spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

တန်ဖိုးနည်းအိမ်ရာ ဒေသခံများအတွက် မဖြစ်မည်ကို စိုးရိမ်နေ

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ကေကောဒေသအတွင်းတွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းမှာ ဒေသခံများအတွက် မဖြစ်ဘဲ အဖွဲ့အစည်းအတွက် တည်ဆောက်ခြင်းများဖြစ်မည်ကို ဒေသခံများစိုးရိမ်လျက်ရှိနေသည်။

̏ ဒီတန်ဖိုးနည်းအိမ်ရာဆောက်တာ ဘယ်သူ့အတွက်လဲ၊ ဒေသခံအတွက်လား၊ ရဲဘော်အတွက်လား၊ အဲ့အိမ်ပေးနေတယ်ဆိုတော့ကော နောက်ပိုင်း သူတို့ကိုယ်ကသူတို့ရဲဘော်ဖြစ်သွားမလား ကျွန်တော်အဲ့ဒါပဲစိုးရိမ်တယ်˝ ဟု ကေကောဒေသခံတစ်ဦးက ပြောသည်။

ပရဲ့မျိုးနွယ်စုများ နေထိုင်ရာဖရူဆိုမြို့နယ်အနောက်ဘက်ရှိ ကေကော၊ ရော်ဒေါ်ခေါ၊ သိုသီးဖိုစသည့် သုံးအုပ်စုမှ အိုးအိမ်မဲ့သည့် ဒေသခံများကို စာနာသောအားဖြင့် ပြည်ထောင်စုအစိုးရထံသို့ ဘတ်ဂျက်တိုက်ရိုက်တောင်းခံကာ ရရှိလာခဲ့ခြင်းဖြစ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(က.လ.လ.တ)မှ ဗိုလ်မှူးဦးထူးကော်က ပြောသည်။

” ပြည်ထောင်စုအစိုးရနဲ့ သွားတင်တော့ ကျွန်တော်တို့ ကေကောဒေသ၊ ပရဲ့ဒေသပေါ့ ဒီကေကောဒေသမှာ လူမှုရေးအစစအရာရာ နိမ့်ကျတဲ့အတွက်ကြောင့် အိုးမဲ့အိမ်မဲ့တဲ့လူတွေ ရှိနေတဲ့အတွက် ကျွန်တေ်ာတိ်ု့ပြန်ရရှိအောင် တစ်ဖက်တစ်လှမ်းနဲ့ နိုင်ငံတော်အနေနဲ့ ပံ့ပိုးပေးနိုင်မလားဆိုတဲ့ အစရှိသဖြင့်ပေါ့ ကျွန်တော်တို့က တင်ပြပြီးတော့ နိုင်ငံတော်က ဘတ်ဂျက်ချပေးတယ်။ ပြည်ထောင်စုရံပုံငွေနဲ့ပါ။˝ဟု ဗိုလ်မှူးဦးထူးကော်က ပြောသည်။

ဖရူဆိုမြို့နယ်အတွင်းတွင် တန်ဖိုးနည်းအိမ်ရာအတွက် ဘတ်ဂျက်တောင်းခံခြင်း၊ ဘတ်ဂျက်ကျခြင်းတို့ကို မသိရဘဲ တည်ဆောက်ချိန်မှသာ သိရှိရကြောင်း ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း(ခ)နော်အီးက ပြောသည်။

̏ “ဒီတန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်ပြီး ကျွန်တော်လည်းသိပ်ပြီးဘဝင်မကျပါဘူး။ အများအားဖြင့် ဒါက ပြည်ထောင်စုဘတ်ဂျက်နဲ့၊ ပြည်ထောင်စုက ဝန်ကြီးတွေက လိုအပ်တယ်ဆိုပြီးမှတင်ပြတယ်၊ သူတို့တင်ပြတာတွေလည်း ကျွန်တော်တို့ မသိရပါဘူး။ သူတို့ဆောက်တဲ့အချိန်မှာပဲ ကျွန်တော်တို့သိရတာပါ။ ဒီတန်ဖိုးနည်းအိမ်ရာကျတယ်ဆိုတဲ့အချိန်မှ သိရတာပါ။ ဆိုတော့ ဘယ်ရည်ရွယ်ချက်နဲ့လဲ၊ ဒါပေမယ့် ကျွန်တော်တို့ ဖော့လော်မှာကျတော့ ရွာသားတွေကိုပေးမယ် တကယ့်မရှိတဲ့လူပေါ့နော၊ ချို့တဲ့တဲ့လူတွေ တစ်ချို့ကတော့ ဟိုးအရင်က အဖွဲ့အစည်းဟောင်းတွေကို ပေးမယ်လို့တော့ ကျွန်တော်သတင်းကြားတယ်။ အရင်ကအဖွဲ့အစည်းအတွက် လုပ်ကိုင်ခဲ့တဲ့သူတွေ အခု မလုပ်နိုင်မကိုင်နိုင်တဲ့သူတွေ ရွာမှာပြန်နေနေတဲ့သူတွေလို့ ကျွန်တော်ထင်တယ်ပေါ့နော။˝ ဟု ၎င်းကပြောသည်။

၎င်းတန်ဖိုးနည်းအိမ်ရာကို ကေကောအုပ်စု၊ ဖော့လော်ကျေးရွာတွင် အိမ်တစ်လုံးတန်ဖိုး ၆၅သိန်းဖြင့် အိမ်ခြေ ၃၀၊ ဘတ်ဂျက်ကျပ်သန်းပေါင်း ၁၉၅ဝ သန်းဖြင့် ကဲဖူးကုမ္ပဏီမှ၂၀၁၈ခု ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ကာ စက်တင်ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။ ၂၀၁၉ခု ဇန်နဝါရီလ ရ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်မှ လာရောက်ဖွင့်လှစ်ပေးခဲ့သည်။

spot_img
spot_img
spot_img

Recent posts