spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တပ်စခန်းပြုပြင်ရန်အတွက် ကျေးရွာများထံမှ သစ်၊ ဝါးများကို တောင်းယူ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမောဆိုမြို့ နယ် ထီးဖိုးကလိုးကျေးရွာတွင် ၁၀၂ တပ်ရင်းမှ တည်ဆောက်ထားသည့် တပ်စခန်းတိုးချဲ့ ပြုပြင်ရန်လိုအပ်တဲ့အတွက်လို့ ဆိုပြီး ထီးဖိုးကလိုး တပ်စခန်းမှုး ဗိုလ်မှုးလှမိုးမှ ထီးဖိုးကလိုးအုပ်စုအတွင်းက ကျေးရွာများကို သစ်၊ ဝါး များ တောင်းယူခဲ့တယ်လို့ ကျေးရွာဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။

ဝါးလာသယ်နေတဲ့ စစ်တပ်ကားတွေ့ရစဉ်။ ဓါတ်ပုံ – ဒေသခံ

“ သူတို့ တပ် ပြုပြင်ဖို့ဆိုပြီးတော့ တောင်းတယ်။ ထီးဖိုးကလိုးရွာမှာ တပ်စခန်း ရှိတယ်လေ။ ဒါပေမဲ့ လာသယ်သွားတာတော့ တပ်ရင်း ၁၀၂ အထိ သယ်သွားတယ်။” လို့ ထီးဖိုးကလိုးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောပါတယ်။

၎င်းတို့ တောင်းယူထားတဲ့ သစ်၊ ဝါးများကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်ကား ၆ ဘီးကား တစီးဖြင့် လာရောက် သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ထီးဖိုးကလိုး အုပ်စုအတွင်းရှိ ကျေးရွာ ဥက္ကဌများကို ခေါ်ယူတွေ့ဆုံပြီး တောင်းယူခဲ့တယ်လို့ သိရပါတယ်။

“ ဒီအခြေအနေအရဆိုရင် မတောင်းသင့်တော့ဘူးလေ။ ကျတော်တို့က မပေးဘူးဆိုရင်လည်း မကောင်းဘူးလေ။ ပေးမယ်ဆိုရင်လည်း မပေးသင့်တော့ဘူး” လို့ ထီးဖိုးကလိုးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေါခူလီ၊ ဖဲလျား၊ ထီးသဲကလိုး၊ ဒေါလျားခူ စတဲ့ ကျေးရွာများကို ၁၄ ပေရှိတဲ့ သစ်လုံး ၃ လုံးစီ တောင်းယူခဲ့ပြီး ဒေါတဒါးမှ ဝါး ၁၀ ချောင်း၊ ဒေါဘျာကူးမှ ဝါး အချောင်း ၂၀၊ ဒေါခူသွဲ့မှ ဝါး ၁၅ ချောင်းနှင့် ထီးဖိုးကလိုးမှ ပျဉ်ပန်ကန် စက် (၂) စီး တောင်းယူခဲ့တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့ ချုပ်ဆိုထားတဲ့ Bilateral Ceasefire Agreement မှာ တပ်စခန်းနှင့် တပ်အင်အားများ မတိုးချဲ့ ဖို့ဆိုတဲ့ သဘောတူညီချက် ပါဝင်ပါတယ်။

spot_img
spot_img

Recent posts