spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိတ်ဆိတ်လွန်းတဲ့ လွိုင်ကော်ညများ

ကန္တာရဝတီတိုင်း(မ်)

မြေပြန့်က သူငယ်ချင်းအချို့က ပြောဖူးတယ် ညကို အပုတ်ချိန်ဆိုပြီးတော့ ။ ညဟာ လျှပ်စစ်မီးတွေ မရှိခင် တုန်းက ထိတော့ ခြောက်ခြားစရာ။

လျှပ်စစ်မီးတွေ ပေါများလာတော့ ညဟာ ဘဝတစ်ခုလိုပဲ လူတွေ လည်ကြ ပျော်ကြတယ်။ ညစျေးတွေ night clubတွေ စသည်ဖြင့်ပေ့ါ ။ လွိုင်ကော်မှာ တော့ night club မရှိသော်ငြား bar အချို့ ပေါ်လာပြီး လွိုင်ကော်မြို့က လူတွေ အနည်းငယ်ပျော်ပါးခဲ့ကြဖူးပါတယ် ။

အာဏာသိမ်းပြီးနောက်ပိုင်းတော့ စစ်ဒဏ်သင့်တဲ့ ကရင်နီပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ဟာ ညဘက်တွေမှာ တိတ်ဆိတ် သွားတယ်။
ည ၇နာရီနောက်ပိုင်းဆို ဆိုင်တွေအကုန်ပိတ်။ လူတွေအကုန်အိမ်ထဲနေ။ မာရှယ်လောကို ည ၈နာရီကနေ မနက် ၄နာရီထိ ထုတ်ထားတယ်လို့ ဆိုတယ်။ ဒါကလည်း မြို့နေလူတွေက တိတိကျကျ သိရတယ်တော့မဟုတ် တစ်ဆင့်စကားနဲ့ တစ်ဆင့်တာသိရတာ ။

ဝန်ထမ်းတစ်ယောက်ကိုမေးကြည့်တာတော့ ‘’ထုတ်ထားတာကတော့ ကြာပါပြီ ၊ လွိုင်ကော်မြို့နယ်အတွင်း ၂၃.၂.၂၀၂၂ ရက်နေ့မှ ၂၂.၄.၂၀၂၂ ရက်နေ့အထီ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ အရ ည၈နာရီမှ နံနက်၄နာရီအချိန်အထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း ဆိုပြီးတော့ စာအရဆိုရင်တော့ ၄လပိုင်းထိပဲ နောက်ဆက်တွဲ စာတွေထုတ်ထားတာတော့ ကျွန်တော် မတွေ့ရသေးဘူး ‘’ လို့ ဖြေတယ်။

မာရှယ်လော ထုတ်ခြင်း မထုတ်ခြင်းကို တိတိကျကျ မသိကြသော်လည်း လွိုင်ကော်ည တွေဟာ စမ်းသပ်ပြီး လျှောက် သွားလို့ မကောင်းတာတော့ သေချာတယ် ။ ဘာလို့ဆို လွိုင်ကော် မှာ ညထွက်လို့ သတင်းအစ အန မရပဲ ပျောက်သွားတဲ့ သူတွေ ။ သေနတ်ပစ်ခံရလို့ တိုးတိုးတိတ်တိတ် ကုသ နေရသူတွေဟာ အရေတွက်အားဖြင့်များလာပြီ။

‘’အိမ်ရှေ့ နားမှာ သေနတ်သံ ကြားတယ် ၊ ထွက်မကြည့်ရဲတော့ မကြည့်ဖြစ်ဘူး ။ တစ်ယောက်ယောက် ထိသွားတာတော့သေချာတယ် ။ စစ်တပ်က သူတို့ တားလို့ မရပ်ပေးတာမျိုးဆို သေနတ်နဲ့ ပစ်တယ်လေး ။’’ လို့ လွိုင်ကော်မြို့ခံ တစ်ဦးကလည်း ပြောပါတယ်။

လွိုင်ကော်မှာက အစစ်ဆေးများတယ်။ ဖုန်းတွေစစ်တယ် ။ ဖေ့ဘွတ်လို လူမှုကွန်ယက်အသုံးပြုပြီး သတင်းတစ်ခုခု လိုတင်ထားတာဆို ရစ်တယ်၊ဖမ်းတယ် ။ ထိုးကြိတ်တာမျိုးထိ ရှိတယ် ။ ငွေကြေးနဲ့ ပြန်ရွေးပြီး လွတ်ခိုင်းတာမျိုးတွေလည်း ဒုနဲ့ဒေး ။

တကယ်လို့ အဖမ်းခံရပြီး လွတ်တဲ့အချိန်တွေမှာတော့ စာတွေသတင်းတွေ ထပ်မတင်ဖို့ ခံဝန်ထိုးခိုင်းတာတွေ လုပ်ကြတယ်။ ဒီတော့ လွိုင်ကော်က လူတွေက သတင်းတွေဆို တင်ဖို့နေနေသာသာ shareဖို့တောင် တွန့်ကုန်ကြရောပဲ။

လွိုင်ကော်ညတွေဟာ တိတ်ဆိတ်ပြီး တုန်လှုပ်နေသလိုပဲ။ သူခိုး ရန်လည်းများတယ်။ ခွေးဟောင်သံ ကြားရင်ကို ရင်ထိတ်နေရပြီ သူခိုးလားဘာလားပေ့ါ။ ထွက်ကြည့်ရအောင်လည်းမဟုတ်။

သေနတ်သံတွေ တစ်စွန်းတစ်စ ကြားရတဲ့အခါ လူတွေက အလိုလို နားလည်လိုက်ကြတယ် ။ တစ်ယောက်ယောက်က စစ်တပ်ကတားတာကို မရပ်ပေးလို့ ၊ ဒါမှမဟုတ်ညကြီး ထွက်တဲ့သူတစ်ယောက်ယောက်တော့ထိပြန်ပြီ ထင်တယ်လို့ စိုးရိမ်ပေးယုံက လွဲပြီး ဘာမှမတတ်နိုင်။

ဒီလိုနဲ့ လွိုင်ကော်မှာ အနေကြာလာတော့ အကျင့်လိုဖြစ်လာတယ်။ ဒါနဲ့ အခြားမြို့တစ်ခုကို ရောက်တုန်းက ဟာသတစ်ခုက ညအချိန် တွေ့ဖို့ သူငယ်ချင်း တစ်ယောက်က ချိန်းတယ်။ အဲ့ဒီအခါ မထွက်ရဲဘူး။ နောက်တော့မှ ငါရောက်နေတာ လွိုင်ကော် မှ မဟုတ်ပဲဆိုတဲ့ အသိလေးဝင်လာမှ ထွက်နိုင်တော့တယ်။

အခြားမြို့တွေကြတော့လည်း အေးဆေးပါပဲ။ သူတို့ဆီမှာ စစ်တယ်၊ ရစ်တယ်၊ ဆိုးတယ်ဆိုတာက လွိုင်ကော်မှာ စစ်တဲ့ စစ်သားတွေ၊ ရဲတွေ သဘောကောင်းနေသလောက်ပဲရှိတာပါလားလို့ တွေးရင်း အရင်တုန်းက လွိုင်ကော်ရဲ့ညတွေ ကိုလွမ်းမိပါရဲ့…….။

spot_img
spot_img