spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားလူယ်တွေရဲ့ ပညာရေးမှာ အစိုးရကပူးပေါင်းဆောင်ရွက်မှုရှိလာပေမဲ့ ပံ့ပိုးကူညီပေးမှု အားနည်းနေသေး

Author

Date

Category

စိုးထိုက်အောင်

ကယားပြည်နယ် အတွင်းက လူငယ်တွေရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်လာဖို့ကို လုပ်ဆောင်ပေးနေတဲ့ သင်တန်းကျောင်းတွေ နဲ့ အတူ အစိုးရက ပူးပေါင်းဆောင်ရွက်လာတာတွေရှိပေမဲ့ ပံ့ပိုးကူညီပေးမှုတွေ အားနည်းနေသေးတယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှူဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“ အစိုးရအနေနဲ့တော့ ကျနော်တို့ ဒီတိုင်းရင်းသားလူငယ်တွေရဲ့ ပညာရေးကို ပံ့ပိုးကူညီမှုကတော့ အများကြီး ကျနော်တို့အားနည်းနေသေးတာတော့ ကျနော်တို့မြင်ရသေးတယ်။ အစိုးရအနေနဲ့ အဓိက ကတော့ ဘတ်ဂျတ်သတ်မှတ်ရာထားပြီးတော့ တိုင်းရင်းသား လူငယ်တွေဖွံ့ဖြိုးမှု ကိစ္စတွေကိုစနစ်တကျဆောင်ရွက်ပေးသင့်တယ်လို့ ကျနော်အနေနဲ့ ပြောချင်တယ်။”လို့ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှူဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

ကယားပြည်နယ်မှာအတွင်းက လူငယ်တွေအတွက် ပညာရေးပိုင်းမှာအကူညီပေးနေတဲ့ သင်တန်းကျောင်းတွေရှိပါတယ်။

တချို့ကတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေအတွက် အဆင့်မြင့်သင်ခန်းစာ သင်ကြားပေးတဲ့ သင်တန်းကျောင်းတွေ၊ တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုမယ့် ကျောင်းသားတွေအတွက် သင်တန်းကျောင်းတွေ၊ စိုက်ပျိုးရေး အတတ် နဲ့ အသက်မွေးဝမ်းကြောင်းသင်တန်းကျောင်းတွေအပြင်၊ အထက်တန်း ပညာဆက်လက်သင်ယူခွင့်မရတဲ့ သူတွေအတွက် သင်တန်းကျောင်း နဲ့ ငွေကြေးချို့တဲ့ တဲ့ ကျောင်းသား လူငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ ဘော်ဒါဆောင်တွေရှိနေပါတယ်။

ဒီလို သင်တန်းကျောင်းတွေဟာ အစိုးရက တရားဝင်အသိအမှတ်မပြုထားတဲ့ ကျောင်းတွေဖြစ်တာကြောင့် အစိုးရဆီက မဖွင့်ဖို့ ဖိအားပေးခံရတာတွေအပြင်၊ အစိုးရ စာသင်ကျောင်းတွေမှာ တက်ရောက်ဖို့ လက်မခံတဲ့ ကိစ္စမျိုးတွေရှိခဲ့ပါတယ်။

ဒီအပေါ်မှာ လွိုင်ကော်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစူးရယ်ကတော့ “ ကျောင်းအနေနဲ့ကတော့ သူတို့က အဲ့မှာ အခြေခံပေါ့နော်။ အခြေခံဆိုရင် သူတို့ ဘယ်ကနေပြောင်းလာတယ်၊ သူတို့ အဲ့လိုမျိုးခိုင်လုံတဲ့အထောက်အထားတွေရှိတယ်ဆိုရင်တော့ သူတို့ လက်မခံတဲ့အနေအထားမှာ မရှိပါဘူး။ အားလုံးသည် ပညာသင်ယူဖို့အတွက် နိုင်ငံတော်ကနေပံ့ပိုးထားတဲ့အတွက်ကြောင့် မို့လို့ လက်ခံပါတယ်။” လို့ တုန့်ပြန်ပြောဆိုထားပါတယ်။

ဒီးမော့ဆို မြို့နယ် ဒေါတမငယ် ရပ်ကွက်မှာဖွင့်လှစ်ထားတဲ့ ဆယ်သဲ လေ့လာသင်ယူရေး ဆုံရပ်ကျောင်းက ကျောင်းအုပ် မူးရယ်ကတော့ ကျောင်းကို အစိုးရဖက်က အသိမှတ်ပြုစေချင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကျောင်းက အဓိက ဒီပြည်နယ်မှာရှိတဲ့လူငယ်တွေကို ကျနော်တို့က မွေးထုတ်ပေးနေတဲ့အတွက်ကြောင့် ကျနော်တို့အတွက်အနေနဲ့ အစိုးရအနေနဲ့ ကျနော်တို့ကို အသိအမှတ်ပြုပေးဖို့ပေါ့နော်။ အဲ့တစ်ခုလဲ ကျနော်တို့လိုချင်တယ်ပေါ့။”လို့ ဆယ်သဲလေ့လာသင်ယူရေးဆုံရပ် က ကျောင်းအုပ် မူးရယ်ကပြောပါတယ်။

နယ်စပ်ဒေသ တွေဖြစ်တဲ့ ကယားပြည်နယ်မှာ ပြည်တွင်းစစ်တွေအဖြစ်များခဲ့တဲ့အတွက်ကြောင့် တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုတွေနဲ့ ဘဝတွေကို မြင့်တင်ပေးဖို့ လိုအပ်နေတဲ့အချိန်ဖြစ်တယ်လို့ Law Home ဥပဒေအကြံပေး ကိုကျော်ဝဏ္ဏအောင်ကပြောပါတယ်။

“ တိုင်းရင်းသားတွေရဲ့ အရေးဆိုမှုတွေကို ဂရုစိုက်ပြီးတော့။ တိုင်းရင်းသားတွေရဲ့စာပေယဉ်ကျေးမှု၊ လူနေမှု ဘဝတွကို မြင့်တင်ပေးဖို့ လိုအပ်တဲ့အချိန်ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း(၆၀)ကျော်ပြည်တွင်းစစ်ဖြစ်လာတာ ဖြစ်တဲ့နေရာတွေက နယ်စပ်ဒေသဖြစ်တဲ့ ပြည်နယ်တွေမှာပဲ ဖြစ်လေ့ဖြစ်ထရှိတယ်။ ဆိုတော့ သူတို့က အရမ်းနောက်ကျကျန်နေတယ်။”လို့ ကို ကျော်ဝဏ္ဏအောင်က ပြောပါတယ်။

ကယားပြည်နယ်က ဆယ်ကျော်သက်လူငယ်တွေအတွက် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း အတွက် သင်ကြားပို့ချပေးတဲ့ သင်တန်းကျောင်းတွေအများစုက တရားဝင်မှတ်ပုံတင်ထားတာမရှိပါဘူး။

အစိုးရက အသိအမှတ်ပြုထားတာမရှိပေမဲ့ နားလည်မှု အနေနဲ့ ကျောင်းတွေဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts