ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ စည်ပင်သာယာရေးဥပဒေ ပုဒ်မ၁၅( ဃ)အရမြို့ဝင်ဘီးခွန်လုပ်ငန်းမှ ကျပ်သိန်းပေါင်း ၅၅ရ ကျော် ကောက်ခံရှိခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်တွင် မြို့တစ်မြို့စီ၏ အဝင်အထွက်များတွင် ဘီးခွန်ဂိတ်များရှိနေပြီး ဖြတ်သန်းသွားတိုင်းဆောင်ရသည်။ လွိုင်ကော်ခရိုင်အတွင်းတွင်ပင် ဘီးခွန်ဂိတ်ပေါင်း ၄ ဂိတ်ရှိနေပြီးတပြည်နယ်လုံးတွင် ဂိတ်အရေအတွက် ၁ဝ ခုအထိရှိခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၂ – ၂၃ ရက်နေ့တွင်ကျင်းပခဲ့သောဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ မြို့ဝင်ဘီးခွန်ကို တားယူကောက်ခံခြင်း နည်းလမ်းအားအခြားစနစ်သို့ ပြောင်းလဲကောက်ခံရန် ဆွေးနွေးခဲ့ကြပြီးယခုကဲ့သို့ စနစ်ပြောင်းလဲကောက်ခံရန် စတင်လာခဲ့ခြင်းဖြစ်သည်။

ဘီးခွန်ကောက်ခံမှုကို ကယားပြည်နယ် စည်ပင်သာယာရေးဌာနမှ လေလံစနစ်ဖြင့်  ၂ဝ၁၃ ခုနှစ်တွင် စတင်ကာ  ဝါးလုံးရှည်နှင့် ဆွဲချသည့် စနစ်ဖြစ်ပြီး ခရီးသွားလာနေသည့်သူများကို ကောက်ခံခဲ့သည်။ ယခုနှစ်အတွင်း လမ်းတားတွန်းဂိတ်ဖြင့် ကောက်ယူနေခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၂ အပိုဒ် ၈ အပိုဒ်ခွဲ (က)တွင် ဖေါ်ပြထားသည့် လုပ်ပိုင်ခွင့်နှင့် အညီ စည်ပင်သာယာရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ စည်ပင်သာယာရေး လုပ်ငန်းများကို စီမံဆောင်ရွက်ခြင်းနှင့် သတ်မှတ်သော အခွန်စည်းကြပ်ကောက်ခံခြင်း လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်  ပြဌာန်းရေးဆွဲခဲ့သည့် ကယားပြည်နယ် စည်ပင်သာယာရေးဥပဒေကို ၂၀၁၃ ခုနှစ်တွင် ကယားပြည်နယ်လွှတ်တော်၌ အတည်ပြု ပြဌာန်းခဲ့သည်။

ပြည်နယ်အတွင်းရှိ ဆိုင်ရာမြို့နယ်စည်ပင် နယ်နမိတ်အတွင်း စည်ပင်ဥပဒေပါ (အခွန်စည်းကြပ်ကောက်ခံခြင်း) အခန်း (၆)၏ အပိုဒ်ခွဲ (ဂ)နှင့် (ဃ)အရ စည်ပင်နယ်နမိတ်အတွင်း သွားလာဖြတ်သန်းခြင်းနှင့် ရပ်နားမည့် ယာဉ်များကို သတ်မှတ်ထားသော အခွန်နှုန်းအတိုင်း ပြဌာန်းပါ ကယားပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ ပြည်နယ်အတွင်းရှိမြို့နယ်တိုင်း၏ စည်ပင်မှ ကောက်ခံလျှက်ရှိနေခြင်းဖြစ်သည်။

ပြည်နယ်စည်ပင်သာယာရေးးအဖွဲ့မှသတ်မှတ်ထားသောယာဉ်အမျိုးအစားအလိုက် ပေးဆောင်ရမည့်ဘီးခွန်နှုန်းထားများ
(တစ်စီးလျှင် (၁)နှစ်နှုန်းဖြစ်သည်။)

 

 

 

 

 

 

 

 

 

 

ဖေဖေါ်ဝါရီလအထိ စာရင်းအရ ကယားပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ လိုင်စင်မှတ်ပုံတင်ထားသော ယာဉ်အမျိုးအစားအလိုက်စာရင်း

 

 

 

 

 

 

 

 

 

 

spot_img
spot_img

Recent posts