spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲကြောင့် လွိုင်ကော်မြို့မှာ လေကြောင်း ခရီးစဉ်အားလုံး ရပ်တန့်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစ တိုက်ပွဲဖြစ်ပွားနေပြီး ရန်ကုန် – လွိုင်ကော် နဲ့ လွိုင်ကော်- ရန်ကုန်ကိုပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်အားလုံး နိုဝင်ဘာလကုန်အထိ ရပ်နားထားတယ်လို့ မြန်မာအမျိုးသားလေကြောင်း (လွိုင်ကော်) က ဒီကနေ့မှာ အသိပေးထားပါတယ်။

လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေပြီး လေကြောင်းခရီးစဉ်အပြင် ခရီးသည်တင်ကား ယာဉ်လိုင်းအားလုံး ရပ်တန့်ထားတာ ဖြစ်ပါတယ်။

“လောလောဆယ်ထိတော့ ရှောင်လို့ မဖြစ်နိုင်ဘူး၊ လွိုင်ကော်မြို့ထဲပဲ လုံခြုံမယ်ထင်ရတဲ့ ရပ်ကွက် ကို ရွှေ့နေကြတာတွေ့တယ်။ ဒါ့အပြင် လေယာဥ်နဲ့ပါ သွားလို့ မရတော့ဘူးဆိုတော့ ဘုရားမှာ ဆုတောင်းနေကြရုံပဲရှိတော့မယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းကနေ ယခင်က တစ်ပတ်ကို သောကြာနေ့ နဲ တနင်္ဂနွေနေ့ တွေမှာ ပြေးဆွဲလျက်ရှိနေတာပါ။

လွိုင်ကော်အထွက်လမ်းတွေဖြစ်တဲ့ လွိုင်ကော် – ဖယ်ခုံလမ်း ၊ လွိုင်ကော် – ဆီဆိုင်လမ်း ၊ လွိုင်ကော် – ဒီးမော့ဆိုလမ်းတွေကိုလည်း လတ်တလော အသုံးမပြုသေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

spot_img
spot_img

Recent posts