spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲတွေကြောင့် ဖရူဆိုနဲ့ ဘောလခဲအစပ်က ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ စားသောက်ကုန်ပြတ်လပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုနဲ့ ဘောလခဲ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှာ ထိတွေ့တိုက်ပွဲ တွေ ဖြစ်ပွားနေပြီး ဒေသခံတွေဟာ လမ်းမကြီးကို အသုံးပြု သွားလာလို့မရတော့တဲ့အတွက် လမ်းမကြီးဘေးအနီးက ကျေးရွာတချို့ နဲ့ စစ်ရှောင်စခန်းတွေမှာ စားသောက်ကုန်ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဓိက ပြတ်တောက်တာကတော့ စားနပ်ရိက္ခာပေါ့နော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အဲ့လိုမျိုးတွေပေါ့။ ပြတ်တာက နှစ်ပတ်လောက်ရှိပြီ စစ်ရှောင်တွေက သူတို့နှမ်းတွေ လုပ်ကြတာရှိတယ်။ ဒါမဲ့ အဲ့နှမ်းတွေက ရောင်းမရတော့ အခြေအနေပိုဆိုးတာပေါ့။ ဘာလို့ဆို နှမ်းရောင်းမှပဲ လိုအပ်တဲ့ ရိက္ခာတချို့ကို သူတို့ဝယ်စားလို့ရမယ်။ ဒါမဲ့ နှမ်းကရောင်းလို့မရဘူး။”လို့ ဖရူဆိုဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကုန်စည်စီးဆင်းမှု မရှိတော့တဲ့အတွက် ကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေလည်း ဝယ်ယူလို့မရတော့ဘူးလို့ ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတာကြောင့် သယ်ယူခတွေလည်း မြင့်တက်လာပြီး ကုန်ပစ္စည်းတွေလည်း အဆမတန် စျေးတွေမြင့်တက်လာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“လမ်းပိတ်တာနဲ့ ဒီလိုအခြေအနေကြောင့်ဆိုရင် စစ်ရှောင်အတွက်ကော ဒေသခံအတွက်ကော အများကြီးအခက်အခဲဖြစ်နိုင်တယ်။ အရင်က ဓာတ်ဆီတစ်ဘူးဆိုရင် ၃၅၀၀၊ ၄၀၀၀ အဲ့လောက်ထိပဲပေးရတယ်။ အခုဆိုရင် အဲ့လောက်ဈေးနဲ့မရတော့ဘူး ၅၀၀၀ မဟုတ်ရင် ၆၀၀၀ အ့လောက်ထိပေးရတယ်။ စားဆီကအစ စားသောက်ကုန် ငါးပိ၊ ငါးခြောက်တို့ကအစ အကုန်လုံး အစစအရာရာ ဈေးတက်ကုန်မယ် အဲ့လိုတော့ရှိတယ်ပေါ့။”လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

အဲ့ဒီဒေသက ဒေသခံတွေဟာ နှမ်းနဲ့ တောင်ယာလုပ်ငန်းကို စားဝတ်နေရေးအတွက် အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး လတ်တလောမှာလည်း ဒေသခံတွေရဲ့ တောင်ယာခင်းတွေ အနီးနားထိ စစ်ကောင်စီက စစ်ကြောင်းထိုး နေရာယူထားတာတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ဖရူဆို၊ဘောလခဲမြို့နယ် တဝိုက်က စစ်ရှောင်စခန်းတွေမှာ စားသောက်ကုန်တွေကို အချင်းချင်းမျှဝေစားသောက်နေရတဲ့အခြေအနေရှိပြီး အချိန်မီ မိမိတို့ရဲ့ တောင်ယာလုပ်ငန်းကို မရိတ်သိမ်းနိုင်ပါက လာမယ့်နှစ်အတွက် ဆန်၊ စပါး မရရှိဘူးဆိုရင် အခက်အခဲပိုကြုံတွေ့နိုင်တယ်လို့ ဆိုပါတယ်။

spot_img

Recent posts