spot_img
Sunday, April 2, 2023
spot_img

တိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ တပ်မ ၆၆ တပ်သားတစ်ဦး လက်နက်နဲ့အတူ CDM ပြုလုပ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄ မှ တပ်သားတစ်ဦး ဖြစ်တဲ့ အသက် ၂၇နှစ်အရွယ် လွင်မိုးသူ က ကရင်နီပြည်သူ့ရင်ခွင်ထံ လက်နက်နဲ့အတူ ယမန့်နေ့ (အောက်တိုဘာလ ၁၁ရက်) မှာ CDMပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်သူ့ရင်ခွင် တာဝန်ခံ ကိုယုန်လေး ကပြောပါတယ်။

“ မြေပြင်မှာပဲ တိုက်ပွဲဖြစ်နေရင်းနဲ့ ကျနော်တို့ကို ဆက်သွယ်ပြီးတော့ ရုန်းထွက်လာတယ်ပေါ့နော။ ထွက်ချင်တယ်ဆိုတော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်နေရင်းတန်းလန်းနဲ့ သူချိတ်ဆက်ပြီး ထွက်လာတဲ့ အနေအထားမှာရှိတယ် “ လို့ ကိုယုန်လေး က ဆိုပါတယ်။

MA 1 အမျိုးအစားသေနတ် တစ်လက်နဲ့ CDMပြုလုပ်ခဲ့ပြီး ဆုကြေးငွေအဖြစ် သိန်း ၆၀ ကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ CDMပြုလုပ်လာတဲ့ တပ်သားကိုတော့ လွတ်မြောက်နယ်မြေတစ်ခုမှာ ပို့ဆောင်ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

“ သူကတော့ လုံခြုံတဲ့ လွတ်မြောက်နယ်မြေတစ်ခုမှာ ကျနော်တို့ ပို့ပေးမယ်ပေါ့နော။ သူ ဘယ်အခန်း ကဏ္ဍကနေ ဘယ်လိုပါဝင်မလဲဆိုတာ သူ့ရဲ့ထွက်ဆိုချက်တော့ သေချာ မမေးရသေးဘူးပေါ့နော။ ပြန်ပါဝင်ဖို့ အလားအလာတော့ များပါတယ်။ လောလောဆယ်တော့ အတည်ပြုလို့မရသေးဘူးပေါ့။ “ လို့ ကိုယုန်လေးကဆက်ပြောပါတယ်။

CDMပြုလုပ်လာတဲ့ တပ်သားလွင်မိုးသူကတော့ လုပ်သက် ၃နှစ်ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ကရင်နီပြည်သူ့ရင်ခွင်မှာ CDMပြုလုပ်လာတဲ့ စစ်ကောင်စီတပ်သား လက်ရှိအချိန်ထိ ၈၀ ကျော်ရှိပြီဖြစ်ပြီး လက်နက်နဲ့ ဝင်ရောက်လာတဲ့ တပ်သား ပျမ်းမျှ ၁၀ဦး ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်သူ့ရင်ခွင်မှာ CDMပြုလုပ်တဲ့ တပ်သားတွေထဲမှာမှ တပ်မ ၆၆ အများဆုံးဖြစ်ပြီး နယ်မြေခံတပ်သားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။ CDMပြုလုပ်လိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ကရင်နီပြည်သူ့ရင်ခွင်ထံ အချိန်မရွေး ခိုလှုံနိုင်ပြီး တပ်သားတွေကိုလည်း ကြိုဆိုလက်ခံတယ်လို့ ကရင်နီပြည်သူ့ရင်ခွင့် တာဝန်ခံက ပြောပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့မှာ လက်နက်နဲ့အတူ CDM ပြုလုပ်တဲ့ တပ်သား လွင်မိုးသူကို ဆုကြေးငွေ သိန်း (၆၀)ပေးအပ်နေစဉ်။ (ဓါတ်ပုံ – ကရင်နီပြည်သူ့ရင်ခွင်)

Related Stories