spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲကြောင့်ပိတ်ထားတဲ့ ဒီးမော့ဆိုအရှေ့ဘက်က စာသင်ကျောင်းကို ၃ လကျော်ကြာမှာ ပြန်ဖွင့်

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ကစပြီးဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေပိတ်ထားရာကနေ ဇွန်လ နောက်ဆုံးပတ်မှာ စစ်ရှောင်စခန်းတစ်ခုက စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ကျောင်းပိတ်ကာလ ကြာရှည်တဲ့အတွက် ကျောင်းသူကျောင်းသားတွေကို ကျောင်းပြန်တက်ဖို့အတွက် ဆွဲခေါ်ရာမှာ အတော်လေး ခက်ခဲနေတယ်လို့ ကျောင်းအုပ်တစ်ဦးက ပြောပါတယ်။

” ဒီကလေးတွေမှာက ကျနော်တို့ ဆွဲခေါ်တဲ့အခါမှာ သူတိုမှာက လုံးဝကျောင်းမလာချင်တော့ဘူး။ လက်နက်ကြီး ကြောက်တယ် ဆိုတဲ့ဟာမျိုးတွေ ခဏခဏဖြစ်တယ်ပေါ့နော်။ ပြီးရင်လည်း စာမှာဆိုရင် ရတဲ့ဟာမျိုးတွေလည်း မရှိတော့ဘူး။ ဘယ်သူမှ စာပိုင်းမှာ အာရုံမစိုက်နိင်တဲ့ခါကျတော့ စာမှာဆိုရင် လုံးဝ စိတ်မဝင်စားတော့တဲ့ဘအခြေအနေမျိုးတွေမှာ ရှိတယ်” လို့ ကျောင်းအုပ်တစ်ဦးက ပြောပါတယ်။

လက်ရှိအခြေအနေအရ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်မှာ အဆိုပါကျောင်းတစ်ခုတည်းသာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ရှောင်းခန်းမှာ စာသင်ကျောင်းကို မူကြိုကနေ နေ G-8 (၈တန်း)အထိ ဖွင့်လှစ်ထားတာဖြစ်ပြီး စုစုပေါင်း ကျောင်းသားကျောင်သူ ဦးရေ ၁၅၀ ရှိတယ်လို့ သိရပါတယ်။

Grade-8 (၈တန်း) မှာ တက်ရောက်နေတဲ့ အသက် ၁၃ နစ်အရွယ် ကျောင်းသူတစ်ဦးကတော့ ကျောင်းပိတ်ထားရတာကြာတဲ့အတွက် ခုလို ကျောင်းပြန်တက်ရတဲ့အချိန်မှာ စာတွေ တော်တော်ပြန်လိုက်ရတယ်လို့ ဆိုပါတယ်။

“စာမဖတ်ရတာကြာတော့ စာဖတ်ရတာ တစ်မျိုးကြီး အားထစ်အားထစ်ဖြစ်နေတယ်”လို့ အဆိုပါကျောင်းသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လေယာဥ်နဲ့ လာရောက် ဗုံးကြဲမှုတွေ မကြာခနကြုံတွေ့နေရတဲ့အပြင် စာသင်ကျောင်းတွေကို စစ်ကောင်စီက မကြာခန ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် မိဘတွေဟာ ကလေးတွေအတွက် စိုးရိမ်နေကြတာပါ။

“မိဘပိုင်းမှာက ကျနော်တို့ ပညာရေးနဲ ပြောလာပြီဆိုရင် ဒါကကြာရှည်ခံမလား ဆိုပြီး ခဏခဏမေးလာတယ်။ ကျနော်တို့ ပြန်ဖွင့်လိုက်ရင်လည်း နင်တို့ကျောင်းဖွင့်လိုပဲ လက်နက်ကြီးကျလာတယ် ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့မှာ ခဏခဏကျနော်တို့ကြားရတယ်။ ရွာမှာကတည်းက ကျနော်တို့ ဖွင့်တယ်ပေါ့နော်။ နင်တို့ဖွင့်ပြန်ပြီ လက်နက်ကြီးကျတော့မယ် ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ မှာ ခဏခဏလုပ်တယ်။” လို့ အဆိုပါ ကျောင်းအုပ်က ဆက်ပြောပါတယ်။

အချိန်မရွှေး အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေဖြစ်တာကြောင့် လုံခြုံရေးအစီအမံအနေနဲ့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေတူးထားတာ၊ ကလေးတွေကို အပြင်မထွက်စေတာတွေအပြင် မိဘတွေကို ကိုယ်တိုင်လာကြိုစေတဲ့ အလေ့အထတွေပြုလုပ်ပေးနေတယ်လို့ အဆိုပါကျောင်းအုပ်က ပြောပါတယ်။

spot_img
spot_img

Recent posts