spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

တလကျော်ကြာလာတဲ့ ၁ လေးလုံးစစ်ဆင်ရေး လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းရဲ့ ၁ လေးလုံးစစ်ဆင်ရေးဟာ ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ၁လနဲ့ ၄ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

‌နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံရဲ့အိမ်တချို့ ထိခိုက်ပျက်ဆီးတာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ PDF အရာရှိတဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ပြင်းထန်တုန်းပဲဗျ။ အိမ်တချို့ လက်နက်ကြီး ထိတယ်၊ လေယာဉ်ဗုံးထိတယ်။ အစုံပါဘဲ ပေါင်ချိန်ကတော့။ နေ့တိုင်းနီးပါးပဲ။ အကြမ်းဖက် စစ်တပ်ဖက်ကတော့ နေ့စဉ်နဲ့အမျှ ထိခိုက်ကျဆုံးမှု တွေ ရှိပါတယ် ။ အိမ်တချို့ လက်နက်ကြီး ထိတယ်”လို့ PDF အရာရှိတဦးက ပြောပါတယ်။

၁ လေးလုံးစစ်ဆင်ရေးရဲ့ အခြေအနေအသေးစိတ်ကိုလည်း တော်လှန်ရေးအင်အားစုတွေကနေ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

“လုပ်နေဆဲဘဲ ၁၁ ရက်နေ့ကနေ အခုထိဘဲပေါ့။” လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး နဲ့ လေယာဥ်ဗုံးကြဲမှုကြောင့် အိမ်တွေထိခိုက်ပျက်ဆီးသွားတဲ့အပြင် တော်လှန်ရေးတပ်ဖက် တပ်စွဲလို့မရအောင် တမင်မီးရှို့ပစ်တာလည်း ရှိတယ်လို့ အဆိုပါ PDF အရာရှိ တဦးက ဆက်ပြောပါတယ်။

“ မီးရှို့နေတာ ရှိပါတယ် ။ သူတို့တပ်စွဲထားတဲ့နေရာတွေမှာ မြင်ကွင်းရှင်းအောင် pdf ဘက်က တိုက်ခိုက်ရခက်သွားအောင် လူနေအိမ်တွေကို မီးရှို့ပစ်တာတွေ လုပ်ပါတယ်။တောင်ဈေးကိုလည်း အဲ့လိုပဲရှင်းပစ်တာပါ။ လက်နက်ကြီးထိပြီး မီးလောင်တာတွေလည်းရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့က ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး၊ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်ရတဲ့ ဒေသခံတွေ ရှိသလို မြို့တွင်းကျန်ရစ်ခဲ့သူများလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ရင်း ပစ္စည်းပြန်လာယူတဲ့ အမျိုးသားနှစ်ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

spot_img
spot_img
spot_img

Recent posts