spot_imgspot_imgspot_imgspot_img
Monday, March 17, 2025
spot_imgspot_imgspot_imgspot_img

တပ်ဆုတ်သွားတဲ့ စစ်ကော်စီတပ်ကထီးသော်ကူးရွာအတွင်း နင်းမိုင်းထောင်ထားခဲ့

Author

Date

Category

CJ ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာ အနီးတစ်ဝိုက်မှာ သြဂုတ်လ ၁၂ ရက်နေ့ ည (၆) နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်တွေ ဟာ ကျေးရွာအတွင်း နင်းမိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ရွာဝင်ပြီးတော့ သူတို့ထွက်သွားတဲ့ချိန်မှာတော့ မိုင်းတွေအကုန်လုံးထောင်ထားတယ်။ ဒါပေမဲ့ ဒီဘက်က ရဲဘော်တွေကတော့ သူတို့ တချို့ရှင်းထားတာရှိတယ်ပေါ့။ ဒါပေမဲ့အကုန်တော့မယူသွားသေးဘူး။” လို့ ထီးသော်ကူး ရွာခံတစ်ဦးကပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီကနေ လေယာဥ်နဲ့ လာရောက်ဗုံးကျဲမှုခဲ့သလို ထီးသော်ကူးကျေးရွာ ဘုရားကျောင်းကိုပါ ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်း နဲ့ ကျေးရွာအတွင်းက နေအိမ်တချို့ပျက်စီးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

“ထိခိုက်မှုကတော့ ဘုရားကျောင်းရယ်၊ မူကြိုကျောင်းရယ်၊ ဘုန်းကြီးနေဖို့ နေရာပေါ့။ အကုန်လုံးထိသွားတယ်။” လို့ ထီးသော်ကူး ရွာခံ တစ်ဦးက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ နေ့ရော၊ ညပါ လေယာဥ် ပျံသန်းတာတွေရှိနေပြီး ယနေ့အထိ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေသေးတယ်လို့ အဆိုပါ ထီးသော်ကူးရွာခံက ဆက်ပြောပါတယ်။

အဆိုပါကျေးရွာမှာ ရွာခံတွေက စစ်ဘေးရှောင်နေကြပေမဲ့ စားဝတ်နေရေးအတွက် နေရပ်ပြန်ပြီး စိုက်ပျိုးလုပ်ကိုင်နေသူတွေရှိတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ထီးသော်ကူးကျေးရွာအတွင်း နင်းမိုင်းတွေထောင်ထားပြီး ကဒါးလားကျေးရွာစေတီတော်ဘုရားအနီးအနားမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ ကရင်နီတပ်မတော် (KA) ထံကနေ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts