spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားဆောင်းမြို့မှာ ရဲတပ်ကြပ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ဦး ဘက်ပြောင်းခိုလှုံလာ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ဦး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကစ ဖားဆောင်းမြို့ပေါ် နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ရဲတပ်ဖွဲ့ဝင် ၅ဦးဟာ တိုက်ပွဲဖြစ်ပွားတဲ့အစောပိုင်းမှာပဲ လက်နက်ခဲယမ်းနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရဲတပ်ဖွဲ့ ဝင် ၅ ဦး ဒီဘက်ကို ဝင်တာ ဘက်ပြောင်းပြီးတော့ ခိုလှုံလာတယ်ပေါ့နော။ဒီလိုပဲ တိုက်ပွဲကြားမှာ အလင်းဝင်လာတာဖြစ်ပါတယ်။ အလင်းဝင်လာတဲ့သူတွေကို ခုလောလောဆယ် ကရင်နီတပ်ပေါင်းစုဘက်ကပဲ ထိန်းသိမ်းထားတာဖြစ်ပါတယ်။”လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် လူထိခိုက်၊ သေဆုံးမှုအပြင် မြို့ပေါ်ရပ်ကွက်က နေအိမ်၊ အဆောက်အအုံ အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဖားဆောင်းမြို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

spot_img
spot_img