spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တပ်သိမ်းမြေ ဧက ၂၀ဝ ကျော် ပြန်လည်စွန့်လွှတ်

Author

Date

Category

လင်းသန့်

ကယားပြည်နယ်၊ လွိုင်ကော် အခြေစိုက် အမှတ် (၂၅၀) ခြေလျင်တပ်ရင်းမှ မြေဧက ၁၉၄ နှင့် အမှတ်(၇) တပ်မတော်စစ်ဆေးရုံမှ ၁၅ ဧက စုစုပေါင်း ၂၁၉ ဧကကို ၅ နှစ်အကြာ သိမ်းယူထားပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်ပေးလိုက်သည်။

ယင်းသိမ်းဆည်းခံမြေများကို လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁ရ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ ရက်စွဲပါ စာဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့သည်။

ယင်းမြေများကို ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော်စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် သတ်မှတ်ပေးကာ မူလတောင်သူများသို့ ပြန်လည်လုပ်ကိုင်ခွင့် ပေးအပ်လိုက်ခြင်း ဖြစ်သည်။

စွန်လွှတ်လိုက်သည့် အဆိုပါ မြေများအား သက်ဆိုင်ရာ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့် ယာယီ ပုံစံ(၃) ထုတ်ပေးခြင်းနှင့် မီးရထား ဘူတာရုံမြေအတွက် အသုံးပြုသည့် မြေယာများအား မူလတောင်သူများထံသို့ လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားတွင် တောင်သူများထံသို့ တရားဝင် လွဲပြောင်းပေးခဲ့သည်။

ယင်းမြေယာကို တပ်မတော်မှ လွိုင်ကော် တောင်သူများထံ ၂၀၁၃ ခုနှစ်ကတည်းက သိမ်းယူခဲ့သည်။ ၅ နှစ်အကြာမှသာ တရားဝင် လုပ်ကိုင်ခွင့်ကို တောင်သူများက ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက စွန့်လွှတ်မြေများအား မူလတောင်သူများထံသို့ ကော်မတီ အဆင့်ဆင့်မှ သေချာစိစစ်ပြီး ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ လက်ရှိအစိုးရက သိမ်းဆည်းလယ်ယာမြေတွေကို မူရင်းလက်ငုတ် တောင်သူတွေ ပြည်သူတွေရဲ့ လက်ဝယ်အရောက် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက မတ် ၁၁ နေ့၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ယင်းအခမ်းအနားတွင် ပြောကြားသည်။

မူလက သိမ်းယူခဲ့သည့် မြေပမာဏ၏ အနည်းငယ်သာ ယခု ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကာ ထပ်မံကျန်ရှိသေးသည့် မြေများကိုလည်း ပြန်လည်စွန့်လွှတ်ပေးရန် ဆက်လက်တောင်းဆိုအုန်းမည်ဖြစ်ကြောင်း မြေနီကုန်းကျေးရွာနေ ခူးဦးရယ်က ပြောသည်။

“အခုပြန်ရတာတော့ မပို့မစို့လေးပဲလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မှာပေါ့ဗျာ။ အများကြီးက ကျန်နေသေးတယ်။”ဟု ခူးဦးရယ်က ပြောသည်။

ဝန်ကြီးချုပ်က သိမ်းဆည်းမြေများနှင့် ပတ်သက်ပြီး ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ စိစစ်ရန်အချက်၊ လမ်းညွှန်ချက်များအား ပြည်သူများသိရှိစေရေး ထည့်သွင်းပြောကြားခဲ့သည်။

မြေယာများ ပြန်လည်ရရှိရေးအတွက် လိုက်ပါဆောင်ရွက်နေသည့် လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက “မူဝါဒထဲမှာက တပ်က မသုံးရင် ပြန်စွန့်ပါဆိုတာကိုပါတယ်။ တက်နိုင်သလောက် နည်းနည်းပဲ ယူရမယ်။ အခု ကျွန်မတို့ ပြန်လည်ကွင်းဆင်းတဲ့အခါမှာ ၁ဝ နှစ် ကျော်ပြီးတော့ ဘာမှ စီမံကိန်းမလုပ်တာတွေ တွေ့ရတယ်။ အဲ့ဒါကို ပြန်မစွန့်ဘူးပေါ့နော်။ စွန့်တာကိုတော့ ကျွန်မတို့ အရမ်းကျေးဇူးတင်တယ်ပေါ့။ ဒါပေမယ့် ဒီထက်လည် စွန့်သင့်တယ်လို့ ထင်တယ်။ ဒါမှ ပြည်သူတွေရဲ့ နာကြည်းနေတဲ့ စိတ်ကို ပြန်ကုစားနိုင်မယ်လေး။”ဟု ဆိုသည်။

ယင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်မှ ကိုယ်စား လှယ်များ၊ ခရိုင်၊ မြို့နယ် သိမ်းဆည်းမြေ/ စစ်ကော်မတီဝင်များ၊ ၊ တောင်သူများ။ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

spot_img
spot_img

Recent posts