spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တစ်နှစ်အတွင်း လူနည်းစုဖြစ်တဲ့ ယင်းတလဲလူမျိုးစု သေဆုံးမှု ၁ ရာခိုင်နှုန်းရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှ လူနည်းစုဖြစ်တဲ့ ယင်းတလဲလူမျိုးစုတွေဟာ ၂၀၂၃ ခုနှစ် တစ်နှစ် အတွင်း သေဆုံးမှုဟာ ၁ ရာခိုင်နှုန်း ရှိနေတယ်လို့ ယင်းတလဲအရေး လှုပ်ရှားသူတွေထံကနေ သိရပါတယ်။

အဆိုပါ သေဆုံးရတဲ့ဖြစ်စဉ်တွေဟာ စစ်ကောင်စီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာတွေအပြင် စစ်ရှောင်ရင်း နာမကျန်းဖြစ်ပြီး သေဆုံးခဲ့ရတဲ့သူတွေလည်း ပါဝင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့ လူဦးရေက ရှိတာမှ ၁၈၀၀, ၁၉၀၀ ဆိုတဲ့အခါကျတော့ အများကြီးတော့မရှိပေမယ့် ကျနော်တို့ ခန့်မှန်းခြေလောက်ပြောမယ်ဆို ၂၀ ဝန်းကျင်လောက်ရှိတယ်ပေါ့နော်။ ၂၀ ဝန်းကျင် ဆိုတာက မများဘူးလို့ ပြောလို့မရဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ လူဦးရေနဲ့ပြန်တွက်မယ်ဆိုရင် ရာခိုင်နှုန်းအနေနဲ့ ၁ ရာခိုင်နှုန်းနီးနီးပေါ့နော်။ အဲလောက်တောင်ရှိတယ် ။ ဒါတောင်မှ တစ်နှစ်အတွင်းပဲရှိသေးတယ်နော်။ တစ်နှစ်အတွင်းဖြစ်တဲ့ ပဋိပက္ခကြောင့် သေဆုံးရတဲ့ ဖြစ်စဉ်ပေါ့လေ။ ၁ ရာခိုင်နှုန်း ဆိုတဲ့အခါကျတော့ ဒါဟာ များတယ်လို့ ကျနော်တို့ ယူဆလို့ရတယ်ပေါ့နော်” လို့ ယင်းတလဲအရေး လှုပ်ရှားသူလူငယ်တစ်ဦးက ပြောပါတယ်။

ယင်းတလဲလူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် နီးစပ်ရာတောတောင်ထဲတွေအပြင် လွိုင်ကော်မြို့ပေါ်နဲ့ ထိုင်း နယ်စပ်ဖက်ကို အများဆုံး စစ်ရှောင်ကြတယ်လို့ သိရပါတယ်။

လက်ရှိယင်းတလဲလူမျိုးစုတွေဟာ အလှူရှင်တွေကိုသာ အဓိက မှီခိုနေကြရပြီး စစ်ရှောင်ကြတဲ့နေရာတွေမှာ စားနပ်ရိက္ခာအပါအဝင် ကျန်းမာရေးနဲ့ နေထိုင်ဖို့ အမိုးအကာတွေ အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်ရှောင်သွားတဲ့ ညီမတို့ ယင်းတလဲလူမျိုးစုတွေပေါ့နော်။ သူတို့တွေရဲ့ စားဝတ်နေရေးကို အခုက ထောက်ပံ့တာရနေတယ်ပေါ့နော်။ နောက်ကျရင်ဒီထက်ပိုပြီး အဲလိုမျိုးထောက်ပံ့တာတွေ မရှိဘဲနဲ့ ဖြစ်သွားမှာ စိုးရိမ်တယ်ပေါ့နော်။ ညီမတို့ ယင်းတလဲစစ်ရှောင်တွေကို ကူညီစေချင်တယ်” လို့ ယင်းတလဲလူငယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကနေ ယင်းတလဲလူမျိုးစုတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတာတွေကို လုပ်ဆောင်မှုကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့တာတွေအပြင် လူသေဆုံးမှုလည်း ရှိခဲ့တာပါ။ ဒါတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်ပြီး စစ်ရာဇဝတ်မှုမြောက်တယ်လို့ ယင်းတလဲအရေး လှုပ်ရှားဆောင်ရွက်သူတွေက ပြောပါတယ်။

spot_img
spot_img

Recent posts