spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

တိုက်ပွဲမဖြစ်ပွားပဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပင်လောင်းမြို့နယ် အမျိုးသမီးတစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နေရာကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာနေ အသက် (၄၆) နှစ် အရွယ်အမျိုးသမီးတစ်ဦး ဦးခေါင်း လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF ) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) တပ်ကနေ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၄ရက်နေ့) က ပစ်ခတ်ခဲ့တာလို့ KNDF က ဆိုပါတယ်။

“ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ စစ်ကောင်စီက သူ့ဟာသူ ပစ်လာတာ။ သူ့သူ ပစ်ချင်လို့ ပစ်လာတဲ့ပုံစံမျိုး။ စစ်ကောင်စီက လှည့်ပတ်ပြီး ပစ်တယ် လက်နက်ကြီးတွေကို ဒီနေရာတိုက်ပွဲဖြစ်လို့ပစ်တယ် ဟိုနေရာ တိုက်ပွဲဖြစ်လို့ ပစ်လိုက်တယ် ဆိုတာမျိုး မရှိဘူး။ သူတို့ ရမ်းသမ်းပြီး ပစ်တာလည်း မဟုတ်ဘူး။ သေချာ ရည်ရွယ်ချက်ရှိရှိကို ပစ်တာပေါ့နော။ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ ဒေသခံတွေလည်း အကုန်လုံး ရှိနေတဲ့နေရာဖြစ်တယ်ပေါ့နော။ လူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ကျနော်တို့ ယူဆလို့ရတယ်။ “ လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပင်လောင်းမြို့နယ် ၊ တောင်စလုံး၊ မြောက်စလုံးနဲ့ ကောင်မဲတင်းကျေးရွာရှိရာဖက်ကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။ အဲဒီဒေသတွေမှာဆိုရင် ထိတွေ့တိုက်ပွဲ တစ်ကြိမ်မှ မရှိခဲ့တဲ့ ကျေးရွာတွေဖြစ်ပါတယ်။

ဖယ်ခုံမြို့နယ် ၊ ပင်လောင်းမြို့နယ် တွေမှာ စစ်ကောင်စီ ရှေ့တန်းစခန်းတွေ၊ ကင်းပုန်းစခန်းတွေ တိုက်ခိုက်ခံရတာရှိသလို PNO တပ်တွေနဲ့အတူ တပ်အင်အားဖြည့်တင်း တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ယမန်နေ့ကလည်း ပင်လောင်းမြို့နယ်ထဲက ဆောင်းပြောင်းရွာနားမှာ စစ်ကောင်စီနဲ့ တိုက်ပွဲအနည်းငယ် ဖြစ်ပွားတာတွေရှိတယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ ကျနော်တို့ ဒီ မနေ့ကတော့ တိုက်ပွဲနည်းနည်းလေးဖြစ်တယ်ပေါ့နော။ ဆောင်းပြောင်းနားလေးမှာတော့ တိုက်ပွဲဖြစ်တယ်။ ဒါပေမယ့် ခဏ ကပြောတဲ့ရွာတွေက အဲ့ဒီရွာတွေနဲ့ တခြားစီပါပဲ “

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲဖက်မှာလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေ၊ တပ်အပြောင်းအလဲလုပ်တာတွေရှိတဲ့အတွက် နေ့စဉ်နီးပါး ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။

spot_img
spot_img
spot_img

Recent posts