spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောင်ကျရေတိုက်စားမှုကြောင့် ပြည်သူသွားလာအသုံးပြုတဲ့ နမ့်ပိန်းလင်ကျေးရွာ တံတားအက်သွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားမှုကြောင့် မယ်စဲ့မြို့နယ် နမ့်ပိန်းလင်ကျေးရွာမှာ အများပြည်သူသွားလာတဲ့ တံတားအက်ကြောင်းရာပေါ်ပြီး ကားလမ်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျေးရွာဒေသခံအမျိုးသားတစ်ဦးက “စနေနေ့ (အောက်တိုဘာလ ၁ ရက်) နေ့လည်ပိုင်း ၁၁နာရီလောက်ကစပြီး ရေတအားကြီးလာတယ်။မိုးရွာတာကတော့ သောကြာနေ့ညကတည်းက မိုးလုံးဝအဆက်မပြတ်ဘူး။ ၇ နာရီကနေ ၁နာရီထိရွာတယ်။ တစ်ညလုံး တအားနဲ့ကိုရွာတယ် နှစ်တိုင်းထက်ရွာတယ်။ အဲ့ဒါနဲ့ ကျွန်တော် သွားကြည့်ပြီး မနက်၉နာရီလောက် ပြန်လာတယ်။ နောက်တစ်ခါသွားကြည့်တော့ အက်ကြောင်းတွေ့သွားတယ်ပေါ့။ အဲ့ကြောင့် တွေ့တော့ ဟို့ဖက်မှာလဲကားတွေက ကျော်လို့မရဘူး။ နောက်ကျွန်တော်ပြန်လာတဲ့ချိန် တအားအက်နေပြီ။ ညနေပိုင်းကျတော့ နေ့လည်စာထမင်းစား ခနနားပြီး နောက်ပြန်သွားကြည့် ၂နာရီ ၃နာရီလောက်ရောက်တော့ တော်တော်ပြိုကျပြီ” လို့ ပြောပါတယ်။

သွားလာရေးအတွက် တခြားလမ်းရှိသေးပေမယ့် လမ်းမကောင်းသလို သွားလာရဝေးပြီး အခက်အခဲရှိတယ်လို့ ကျေးရွာခံတစ်ဦးက ဆိုပါတယ်။

“တခြားလမ်းရှိတော့ရှိတယ် သွားဖို့ကျတော့ တော်တော် အခက်ခဲရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီချောင်းကူးတဲ့တံတားပဲကော။ ဒီဖက်သွားလဲ ဒီချောင်းပဲကူးမှာ ဒီချောင်းပဲကူးမယ်ဆိုတော့ ဒီဖက်တံတားလဲ တော်တော် သိပ်ပြီး တော်တော်စိုးရိမ်ရတဲ့ အခြေအနေတော့ရှိတယ်။ ဒီဖက် လမ်းခွဲကနေ သွားတယ်ဆိုရင်တံတားတစ်စင်းရှိတယ်။ အဲ့တံတားတစ်စင်းကနေ ကျွန်တော်တို့တောင်ယာ ပတ်ပြီးပြန်ကွေ့မယ် ဆိုရင် တော်တော်နဲ့ဝေးတယ်။ သွားဖို့လာဖို့အဆင်မပြေဖူး တော်တော်ခက်ခဲတယ်”လို့ သူက ဆိုပါတယ်။

ယခင်နှစ်တွေမှာ မိုးသည်းထန်စွာရွာပေမယ့် ဒီနှစ်မှသာ တောင်ကျရေတိုက်စားမှုကြောင့် တံတားအက်ကြောင်းရာဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ တံတားပြင်ဆင်ဖို့အတွက် မယ်စဲ့မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts