spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို စစ်ကော်စီလက်နက်ကြီး ပစ်ခတ်ခဲ့ပြီး တိရိစ္ဆာန်သေဆုံးမှုရှိ

Author

Date

Category

CJ/ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာ နှစ်ရွာအတွင်းကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါပစ်ခတ်မှုကို စစ်ကောင်စီရဲ့ အမှတ် (၅၃၁) ခြေမြန်တပ်ရင်းကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ နွား ၃ကောင်ထိမှန်ကာ တစ်ကောင်သေဆုံးသွားတယ်လို့ ဒေသခံလူထုပြောပြချက်အရ သိရပါတယ်။

“နေ့ရော ညရောပစ်တယ်၊ ဘယ်မှာပစ်မှန်းမသိဘူး၊ နေ့ခင်းဘက်မှာတော့ အရှေ့ဘက်ပစ်တာ ညနေရောတော့ ရွာထဲပစ်လာတာ၊ ရှစ်လုံးအထိ ပစ်လာတယ်၊ ကြားတာက လေးလုံးပေါ့၊ ကျနော်သွားလိုက်တော့ နောက်ထပ်ပစ်လာတယ်၊ ရွာထဲကျတာတော့ တိရစ္ဆာန်အချို့ ထိသွားတယ်၊ အိမ်လည်းတစ်ချို့ထိတာပေါ့နော၊ နေအိမ်ပြန်လာကြည့်သူတွေတော့ ကြောက်ကြတယ်ပေါ့၊ အခုလို ရွာထဲလျောက်ပစ်တော့ အလုပ်လုပ်ချင်တဲ့ သူတွေအတွက်တော့ ခက်ခဲ့တာပေါ့၊ မနေ့ကတော့ နွားသုံးကောင် ထိသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်းကို ရမ်းသန်းပစ်ခတ်မှုတွေကြောင့် အရပ်သားထိမှန်မှုရှိခဲ့သလို ဆေးခန်း၊ စာသင်ကျောင်း၊ လူနေအိမ်အချို့ကိုလည်း ထိခိုက်ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့မှာတော့ အမှတ် (၅၃၁) ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ဆယ်လုံးအထိ ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း လေးလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲမရှိတဲ့ ကျေးရွာအချို့ကို နေ့ရော ညပါ လက်နက်ကြီး ပစ်ခတ်လာတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြရပါတယ်။

spot_img

Recent posts