spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တစ်ရက်အတွင်း လွိုင်ကော်မြို့မှာ မိသားစုလိုက် သေဆုံးမှုအပါအဝင် အရပ်သား ၁၄ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့က ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနဲ့ သွားလာနေတဲ့ ပြည်သူတွေကို ပစ်ခတ်ခြင်းတို့ကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့ တစ်ရက်အတွင်း အရပ်သား ၁၄ ဦး ထိမှန်သေဆုံးသွားခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ မှ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“အနည်းဆုံး နှစ် မိသားစုလိုက်ဖြစ်တယ်လို့ ပြောနိုင်တယ်။ တစ်စုကတော့ နမ့်ဘော်ဝမ်မှာ ဖြစ်တဲ့ကိစ္စ သားအမိ ပစ်ခတ်ခံရလို့ နှစ်ဦးလုံး ဆုံးသွားတယ်။ နောက် case(ဖြစ်စဉ်) တစ်ခုကတော့ ပိုးဇာခြံမှာ လက်နက်ကြီး ကျတဲ့အတွက်ကြောင့်မို့လို့ အမေရော ကလေးတွေပါ သုံးဦး ဆုံးသွားတာ ရှိပါတယ်။ ဒါကတော့ ဒီ နှစ် case(ဖြစ်စဉ်) ကတော့ မနေ့က တစ်ရက်တည်း သေဆုံးမှုထဲက မိသားစုအလိုက် ထိခိုက်သေဆုံးမှု ဖြစ်ပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၈ နှစ်ကနေ ၇၀ ကျော် အရွယ် ရှိသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲက မိသားစုလိုက် သေဆုံးတာ ၂စုထိ ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ကနေ အရပ်သားပစ်မှတ်တွေကို မရှောင်ဘဲ ရမ်းသန်းပစ်ခတ်တာကြောင့် အခုလိုထိခိုက်သေဆုံးရတာ ဖြစ်တယ်လို့ ဦးဗညားက ပြောပါတယ်။

“ကလေးတွေလည်း သေတယ်၊ ခြေပြတ်၊ လက်ပြတ် ဖြစ်သွားတဲ့သူတွေလည်း ရှိတယ်။ ထွက်ပေါက် မရှိတော့ ဘယ်လို ထွက်ရမလဲ။ တောက်လျှောက်ပစ်နေတာ။ ထွက်လို့လည်း ပစ်ခတ်ခံရနိုင်တယ်။ မထွက်လို့လည်း အခုလိုမျိုး လက်နက်ကြီး၊ လေယာဉ် ပစ်လို့ သေနိုင်တယ်။” လို့ လွိုင်ကော်မြို့ခံတစ်ဦးက လက်ရှိ ဒေသခံတွေ ကြုံတွေ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သွားလာနေတဲ့ ပြည်သူတွေကို ပစ်ခတ်တာတွေ၊ မြို့အထွက်တွေလမ်းတွေကို ပိတ်ပင်ထားတာတွေကြောင့် အရပ်သားတွေဟာ သေဆုံးမှုတွေ ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ ရိုးရိုးရှင်းရှင်းပါဘဲ။ ကျနော်တို့ တိုက်ပွဲဖြစ်ရင်တော့ လူထုတွေ နစ်နာနိုင်တယ်ဆိုတာ သိတယ်။ သို့ပေမယ့်လည်း လူထုတွေ မနစ်နာနိုင်အောင် တားဆီးနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်။ အထူးသဖြင့် စစ်ကောင်စီရဲ့ လုပ်ရပ်က အဲ့ဒီတားဆီးနိုင်တဲ့ လူထုတွေ မနစ်နာအောင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် သူတို့လုပ်ရမဲ့ လုပ်ငန်းရဲ့ နိုင်ငံတကာ စံသတ်မှတ်ချက်တွေကို ချိုးဖောက်နေလို့ဘဲ ဖြစ်ရတာပေါ့နော။ ဥပမာအားဖြင့် လူထုတွေကို ပေးမရွေ့တာတွေ၊ လူထုတွေကို လွိုင်ကော်ကနေ ထွက်ခွင့်မပေးဘဲနဲ့ ပိတ်ပင်ခဲ့တဲ့ဟာတွေက ဒါအဆိုးရွားဆုံး အကျိုးသက်ရောက်မှုတစ်ခုလို့ ကျနော်တို့ ပြောနိုင်ပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

မနေ့က သေဆုံးသူ ၁၄ ဦးထဲမှာတော့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးတာ ၇ ဦး၊ ပစ်ခတ်ခံရလို့ သေဆုံးတာ ၃ ဦး၊ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် သေဆုံးတာ ၄ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းအရ သိရှိရပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသွားသူ ၇ ဦးလည်း ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာ ၁၁.၁၁စစ်ဆင်ရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေ အဆမတန် အသုံးပြုပြီး လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၃၈ ဦး နဲ့အထက် ရှိနေပြီး ထိခိုက်ဒဏ်ရာသူတွေ အယောက် ၃၀ ဝန်းကျင်အထိ ရှိနေပါတယ်။

spot_img
spot_img

Recent posts