spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖယ်ခုံမြို့နယ် ခေါင်းမိုင်းကျေးရွာဖက်ကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ် ခေါင်းမိုင်းကျေးရွာဖက်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီကနေ လေယာဉ်နှစ်စီးနဲ့ ၄ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PKDF) တပ်ရင်း(၂)၊ အမှတ် (၁၀၀၆)မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“မနေ့(ဒီဇင်ဘာလ ၂၅ရက်)ကတော့ ဖယ်ခုံ ခေါင်းမိုင်း ဖက်မှာပဲ သူတို့ စကစ(စစ်ကောင်စီ) လေယာဥ် နှစ်စီးနဲ့ ၄ကြိမ် ၅ကြိမ် လာကြဲသွားတာရှိတာပေ့ါနော်။ အဲ့ဒါတော့ ဒီတိုင်း သူတို့ လမ်းကြောင်းရှင်းလင်းရေးလား၊ ဘာလားတော့ မပြောတတ်ဘူး” လို့ သူက ပြောပါတယ်။

အဆိုပါ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့နေရာအနီးမှာ ဒေသခံတွေနေထိုင်ကြတာဖြစ်ပြီး ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးဆီကနေ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကနေ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာလည်း ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဆောင်းဖွေးဆေးရုံအနီးတဝိုက်ကို လေယာဉ်နဲ့ လာကြဲခဲ့ပါသေးတယ်။ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေရှိရာနေရာတွေကို မကြာခဏ လေယာဉ်နဲ့ဗုံးကြဲလုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တစ်လေးလုံး စစ်ဆင်ရေး စတင်ခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ကရင်နီပြည်အပြင် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိမှာတော့ ဖယ်ခုံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts