spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တပ်ဆုတ်လိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဒေါညေးခူ ကျေးရွာတွင်းမိုင်းထောင်ထားခဲ့

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ (၁၄) ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဖားဆောင်းမြို့နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းကို စစ်ကူသွားကြတာဖြစ်နိုင်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

” အခုက ကျနော်တို့ တိုက်ပွဲ ဖြစ်တယ်ဆိုပေမယ့် တိုက်ပွဲက နေ့စဉ်ရက်ဆက် ဖြစ်ခဲ့တာ မဟုတ်ဘူး။ ကြိုကြား….ကြိုကြားပဲ ဖြစ်တယ်။ တိုက်ပွဲကြီးကြီးမားမားလည်း မဖြစ်ခဲ့ဘူး။ ဒီကြားထဲမှာပေါ့နော်။ သူ့ဟာသူပဲ ဆုတ်သွားတာပေါ့။ ဒါသူတို့ စစ်ကူသွားဖို့အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ တစ်ခြားရည်ရွယ်ချက်လည်း ရှိကောင်းရှိနိုင်မယ်ပေါ့နော်။”လို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF)သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားပြီးအချိန်မှာတော့ ကျေးရွာတွေရဲ့ လမ်းဆုံ၊ လမ်းထောင့်တွေနဲ့ ကျေးရွာပတ်ပတ်လည်မှာ မိုင်းတွေ ထောင်ထားခဲ့တာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ရွာထဲမှာပေါ့နော်။ ရွာထဲရဲ့ ရွာလမ်းဆုံတွေမှာပေါ့။ အလိုနေရာတွေမှာ မိုင်းတွေ ထောင်ခဲ့တယ်။ ပြီးတဲ့အခါမှာ ရွာပတ်ပတ်လည်မှာပေါ့နော်၊ ကျနော်တို့က သွားပြီးတိုက်တဲ့အခါမှာ သူတို့က ကာကွယ်ရေးအနေနဲ့ သုံးတဲ့ ပုံစံမျိုးပေါ့။ မိုင်းတွေ ထောင်ခဲ့တာတွေ ရှိတယ်။ ရွာပတ်ပတ်လည်မှာ မိုင်းတွေ ထောင်ထားတာတွေရှိတယ်”လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စကစ တပ်တွေဟာ ဧပြီလထဲမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဧပြီလ (၂၂) ရက်နေ့မှာ ဒေါညေးခူ အနောက်ဘက် တောင်ကြောသို့ ဆုတ်ခွာသွားခဲ့ပါတယ်။ မေလ (၂) ရက်နေ့မှာ တစ်ဖန် ပြန်လည်စစ်ကြောင်းထိုးလာပြီး ဒေါညေးခူ ကျေးရွာထဲမှာ (၁) လကျော်ကြာ တပ်စွဲထားခဲ့ပြီး မယ်စဲ့မြို့နယ်နဲ့၊ ဖားဆောင်းမြို့နယ်ဘက် တိုက်ပွဲ ဖြစ်ပွားနေချိန်မှာ တပ်တွေကို ပြန်ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့ပေမယ့် အချိန်မရွေး စစ်ကြောင်းပြန်လည် ထိုးလာနိုင်တဲ့အတွက် ဒေသခံတွေ အနေနဲ့ အသွားအလာ မပြုလုပ်ကြသေးဖို့ကိုလည်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ် တပ်ရင်း ၁၀ က ဇွန်လ (၁၆) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts