spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုင်စာပစ်စာတွေကို ဖြေရှင်းရန် ၃၁ စောင်ကျန်ရှိနေသေး

Author

Date

Category

မီမြာ ၊ ဦးမြာ

ကယားပြည်နယ် လွှတ်တော်မှ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ထံ တိုင်ထားတဲ့တိုင်စာပစ်စာအရ အကောင်အထည်ဖြေရှင်းနိုင်ဖို့ ၃၁ စောင်ကျန်ရှိသေးတယ်လို့ ၎င်းအဖွဲ့ဥက္ကဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။

အများဆုံးတိုင်ကြားထားတဲ့စာတွေက မြေယာပြဿနာတွေနဲ့ပတ်သက်တဲ့ တိုင်စာတွေဖြစ်တယ်လို့ဆိုပါတယ်။

တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ကနေပြီး အစည်းအဝေး ကျင်းပပြုလုပ်နေကြစဉ်။ (ဓါတ်ပုံ – ကယားပြည်နယ်လွှတ်တော် Facebook)

“လယ်ယာမြေကိစ္စ၊ ပုံစံ(၇)မရတဲ့ကိစ္စ၊ ငွေကိစ္စ၊ အကြွေးကိစ္စ၊ ကျူးကျော်တဲ့ကိစ္စ၊ စစ်တပ်သိမ်းတဲ့ကိစ္စ တွေအကုန်တိုင်ကြတယ်ပေါ့” လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

လယ်ယာမြေကိစ္စတွင် တောင်သူလယ်သမားအများဆုံး တိုင်ကြားပြီး လွိုင်ကော်ကအများဆုံးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အလုပ်သမားတွေပိုက်ဆံမရတဲ့ ကုမ္ပဏီတွေကို အလုပ်သမားတွေက တိုင်ထားတာတွေလည်းရှိပြီး နှစ်ဖက်ကြားနာ ဖြေရှင်းပေးရတဲ့ အလုပ်သမားကိစ္စတွေလည်းရှိတယ် လို့သိရပါတယ်။

တိုင်စာပစ်စာ ကော်မတီကို ၂၀၁၆ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖွဲ့စည်းထားတဲ့ အတောအတွင်း တိုင်စာ၄၃၈ စောင်ရှိတဲ့အနက် ၃၁ စောင်မှာ အကောင်အထည် မဖော်ရသေးတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts