spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တစ်လေးလုံးစစ်ဆင်ရေးဆင်နွဲနေတဲ့ လွိုင်ကော်မြို့မှာ ၇၂နှစ်မြောက် ကယားပြည်နယ်နေ့ကို စစ်ကောင်စီတိတ်တဆိတ်ကျင်းပ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တစ်လေးလုံးစစ်ဆင်ရေးဆင်နွဲနေတဲ့ လွိုင်ကော်မြို့ပေါ်မှာ ဇန်နဝါရီလ ၁၅ရက်နေ့မှာ ကျရောက်တဲ့ ၇၂နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို စစ်ကောင်စီကကျင်းပပြုလုပ်သွားခဲ့ပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ နေ့စဥ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေတဲ့ကြားကနေ စစ်ကောင်စီကနေပြီး မဖြစ်မနေ ဌာနဆိုင်ရာလူတွေနဲ့ တိတ်တဆိတ် ပွဲလုပ်သွားတဲ့အပေါ် ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက အခုလို သုံးသပ်ပြောဆိုပါတယ်။

“လူ့အခွင့်အရေးရှုထောင့်ကနေ နည်းနည်း သုံးသပ်လို့ ရတာကတော့ သက်ဆိုင်ရာလူမျိုးစု ဒေသမှာ ပိုပြီး‌တော့မှ အခက်ခဲ ဖြစ်သွားစေနိုင်တဲ့ ဒါမှမဟုတ်လည်း ပြည်နယ်တစ်ခုရဲ့ လူမှု သံဟဇာတကိုထိခိုက်စေနိုင်မယ့် အပြုအမူ ပွဲလမ်းသဘင်ကတော့ ဘယ်သူမှ မပြုလုပ်သင့်ဘူးလို့ ကျနော်ကတော့ မှတ်ချက်အဲ့လောက်ပဲပြုပါတယ်။ စောနပြောသလို စစ်ကောင်စီ မှမကဘူး ကျနော်တို့ ပြည်နယ်မှာရှိတဲ့ ဘယ်ပုဂ္ဂိုလ်မှ မဆိုပေါ့နော်။ ဒီပွဲလမ်းသဘင်ကို ပြုလုပ်ခြင်းကြောင့် လူမှု သံဟဇာတကို ထိခိုက်ရင်တော့ ဒါကတော့ ဆိုးဝါးသောလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်သွားစေနိုင်တယ် ဆိုတဲ့ ဟာလောက်ပဲ ပြောလို့ရပါတယ်” လို့ ဦးဗညားကဆိုပါတယ်။

စစ်ကောင်စီကနေ လူဦးရေ ၁၅၀ ဝန်းကျင်နဲ့ ပြုလုပ်သွားတဲ့ ကယားပြည်နယ်နေ့အခမ်းအနားမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်စေနိုင်ရေးအတွက် ဆောင်ရွက်ပေးကြတဲ့သူတွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဆုလက်မှတ် ပေးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အဲ့ဒီအခမ်းအနားကို စစ်ကောင်စီခန့် ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာအဆင့်က သူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးစတင်ပြီးနောက် ဒေသခံ ၈၀ ရာခိုင်နှုန်းခန့်ဟာ မြို့ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် မြို့ပေါ်မှာ ဒေသခံအနည်းငယ်သာ ကျန်ရစ်တော့သလို လက်ရှိမှာလည်း လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီကနေ လက်နက်ကြီးအသုံးပြုပြီး မကြာခဏ ပစ်ခတ်တာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့မှာ စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားပြီး အခမ်းအနား ကျင်းပနေစဉ်အတွင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

spot_img
spot_img

Recent posts