spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲမရှိတဲ့ ဖယ်ခုံနဲ့ လွိုင်ကော်မြို့နယ် အတွင်းက နေရာ နှစ်ခုကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်းက နေရာ ၂ခုကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းအနီးတစ်နေရာကို စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်း ၁၁နာရီအချိန်နဲ့ လွိုင်ကော်မြို့နယ်အတွင်းက ကြတ်ဂူအနီးတစ်ဝိုက်ကိုလည်း ၁၉ ရက်နေ့ မနက်ပိုင်း ၇နာရီကျော်အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

“လေယာဉ်လာကျဲတာတော့ဟုတ်တယ် စစ်ကောင်စီက ည ၁၁ နာရီကျော်မှာလာကြဲသွားတယ်။ ဘယ်နှစ်ခေါက်ကြဲသွားလဲတော့ သေချာမသိရဘူးပေါ့နော။ အဲ့ဒီမှာ စစ်ရှောင်စခန်းတွေ ရှိတယ်ပေါ့နော။ အဲ့အနီးနားမှာလာကြဲသွားတာပေါ့။ အဆောက်အဦး တဲ တချို့ ပျက်စီးသွားတာရှိတယ်။ ဒဏ်ရာရတာ တချို့လည်းရှိတယ်။”လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းကို ဗုံးကြဲတိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး ပြောပါတယ်။

လတ်တလော အဆိုပါနေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ရှောင်စခန်းအနီးကို မကြာခဏ လာရောက်ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ကောင်စီက ပြည်သူလူထုကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ KNDF က ဆိုပါတယ်။

“ဒီအချိန်မှာ လူထုတွေက ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်နေရတယ်။ ဒီလိုအခက်အခဲတွေကြားမှာ စစ်ကောင်စီရဲ့ ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ ခုလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း လူထုတွေက ထပ်ပြီးခံရတဲ့ပုံစံမျိုးဖြစ်တာပေါ့။”လို့ အဆိုပါ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်ကလည်း စစ်ကောင်စီက ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းအနီးအနားကို နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု (၆၁၉)ကြိမ် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့အချက်အလက်အရ သိရပါတယ်။

spot_img
spot_img

Recent posts