spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ KNDF တပ်ရင်း ၉ ရဲဘော် ၃ဦးရဲ့ ဈာပန

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ရှေ့တန်းတစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၉ ရဲဘော် ၃ဦးရဲ့ ဈာပနကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့(ဇန်နဝါရီ ၂၆ရက်) မှာ KNDF တပ်ရင်း ၉ က သတင်းထုတ်ပြန်ထားပါတယ်။

ရဲဘော်”ဂျိုးဇက်” ၊ ရဲဘော် “ရဲရင့်” နဲ့ ရဲဘော် “လင်းအိမ်သစ်” တို့ ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“သည်ဆုံးရှုံးမှုအတွက် ကျန်ရစ်ခဲ့သောမိသားစုဝင်များနှင့်အတူ ကျနော်တို့ရဲဘော်များ လွန်စွာကြေကွဲဝမ်းနည်းရပါသည်။ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားသော အာဇာနည်သူရဲကောင်း (၃)ဦးတို့အား အလေးနီးပြုအပ်ပါသည်”လို့ KNDF တပ်ရင်း ၉ က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီတစ်ရက်တည်းမှာပဲ KNDF တပ်ရင်း ၁၀ က ဒုတပ်ခွဲမှူး ဖိုးချိုမီရယ် လည်း ကျဆုံးခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်၊ ဒေါတမကြီးလမ်းမှာ တိုက်ပွဲပြင်းထန်တာတွေ ရှိနေတဲ့အတွက် သွားလာခြင်းမပြုလုပ်ကြဖို့လည်း KNDFက တိုက်တွန်းထားတာရှိပါတယ်။

spot_img
spot_img

Recent posts