spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ စ ည) ပါတီရဲ့ ကတိကဝတ်

Author

Date

Category

အန်ထောနီ

အနိုင်ရခဲ့မယ်ဆိုရင်လည်း ပါတီရဲ့စံငါးချက်အပြင် ပြည်သူတွေရဲ့တစ်ခြားလိုအပ်ချက်တွေကိုလည်း ဆောင်ရွက်ပေးဖို့ဆုံးဖြတ်ထားတယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဘောလခဲမြို့နယ် ပြည်နယ်လွတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်သူရ ကပြောပါတယ်။

ဦးကျော်သူရက “ ပါတီရဲ့ကတိကဝတ်တော့ အကြမ်းဖျင်းကတော့ စံ ၅ ချက်ရှိတယ်ပေါ့။ ဒါပေမယ့် ပါတီရဲ့မူဝါဒကိုလည်း ကျနော်တို့ကသွားသလို နောက်ပြီးတော့ကိုယ့်ရဲ့ကတိကဝတ်ဆိုတာက သီးခြားတော့မရှိပေမယ့် မြန်မာတိုင်းရင်းသားအကုန်လုံးရဲ့ လိုအပ်ချက်များကို ထောက်ပံ့ကူညီသွားမယ်လို့ ကျနော်တို့ကဆုံးဖြတ်ထားပါတယ်။” လို့ပြောပါတယ်။

ဦးကျော်သူရသည် ထာဝရတွဲလက်မြန်မာ ရာသက်ပန်လှုုရှင်ဖြစ်သည်နှင့်အညီ ပြည်သူများရဲ့လိုအပ်ချက်များကို အတွင်းကျကျသိသူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျနော်ကတော့ ဒီဒေသခံတွေရဲ့အတိုင်းအတာမှာ လက်ရှိပေါ့နော် ၂၀၁၀ နဲ့ ၂၀၁၅ မှာ ကိုယ်စားလှယ်တွေ သူတို့ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ ဘယ်သူးကိုမှတော့ပုတ်ခတ်တာတော့မဟုတ်ဘူး သူတို့ရဲ့လုပ်ဆောင်ချက်တွေကို မကြိုက်တဲ့အတွက်ကြောင့် ကျနော်ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်မယ်ဆိုပြီးတော ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။”

ပါတီစုံရွေးကောက်ပွဲကြီးတွင် ပါတီအများအပြားဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အင်အားကြီးပါတီများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။

အဲ့သလိုကြီးမားသောစိန်ခေါ်မှုကြားမှာမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများကတော့ အနိုင်ရဖို့စိတ်အားထက်သန် စိတ်အားထက်သန်နေကြပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၃) မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးရဲရင့်စိုးညွန့်က “ အဓိကဝင်ရတဲ့အကြောင်းအရင်းကတော့ ကျနော်တို့ကယားပြည်နယ်ရဲ့လိုအပ်ချက်အထွေထွေကို ကျနော်တိုင်းရင်းသားတစ်ယောက်ဖြစ်တာနဲ့အညီ တိုင်းရင်းသားတွေရဲ့ဘဝ ရှင်သန်နေထိုင်မှု ကွဲပြားခြားနားမှု၊ ဘဝမျိုးစုံတွေ့ရှိတဲ့အခါမှာ ကျနော့်အနေနဲ့ ဒီရွေးကောက်ပွဲကို ဝင်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဦးရဲရင်စိုးညွန့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကကြီး သူရဦးတင်ဝင်း ရဲ့တူအရင်းတစ်ယောက်လည်းဖြစ်သလို ၎င်းအနေနဲ့ အနိုင်ရရှိဖို့ယုံကြည်နေပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဗဟိုထိန်းချုပ်မှုလျော့ပါးရေး ဟုကြွေးကြော်ထားတဲ့အတွက်ကြောင့်အနိုင်ရရှိမည်ဆိုရင်လည်း ဗဟိုထိန်းချုပ်မှုမရှိဘူးလို့ဆိုပါတယ်။

“ အတတ်နိင်ဆုံးဝေဖန်ဆွေးနွေးခွင့်တွေရှိတယ်လေး ပါတီစုံညီစည်းလုံးညီညွတ်မှုတွေရအောင် နောက်ပြီးတော့ ကိုယ်ရည်မှန်းချက်ပန်းတိုင်တွေလည်းပဲရအောင်လို့ ကတိကဝတ်ပေးထားတဲ့စကားတွေနဲ့အညီ ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ရှိတယ်။ အကယ်၍ ဗဟိုထိန်းချုပ်မှုများလာရင် ကိုယ်ကပြန်လည်ဖြေလျှော့ပေးရမယ်။” လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကယားပြည်နယ် ဥက္ကဌ ဦးအောင်သိန်း ကပြောပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်အတွင်း မဲဆန္ဒနယ်နယ် နေရာစုစုပေါင်း ၂၀ နေရာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြို့နယ် ၅ မြို့နယ်မှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီစုစုပေါင်း ၁၃ ပါတီရှိပါတယ်။ နိုင်ငံရေးပါတီကိုယ်စားပြုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၃ ဦးအပါအဝင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၂၇၂ ဦးအထိ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။

ဘောလခဲမြို့နယ်အတွင်း မဲဆန္ဒရှင်စုစုပေါင်း ၇၅၄၄ ဦးရှိပြီး ထိုအထဲတွင် တပ်မဲဆန္ဒရှင် ၁၂၁၆ ဦးရှိပါတယ်။

spot_img
spot_img

Recent posts