spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားလူငယ်များ ကယားပြည်နယ်နှင့် ကယန်းဒေသသို့လာရောက် လေ့လာ

Author

Date

Category


ခွန်းကလိုင်းဖရီး

ကယားပြည်နယ်သို့ လာရောက်လေ့လာကြသည့် တိုင်းရင်းသားလူငယ်များ ပုံ…ခွန်းတူးတူးလေး

ကရင်နီပြည်လေ့လာရေး ခရီးစဉ်အဖြစ် ကချင်၊ မွန်၊ရှမ်း၊ ပအိုဝ်း၊ ရခိုင်၊ ချင်း၊ ဗမာစသည့်တိုင်းရင်းသား လူငယ် (၂၃) ဦးမှ ကယား(ကရင်နီ)ပြည်နယ်နှင့်ကယန်းဒေသသို့ လာရောက်လေ့လာခဲ့ကြသည်။

၎င်းခရီးစဉ်ကို စီစဉ်ခဲ့သည့် The Wings Instituteအဖွဲ့ ပရိုဂရမ်မန်နေဂျာ မရှားယမုံက“မတူကွဲပြားတဲ့ တိုင်းရင်းသားလူငယ် ခေါင်းဆောင်တွေကြားထဲမှာ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန် နားလည်မှု၊ ယုံကြည်မှုတွေတည်ဆောက်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပိုမိုပါဝင်လာနိုင်ဖို့ ရည်ရွယ်ပြီးလုပ်ဆောင်တာပါ။”ဟု ပြောသည်။

အဆိုပါ ခရီးစဉ်တွင် ကယားပြည်နယ်နှင့် ကယန်းဒေသရှိ ဌာနေတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ လူနေမှုဘဝအခြေအနေများ၊ စီမံကိန်းကြီးများကြောင့် ဒေသခံများ၏ လူ့အခွင့်အရေးဆုံးရှုံးမှု အခြေအနေများနှင့် စီးပွားရေးအခြေအနေများကို လေ့လာခဲ့ကြကြောင်း
ဆိုသည်။

ခရီးစဉ်တွင် ပါဝင်သည့် တိုင်းရင်းသားလူငယ်များကိုThe Wings Institute အဖွဲ့မှ ၎င်းတို့၏Face book Page မှတစ်ဆင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မြို့ပြနေ လူငယ်များကို အဓိက ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်
ခရီးစဉ်တွင် ပါဝင်သည့် တိုင်းရင်းသားလူငယ်များကိုရန်ကုန်တွင် ဖက်ဒရယ်၊ အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်များကိုတစ်ပတ်ကြာသင်တန်းပေးခဲ့ပြီး ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကယားပြည်နယ်နှင့် ကယန်းဒေသသို့ စတင်ထွက်ခွာလာခဲ့ကြောင်းသိရသည်။

“ ဒါက အရမ်းကောင်းတဲ့ အစီအစဉ်တစ်ခုလို့ ကျွန်တော်ကပြောချင်တယ်။ ဒီလိုအစီအစဉ်နဲ့ သွားတဲ့အခါသူတို့ရဲ့ ပုံမှန် လူနေမှုဘဝတွေကို သိခဲ့ရတယ်။ ကျွန်တော်တို့ ညီအစ်ကို တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို လုံးဝသိခဲ့ရတယ်။ ကျွန်တော်တို့အတွက် အရမ်းအကျိုးရှိတယ် “ဟု ခရီးစဉ်တွင်
ပါဝင်ခဲ့သည့် စစ်ကိုင်းတိုင်းက ဗမာလူငယ်ကိုနေမျိုးအောင်က ဆိုသည်။

ထို့အပြင် အဆိုပါ ဒေသများတွင် ပညာရေး၊စီးပွာရေးလိုအပ်ချက်များ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကို တွေ့မြင်ခဲ့ရပြီး ဒေသခံတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု၊ စာပေနှင့် ဘာသာစကားများကို
အတတ်နိုင်ဆုံး ထိန်းသိမ်းကြသည်ကိုတွေ့မြင်ခဲ့ရကြောင်း ၎င်းကဆိုသည်။ တိုင်းရင်းသားလူငယ်များအချင်းချင်း အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်မှသာလျှင် မြန်မာ့ငြိမ်းရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သော်လည်း ရေရည်လုပ်ဆောင်ရမည့်အရာဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ခရီးစဉ်ဖြစ်မြောက်ရေးအတွက်ကူညီဆောက်ရွက်ပေးခဲ့သည့် ကယန်းမျိုးဆက်သစ်လူငယ်ဗဟိုကော်မတီဝင် ခွန်းထက်စိုးက “မျိုးဆက်သစ်လူငယ်တွေကြားထဲမှာအပြန်အလှန်နားလည်မှုတွေ၊ ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ်ဆိုရင်ဒီနိုင်ငံကတော့ တစုံတရာ ငြိမ်းချမ်းမှုကို အစပျိုးနိုင်မယ်လို့ယုံကြည်တယ်။ ဒီခရီးစဉ်မှာ တိုင်းရင်းသားဒေသက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်ရှိနေတဲ့အခြေအနေတွေကို ပြည်မဒေသမှာ၊ မြို့ပေါ်မှာနေတဲ့လူတွေ ဘယ်လို ခံစားရမလဲဆိုတာ အဓိကပေါ့လေ”ဟု ဆိုသည်။

၎င်းခရီးစဉ်တွင်း လွိုင်ကော်မြို့ရှိတက်ကြွလှုပ်ရှားသည့် လူငယ်အဖွဲ့အစည်းများ၊ကျောင်းသားအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ သကဲ့သို့ ကရင်နီပြည်နယ် စကားဝိုင်းတစ်ရပ်ကိုလည်း
ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်ခရီးစဉ်ကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါကဲ့သို့ တိုင်းရင်းသားလူငယ်များအချင်းချင်းယုံကြည်မှုနှင့်နားလည်မှုများ တည်ဆောက်နိုင်မည့် အစီအစဉ်ကို ကယားပြည်နယ်၊ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် ဦးတည် အကောင်အထည် ဖော်နေကြောင်း သိရသည်။

spot_img
spot_img

Recent posts