spot_img
Sunday, April 2, 2023
spot_img

တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီတပ်မတော်မှတပ်ကြပ်ကြီးတစ်ဦး ကျဆုံး

spot_imgspot_imgspot_imgspot_img
ကရင်နီတပ်မတော်မှ ကျဆုံးသွားသော တပ်ကြပ်ကြီးဖြစ်သူ နားရယ်(ခေါ်) အယ်ဒီ (ဓါတ်ပုံ – Karenni Army Center- Kn.A.C)

ကန္တာရဝတီတိုင်း(မ်)

ယမန်ညက ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းပြီး အကြမ်းစစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီတပ်မတော်မှ တပ်ကြီးကြီးအဆင့်ရှိသူ တစ်ဦး လက်နက်ကြီးထိမှန်ပြီး ဆေးကုသမှုခံယူခဲ့ပေမယ့် ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နေ့ခင်းပိုင်းမှာ ကျဆုံးသွားတယ်လို့ KNDF မှ ပြောဆိုခွင့်ရသူတစ်ဦးက ပြောပါတယ်။

“ညအချိန်က လွိုင်ကော်ကနေ တပ်မ ဘယ်လောက်လဲ ကျနော်တို့သေချာမသိဘူး။ အင်အား ၁၀၀ကျော် လွိုင်ကော်ကနေ ဒီမော့ဆိုဖက် သူတို့စစ်ကြောင်းထိုးလာတာပေါ့။ ည ၇ နာရီလောက်မှာ စပြီးပစ်ခတ်ကြတယ်။ မိုးလည်းရွာနေတယ် အဲ့ဒါ ၈ နာရီလောက်မှာ ရပ်သွားတယ်။ ကျသွားတဲ့တစ်ယောက်က KA က တပ်ကြီးကြီးပေါ့လေ။ လက်နက်ကြီးထိမှန်ပြီးကျသွားတာ။ သူဆုံးသွားတာတော့ ခုနလေးတင်ပဲပေါ့။ ဒီချိန်ထိဆို တစ်နာရီကျော်လောက်ပဲရှိသေးတယ်။”လို့ KNDF ပြောဆိုရသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို နေ့ခင်း ၁၂နာရီခွဲအချိန်မှာ အတည်ပြု ပြောဆိုပါတယ်။

ကရင်နီတပ်မတော်မှ တပ်ကြပ်ကြီးဖြစ်သူ နားရယ်(ခေါ်) အယ်ဒီ ဟာ လက်နက်ကြီးထိမှန်ခဲ့ပြီး တောတွင်းဆေးခန်းတစ်နေရာမှာ အသက်ဆုံးရှုံးခဲ့တာပဲ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ ကရင်နီတပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့သလို အကြမ်းဖက်စစ်ကောင်စီဖက်မှ သေဆုံးမှု၊ ထိခိုက်မှု ရှိမရှိကို မသိရှိရဘူးလို့ KNDF မှ ပြောဆိုခွင့်ရသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းသို့ ဦးတည်သွားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၁၀၀ကျော်ကို KNDF ပူးပေါင်းတပ်မှ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်း ၇ နာရီကျော်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၄၅မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ လွိုင်ကော်မြို့ဖက်ကနေ စစ်ကား ၅စီးအထက်နဲ့ အင်အား ၁၀၀ကျော် က ဒီမော့ဆိုမြို့နယ်ဖက်ကို ဦးတည်ဆင်းသွားခဲ့သလို တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒီမော့ဆိုမြို့နယ်၊ ဒေါပိုးစီ နဲ့ စံပြ (၆)မိုင်ကျေးရွာတို့မှ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာအထိ၊ လွိုင်ကော်-ဒီမော့ဆို-ဖရူဆို လမ်းတစ်လျှောက် ညနေ ၆နာရီမှ နံနက် ၆ နာရီအထိ ခရီးသွားလာခြင်းမပြုဖို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက စက်တင်ဘာလ (၁၆)ရက်နေ့ မှာ အသိပေးထုတ်ပြန်ထားပါတယ်။

“သွားလာလုပ်ရှားမှုကတော့ လိုအပ်မှပဲအပြင်ထွက်ကြဖို့ ကျနော်တို့အနေနဲ့ကတော့ သူတို့ကို အဲ့ဒါပဲ ပန်ကြားချင်တယ်လေ ဘာဖြစ်လို့လဲဆိုရင် တိုက်ပွဲက နေရာမရွေး အချိန်မရွေးဖြစ်နိုင်တယ်ပေါ့။ အရေးကြီးမှသာ ထွက်ကြဖို့ပဲ အဲ့ဒါပဲ မှာကြားချင်ပါတယ်” လို့ KNDF ပြောဆိုခွင့်ရသူက အသိပေးထားပါတယ်။

KA၊ KNDFပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး KNDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပြည်တစ်ဝန်းလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး အမြစ်ပြတ်ခြေမှုန်းသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားတာရှိပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...