spot_imgspot_imgspot_imgspot_img
Monday, April 22, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းအင်အားသုံးပြီး ပစ်ခတ်လာတဲ့အပေါ် စစ်ရှောင်ပြည်သူတွေ ဘာပြောသလဲ

ကန္တာရဝတီတိုင်း( မ် )

ဧပြီလအတွင်း ကရင်နီပြည်ရှိ စစ်ရှောင်ပြည်သူ၊အရပ်သားပြည်သူတွေရှိရာအရပ်ကို စစ်ကောင်စီက လေကြောင်းအင်အားသုံးပြီး အကြောင်းမဲ့ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။အခုလို လေကြောင်းအင်အားသုံးပစ်ခတ်တဲ့အပေါ် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေရဲ့ စိုးရိမ်မှု၊ စကားသံတွေကို တင်ဆက်လိုက်ပါတယ်။

ဒေါ်ရှားရှား ( စစ်ရှောင်နေရင်း စျေးသည်တစ်ဦး )

ဘာပြောချင်လဲဆိုရင်တော့ ဟို ဒီလေကြောင်းကအန္တာရာယ်လဲများတယ် လက်နက်ကြီးတောင်မှ မနည်းပြီးကြောက်ပြီးပုန်းနေရတယ်ပေါ့နော်။ လေကြောင်းနဲ့တိုက်ရင်တော့ ပိုဆိုးတာပေါ့။ ဘာဖြစ်လဲဆို ကလေးတွေလဲရှိတယ် သက်ကြီးရွယ်အိုတွေလဲရှိတယ်။ နောက်ကျွန်မတို့ဆိုရင် မအေဖြစ်တဲ့လူက ဟို အရှေ့မှာဈေးရောင်းပြီး ရှာစားရတယ်ပေါ့။ တစ်ရက်တစ်ရက် စစ်ရှောင်ရတာလည်း တစ်လနှစ်လမဟုတ်ဘူး နှစ်နဲ့ချီနဲ့ရှိလာခဲ့တယ်ပေါ့နော်။ မသွားရင်လဲ ဟို ကလေးတွေလဲစားစရာမရှိဘူးပေါ့နော်။ အကောင်းဆုံးဆို ဒီလေကြောင်းနဲ့မသုံးဖို့ပေါ့နော် အဲ့ဒါကို နည်းနည်းပြောချင်တယ်ပေါ့။ ဘာဖြစ်လဲဆို အဲ့လိုမျိုးလေကြောင်းသုံးတော့ ကိုယ်ကအရှေ့မှာသွားတော့ စိတ်တော့နာတယ် စိတ်လဲမကောင်းဘူး ရင်လဲတုန်တယ်။ ဘာဖြစ်လဲဆို အနောက်မှာလဲ ကလေးတစ်ဖက်နဲ့ စိတ်ပူရတယ်ပေါ့နော်။

မောင်ဖိုးရှို ( စစ်ရှောင်နေတဲ့ ဆံသဆရာတစဦး )

“ကျနော်ပြောချင်တာက ဒီလေကြောင်းတိုက်ခိုက်မှု လုံးဝကို မသုံးသင့်တာ တိုက်ပွဲထဲမှာလဲမဟုတ်ဘူးပေါ့ လာသုံးတာက ဒီပြည်သူ ဒီစစ်ရှောင်တွေကိုပဲ လာပစ်တယ်ပေါ့။ အဲ့ကြောင့်မို့လုံးဝမသုံးသင့်ဘူး။ ဒီလက်နက်ငယ်ကအစတောင်မှ သုံးလို့ကိုမရဘူး ဒီပြည်သူအပေါ်ပေါ့။ ပြေးရင်လဲမလွတ်ပါဘူး ဒီအသီးတွေက နည်းတာမှ မဟုတ်တာ။

ဒေါ်နန်းမူ ( စစ်ရှောင် ပြည်သူ )

ပြောချင်တယ် ကျမအများကြီးပြောချင်တယ်။ ဘာဖြစ်လဲဆိုရင်တော့ ပြည်သူက ဘာအပြစ်မှ မရှိဘူးလေ။ ပြည်သူကသူလိုလားတဲ့ ငြိမ်းချမ်းရေးပဲ သူတို့သွားနေတာပဲဖြစ်ပါတယ်ပေါ့နော်။ အခုက ကလေးတွေကစ မပြောပါနဲ့ လူကြီးတွေတောင်မှ ဒီလောက်ကြောက်နေတယ်ဆိုတော့ ကလေးကဘယ်လောက်ကြောက်စရာကောင်းတာလဲနော်။ အများကြီးဆုံးရှုံးသွားနိုင်တာပေါ့နော်။ စိတ်ဒဏ်ရာလဲအများကြီးရတယ်။ ပြီးတော့စစ်တွေဖြစ်ပွားတဲ့နေရာမဟုတ်ပဲနဲ့ ဒီလိုမျိုး လေယာဉ်နဲ့ထပ်ခါထပ်ခါ လာကြဲတယ်ပေါ့နော်။ အဲ့ဒါတင်မကဘူးပေါ့နော် လက်နက်ကြီးလဲ အမြောက်အများစွာပစ်ခတ်လာတာလဲ ကျွန်မတို့အရမ်းကြောက်ရပါတယ်ပေါ့နော်။ ကြောက်ရသလောက်လဲ ဘယ်လိုပဲနေနေ စိတ်ကလဲဖူလုံမှုလဲမရှိဘူး။ စိတ်ကလဲ အရမ်းကြောက်နေရတဲ့အခါမှာ ကျမတို့ပြည်သူအတွက် လုံခြုံမှု စိတ်ချရတဲ့နေရာလဲ မရှိဘူးလို့ ကျမထင်ပါတယ်။

ဒေါ်ဝင်း ( စစ်ရှောင် ပြည်သူ )

ကျမတို့ပြောချင်တာက ကျွန်မတို့ မခံမရပ်နိုင် ဖြစ်နိုင်တယ်ပေါ့နော်။ ကျွန်မတို့ ဘယ်လောက်မခံစား မခံနိုင်လဲဆိုနော် ကျမတို့ပြည်သူတွေ‌‌ နော် တကယ်ပဲ တိုက်ပွဲမှာမလုပ်ပဲနဲ့ပေါ့နော် ကျမတို့ အပြစ်မဲ့တဲ့ပြည်သူတွေနော် ကျမတို့ကိုလာပြီး လောယာဉ်နဲ့ပေါ့နော် ပစ်နေတယ်။ ကျမတို့မခံနိုင်ဘူး။ ဘာဖြစ်လဲဆို ကျမတို့က အပြစ်မဲ့တဲ့လူတွေနော်။ ကျမတို့ လက်နက်လဲမရှိဘူး ကျမတို့လက်ထဲမှာ ဘားမှလဲမရှိဘူး ပြန်တိုက်ခိုက်ဖို့ဆိုတာ အင်အားလဲဘားမှမရှိဘူး။ သို့သော်ကျမတို့ကိုလေယာဉ်နဲ့လာတိုက်နေတယ်ပေါ့နော်။ ကျမတို့က ဒူးထောက်ပြီးဆုတောင်းရုံကလွဲပြီး ကျမတို့ဘားမတတ်နိုင်ဘူးပေါ့နော်။ ဒါမဲ့ ဒီလိုပဲပေါ့နော် ကျမတို့မခံစားနိုင်ဘူး မကျေနပ်နိုင်ဘူးပေါ့နော်။ ကျမတို့ထမင်းစားတာတောင်မှ မဝင်ဘူး ရေသောက်တာတောင်မှ မဝင်ဘူး။ ကျမတို့ ဘာမှ လုပ်ချင်စိတ်တောင်မှ မရှိတော့ဘူး။အော ကျမတို့ဘဝက တကယ်ဒီမှာဆုံးသွားပြီးလာ ကျမတို့ခံစားရတယ်။ ကျမတို့ သားသမီးရှေ့ဆက်ရေရှည် ကျမတို့ဘယ်လိုတွေးဝံ့မလဲ မိဘတွေအနေဖြင့်ပေါ့နော်။ ကျမတို့မခံစားနိုင်ဘူးပေါ့နော်။ မဖြစ်သင့်ဘူးပေါ့နော် သတ္တိရှိရင် ကျမတို့အချင်းချင်း မြေပေါ်မှာတိုက်လို့ရတယ်ပေါ့။ ဘာဖြစ်လို့လေယာဉ်နဲ့ကျွန်မတို့ကို ဒီလိုမျိုးလာတိုက်လဲပေါ့နော်။ ကျမတို့ ကြောက်လန့်အောင်အမျိုးမျိုးလုပ်နေတယ်။ မခံစားနိုင်အောင်လုပ်နေတယ်ပေါ့နော်။ သားသမီး ကိုယ်ချင်းစာကြပါ။ နင်တို့လဲ နင်တို့သားသမီးရှိတယ်ပေါ့နော်။ နင်တို့ ကိုယ်ချင်းစာပါ။နင်တို့သားသမီးထိမှ နင်တို့ကျေနပ်မှာလား။ နင်တို့သားသမီးကိုထိမှ နင်တို့ရင်ထဲမှာ ထိမလားဆိုတာ ကျမပြောချင်တယ်ပေါ့နော်။ လုံးဝမခံစားနိုင်ဘူး။ ကျမတို့ကယားကို ဒီလောက် ဘာဖြစ်လို့လာလုပ်နေလဲပေါ့နော် ကျမစဉ်းစားလို့မရဘူး ခုချိန်ထိပေါ့နော်။ မေတ္တာတရားတွေထားကြပါ။ ချစ်ခြင်းမေတ္တာမရှိလို့ဒီတိုက်ပွဲကို လုပ်ရခြင်းဖြစ်တယ်ပေါ့နော်။ သူချစ်ခြင်းမရှိတဲ့အတွက်ကြောင့် ဘုရားကို မသိတဲ့အတွက်ကြောင့် သူတို့ ဒီကိုယ်ချင်းစာစိတ်မရှိတာဖြစ်တယ်ပေါ့နော် ကျမအဲ့ဒါပြောချင်တယ်။ ကျမတို့နော် လေယာဉ်လာပြီဆို ကြောက်လန့်ရတယ်။ ဘားမှစားသောက်လို့မရတဲ့အခြေအနေ ကျမတို့ပြေးလွှားနေရတယ်။ နင်တို့အပေါ်မှာ နင်တို့ကြည့်ဆင်းတဲ့အခါမှာ ‌နင်တို့ရီချင်စရာဖြစ်မယ်။ သို့သော်ကျမတို့ကမခံစားနိုင်ဘူးနော်။ ကျမက ပေါက်ပေါက်မျက်ရည်ကျရပါတယ်။ ကျမတို့ကိုယ်စား ဒီသားသမီးတွေကော မိဘတွေကိုယ်စား မပြေးနိုင်တဲ့မိဘတွေဆို ဘယ်လိုပြောနိုင်မလဲနော်။ မခံစားနိုင်ဘူး။ သူတို့ ကျမတို့ မနက်ဖန်ဆို ကျမတို့ ဘယ်လိုဆက်ဖြစ်မလဲ ကျမတို့အသက်များပါသွားမလားဆိုတာ စိုးရိမ်စိတ်နဲ့ပဲ ကျွန်တို့အသက် ဒီကယားမှာ ဆက်နေရပါတယ်ပေါ့နော်။ ဘယ်လောက်ခံစားရလဲ တခါမှ မဖွံ့ဖြိုး မတိုးတက်တဲ့ ဒီကယားမြန်မာနိုင်ငံ ဘယ်လိုဆက်ပြီး အသက်ရှင်ရမလဲဆိုတာ ကျမတို့မတွေးဝံ့ဖူးပေါ့နော်။

ဦးဆလိုင်း( စစ်ရှောင်ရင်း ဈေးရောင်းနေသူတစ်ဦး )

ကျနော့်အနေနဲ့ဆို ဘယ်လိုလဲဆို စကစကို ကျနော်မေးခွန်းလေးတစ်ခုပြန်ထုတ်ချင်တယ်ပေါ့နော်။ သူတို့က ဘာလဲ အပြစ်မဲ့တဲ့မိဘပြည်သူကြားမှာ ဒီလိုမျိုးအင်အားသုံးပြီးမှ လေယာဉ်နဲ့တိုက်ခိုက်တယ်ဆိုတာ သူတို့က အောင်ပွဲတစ်ခုအနေနဲ့ သူတို့သတ်မှတ်ပြီးမှသုံးသလားလို့ ကျနော်က သူတို့ကို စကစကိုပြန်မေးချင်တယ်။

spot_img
spot_img