spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တာဝန်ချိန်တွင် တာဝန် မထမ်းဆောင်သော ဝန်ထမ်းများအား ထိရောက်စွာ အရေးယူနိုင်ရန် အစိုးရအဖွဲ့အား တိုက်တွန်းမည်

Author

Date

Category

ဦးမြာ

တာဝန်ချိန်တွင် တာဝန်မထမ်းဆောင်သော ဝန်ထမ်းများအား ထိရောက်စွာ အရေးယူနိုင်ရန် အစိုးရအဖွဲ့အား တိုက်တွန်းသွားမည်ဖြစ်ကြောင်း မယ်စဲ့မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဦးက ပြောသည်။

″ အခုချိန်မှာက ဒီဆရာမက ဒီမှာ တာဝန်ကျပြီးတော့မှ မနေဘူး တာဝန်အရ ဆိုရင်တော့ သူ့ဥပဒေအတိုင်း ဆောင်ရွက်ရမှာပဲ ဒီမြို့နယ်မှာ တာဝန်ကျတယ်ဆိုရင် သူက နှစ်နှစ်သော်လည်းကောင်း သုံးနှစ်သော်လည်းကောင်း တာဝန်ထမ်းဆောင်ရမယ်လေ ပြီးမှ သူ့နေရာ အစားထိုးလာရမှာပေါ့ ဒီလိုမနေတဲ့ ဆရာမကိုလည်း ထိထိရောက်ရောက် အရေးယူသွားမယ် ကျတော်တို့ အစိုးရအဖွဲ့ကို တိုက်တွန်းမယ် ″ ဟု ပြောသည်။

ကျေးလက်ဒေသတွင် တာဝန်ကျသော ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများ အလုံအလောက် ချပေးနိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးမှ ၂၂ရက်နေ့တွင် လွှတ်တော်မှာ အဆိုတင်သွင်းရာ ၂၃ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

″ ဝန်ထမ်းအိမ်ရာတွေကို အလုံအလောက်ချပေးဖို့အတွက် အိုးအိမ်မရှိတဲ့ဝန်ထမ်းတွေဆို တချို့ရွာတွေမှာ ဆိုလို့ရှိရင် ဝန်ထမ်းအိမ်ယာမရှိဘူး ရွာတွေမှာ သွားပြီးတော့မှ သွားနေလို့ရှိရင် မျက်နှာငယ်ခံရတယ်ပေါ ကိုယ်အိမ်နဲ့ ဝန်ထမ်းအိမ်ရာနဲ့ဆိုရင် မျက်နာငယ်စရာလည်း အကြောင်းမရှိဘူး အစိုးရလည်း ဒါတွေကို လုပ်ဆောင်ပေးဖို့အတွက် လွှတ်တော်မှာလည်း တရားဝင် တင်ထားပြီးပြီ ″ ဟု သူ၏ အဆိုနှင့်ပတ်သက်ပြီး ရှင်းပြသည်။

ဒီးမောဆိုမြို့နယ်ရှိ ဘိုးလျားကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအနေဖြင့် ၂၀၁၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယနေ့အချိန်ထိ ကျန်းမာရေးဝန်ထမ်းက တာဝန်ချိန်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရန် အားနည်းချက်များရှိနေသည့်အတွက် အရေးပေါ်အခြေအနေဖြင့် ကြုံတွေ့နေရပါက ထီးသဲကလိုးကျေးရွာရှိ ကရင်နီ ကျေးလက်ကျန်းမာရေးဌာနကိုသာ သွားရောက်ပြီး ကုသရသည်ဟု ဘိုးလျားကျေးရွာမှ ဦးနိုရယ်က ပြောသည်။

″ ကျတော်တို့ အရေးပေါ်ဖြစ်ရင်တော့ အရင်ဆုံး ကရင်နီ ကျန်းမာရေးရုံးကိုပဲ ပြေးသွားတယ်။ အဲ့မှာ နိုင်ရင် ကြည့်ပေးတယ် မနိုင်ရင်တော့ ဒီးမောဆို ဆေးရုံကို ပို့ပေးတယ်။ ပြီးတော့ ကျတော်တို့ရွာက ဒီနယ်လှည့်ကျောပိုးအိတ်အဖွဲ့မှာ ပါဝင်လုပ်ရှားနေတာကတော့ တစ်ယောက်နှစ်ယောက်လောက်တော့ ရှိတယ်။ သူတို့ ရွာမှာ ပြန်လာနေရင်တော့ သူတို့ကိုပဲ အားကိုးတယ် အဲ့လိုပဲပေါ့ ″ ဟု ကျေးရွာအခက်ခဲနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ရှင်းပြခဲ့သည်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကယောဒေသ ထေခိုကျေးရွာမှာလည်း ယခင် အစိုးရလက်ထက်မှာ ကျေးလက်ဆေးပေးခန်းတစ်လုံး တည်ဆောက်ခဲ့ပေမဲ့လည်း ယခုအချိန်ထိ အချိန်ပြည့် တာဝန်ယူဆောင်ရွက်ပေးမည့် ဆရာ၊မများမရှိသေးသည့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အခက်အခဲရှိနေဆဲ ဖြစ်သည်ဟု ဒီဇင်ဘာလ ၃၁ရက်နေ့ ၂၀၁၆ ခုနှစ် ရက်နေ့တွင် ထေခိုကျေးရွာသို့ ရောက်ခဲ့ရာမှ ဒေသခံတစ်ဦးဖြစ်သည့် ဦးပေါလူက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး အခက်ခဲရှိကြောင်းကို ယခုကဲ့သို့ ပြောပြသွားခဲ့ပါသည်။

″ကျတော်တို့ အခက်ခဲဆုံးကဆေးပေါ့နောအဲ့ဒီကျန်းမာရေးပေါ့ ဆရာ၊မမရှိဘူးအစိုးရပဲအပြစ်တင်ရမလားမသိဘူးအဲ့လိုမျိုးတွေ လိုအပ်တယ် သူတို့ မသိဘူးလားမသိဘူးကျတော်တို့ကိုဆေးခန်းတစ်လုံးဆောက်ထားပေးတယ် ဆရာ၊မတွေ မရှိဘူးလေ″ ဟု ၎င်းကျေးရွာ၏ အခက်ခဲကို ပြောပြသွားပါသည်။

ယခုလို ကျေးလက်ဝန်ထမ်းများက ဝေးလံသည့်နေရာတွင် သွားရောက်တာဝန်ထမ်းဆောင်နိုင်ရန်လည်း အခက်အခဲများရှိနေလျက် ဒေသခံ ပြည်သူလူထုဘက်မှလည်း ပူးပေါင်းဆောင်ရွက်မှုလိုသည်ဟု ကျေးလက်ကျန်းမာရေးဌာနခွဲတခုမှ တာဝန်ရှိ ဆရာမ တစ်ဦးက အကြံပြုပြောဆိုထားပါသည်။

“ဆရာမတွေကလည်း လုံခြုံရေးရှိသေးတယ်။ အဲဒီလိုတွေကြုံတွေ့လာရင် ဆရာမတွေက မပြောရဲတော့ဘဲ မနေချင်တော့ဘူးဖြစ်လာတယ်။ အကောင်းဆုံးက အဲဒီရွာကထွက်တဲ့ ကျန်းမာရေးဝန်ထမ်းအဲဒီမှာပြန်ခန့်လိုက်။ ကယန်းအမျိုးသားဆို ကယန်းဘက်ပို့ ၊ ကယားဆိုကယားဘက်ပို့ သူ့လူမျိုးနဲ့ဆိုသူပိုအဆင်ပြေတယ်။” ဟု ပြောဆိုသွားပါသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၅ နာရီအချိန်တွင် လီးခူပရားရွာမှ မွေးလူနာအရေးပေါ်ကို ဟိုယာတိုက်နယ်ဆေးရုံးသို့ ရောက်ရှိလာခဲ့ရာ ဆေးရုံမှာသော့ခတ်ထားပြီး ဆရာဝန်မရှိသည့်အတွက် ဖရူဆိုဆေးရုံသို့ အလျှင်အမြန်ပို့ဆောင်ခဲ့ရကြောင်း ဒေသခံ စောရန်နိုင်က ပြောပြချက်အရ သိရသည်။

spot_img
spot_img

Recent posts