spot_img
Sunday, December 10, 2023
spot_imgspot_imgspot_imgspot_img

တစ်လေးလုံး စစ်ဆင်ရေးကို ပြုလုပ်နေတဲ့အတွက် လူထုတွေ လုံခြုံရာအရပ်ကို ပြောင်းရွေ့ဖို့ အသင့်ပြင်ရန် IEC တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ တစ်လေးလုံး ( 1111 ) စစ်ဆင်ရေးကို ဒီကနေ့ (နိုဝင်ဘာလ ၁၁ ရက်နေ့) မှာ ပြုလုပ်နေပြီဖြစ်တဲ့အတွက် လူထုတွေအနေနဲ့ လုံခြုံဘေးကင်းတဲ့အရပ်ကို ပြောင်းရွေ့နိုင်ဖို့ ပြင်ဆင်ကြရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC )က တိုက်တွန်းထားပါတယ်။

တစ်နိုင်တစ်ပိုင် စားနပ်ရိက္ခာ၊ ဆေးဝါး တွေပြင်ဆင်ထားပြီး ဘေးကင်းလုံခြုံတဲ့ အရပ်ကို ပြောင်းရွေ့ထားဖို့ တိုက်တွန်းထားတာပါ။

လတ်တလော ပြောင်းရွေ့ဖို့ ခက်ခဲရှိနေတဲ့ ပြည်သူတွေအနေနဲ့လည်း ပြင်ပကို သွားလာလှုပ်ရှားမှု မပြုလုပ်ကြသေးပဲ နေအိမ်အတွင်း အကာအကွယ်ရှိတဲ့ နေရာတွေမှာသာ နေထိုင်ကြဖို့ ဆိုထားပါတယ်။

လုံခြုံတဲ့နေရာကို ပြောင်းရွေ့နိုင်ဖို့ကိုလည်း သက်ဆိုင်ရာ တပ်ပေါင်းစု၊ မဟာမိတ်အဖွဲ့တွေနဲ့ ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်မြို့ထဲက ချိကယ်ကျေးရွာအုပ်စု၊ နွားလဝိုးကျေးရွာအုပ်စု၊ နိုးကိုးကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲကျေးရွာအုပ်စုနဲ့ ကုန်းသာကျေးရွာအုပ်စု တို့အပြင် မိုးဗြဲမြို့တွေမှာပါ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဆိုထားပါတယ်။ မြို့အနီးတစ်ဝိုက်လည်း စစ်ဇုန်အဖြစ်ပြောင်းလဲသွားနိုင်တယ်လို့ IEC ဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲကြားထဲမှာနေထိုင်တဲ့ ပြည်သူလူထုတွေ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းတိုက်ခိုက်မှု အန္တာရာယ်ကို ကာကွယ်ရန်အတွက် ဆောင်ရွက်ရမယ့် အချက် ၅ ချက်ကို IEC နဲ့ KSCC တို့က ဒီကနေ့ ညနေပိုင်းမှာပဲ ပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။

လက်ရှိလွိုင်ကော်မြို့ပေါ်မှာ စစ်ရေးအရှိန်မြင့်တက်နေပြီး စစ်ကောင်စီက ပြည်သူတွေရှိတဲ့နေရာကို လက်နက်တွေနဲ့ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

spot_img
spot_img

Recent posts