spot_img
Sunday, April 2, 2023
spot_img

တိုက်ပွဲအတွင်း စိတ်ဝေဒနာခံစားခဲ့ရတဲ့ DMO-PDF တပ်စိပ်မှူးတစ်ဦး ကျဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF) တပ်ရင်း G မှာ တပ်စိပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၄၄နှစ်အရွယ် ဦးတင်မြင့်ဟာ တိုက်ပွဲအတွင်းကြုံတွေ့ခဲ့ရတဲ့ သွေးထွက်သံယိုမှုတွေ ၊ လက်နက်ကြီး ကျရောက်မှုတွေကြောင့် စိတ်ဝေဒနာ ၇လ ကျော်ခံစားခဲ့ရပြီး အောက်တိုဘာလ ၂၁ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်က အောက်တိုဘာလ ၂၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ခုနှစ် ဧပြီလကတည်းက စိတ်ဝေဒနာရရှိနေတာဖြစ်ပြီး ဆေးကုသမှုခံယူပေမယ့် ဝေဒနာကြောင့် ကျဆုံးသွားခဲ့ရတယ်လို့ DMO -PDFက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ သူတို့ရဲ့ အမျိုးပြောပုံအရတော့ သူက ရောဂါအခံတော့ မရှိဘူး။ တိုက်ပွဲကြားမှာ အဲ့လို စိတ် ထဖောက်သွားတာပဲရှိတယ်။ ရောဂါ အခံတော့ မရှိဘူး။ တိုက်ပွဲကြောင့်ပဲ သူစိတ်ဒဏ်ရာရခဲ့တာပေါ့။ ပြောရမယ်ဆိုရင် စိတ်ဝေဒနာ အရမ်းပြင်းထန်တော့ သူစိမ်းတွေနဲ့ သူမဆက်ဆံတော့ဘူး သူ့မိသားစု အသိုင်းအဝိုင်းကိုတောင်မှ သူက ကြောက်နေရတယ်။ ပြီးခဲ့တဲ့ ၂၁ ရက်နေ့မှာ ကျသွားတယ်ပေါ့။ အဲ့ဒီဝေဒနာကြောင့်ပဲလို့ ကျနော်တို့ အတည်ပြုလိုက်ရတယ်ပေါ့။ “ လို့ DMO -PDFက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၀ ရက်နေ့မှာ နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် DMO-PDFတပ်ရင်း Gမှ အသက် ၄၁နှစ်ရှိပြီဖြစ်တဲ့ တပ်စုမှူး ဦးဂျိုးဇက်ကလည်း မိုင်းနင်းမိခဲ့ပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်သွားပြီးနောက် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အောက်တိုဘာလအတွင်းမှာဆိုရင် DMO-PDFရဲဘော်နှစ်ဦး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦး ရဲ့ ဇာတိကတော့ ဒီးမော့ဆိုမြို့နယ်အတွင်းကဖြစ်ပြီး လက်ရှိ ကျန်ရစ်တဲ့ မိသားစုဝင်တွေဟာ စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

Photo – DMO PDF
spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...