spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောင်ယာလုပ်ကိုင်ကြတဲ့ ဒေသခံတောင်သူတွေရဲ့ လုံခြုံရေးစိုးရိမ်မှု

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဒေသခံတောင်သူတချို့ဟာ စိုက်ပျိုးရာသီအမှီ တောင်ယာလုပ်ငန်းလုပ်ကိုင်ဖို့ ပြင်ဆင်နေကြပေမယ့် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှု၊ စစ်ကြောင်းထိုးမှုကြောင့် လုံခြုံရေးစိုးရိမ်နေကြပါတယ်။

ဒေါ်ကွယ်မြာ ( တောင်သူတစ်ဦး )

” ကျမတို့ အကြာကြီးပြန်နေပြီး အလုပ်ပြန်လုပ်ရတယ်ဆိုတာ မရှိတော့ဘူး။ ရွာကိုလည်း မပြန်ရဲတော့ဘူး။ ရိက္ခာ ပြန်ယူမယ်ဆိုရင်လည်း ခနဘဲ ပြန်ရတော့ ကျမတို့အတွက် အဆင်မပြေတော့ဘူး။ ကျမတို့ ဒီလိုဘဲ သွားနေရင် ဘာသွားစားတော့မှာလဲ။ နေရထိုင်ရတာလည်း အဆင်မပြေတော့ဘူး။ ကျမတို့ သွားနေရင်း သွားရင်း သေသွားမလားမသိဘူး အဲ့လိုဘဲ ထင်တော့တယ်။ ကြောက်တာပေါ့။ ကျမတို့ စပါးပြန်စိုက်လည်းမရတော့ဘူးထင်တယ်။ သူတို့ လေယာဉ်နဲ့ လာပစ်မှာကို ကြောက်တယ်။ အိမ်ပြန်ကို မပြန်ရဲတော့ဘူး။ တောင်ယာထဲမှာဘဲ နည်းနည်းပါးပါးလုပ်စားရတော့တယ်။ ”

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

” မိုးရာသီရောက်တော့မယ်ဆိုတော့ ကျမတို့ လယ်ယာပြန်ထွန်မယ်ဆိုရင်လဲ လက်နက်ကြီးနဲ့ ပစ်လာမှာကို ကြောက်တယ်လေး။ ကျမတို့ တောထဲ သွားနေရင်လည်း ရိက္ခာအခက်အခဲရှိတယ်ပေါ့။ နောက်ပိုင်းကျရင် စားစရာမရှိတော့မှာကိုကြောက်တယ်။ ကျမတို့ ကျန်သေးတဲ့ ရိက္ခာနည်းနည်း ကုန်သွားရင်တော့ နောက်ပိုင်းကျရင် အခက်အခဲရှိလာမယ်။ ကျမတို့ တောထဲမှာ ကလေးငယ်တွေနဲ့နေရတော့ အဆင်မပြေဘူး။ ဆေးဝါးတွေလည်းလိုတယ် စားဝတ်နေရေးအတွက်ကောပေါ့ အားလုံးက လိုအပ်နေတယ်။ ကျမတို့ အရင်လိုမျိုးကောင်းကောင်းမွန်မွန်နဲ့ ပြန်လုပ်ကိုင်သွားချင်တယ် ကျမစိတ်ထဲ့မှာ အဲ့လိုမျိုးရှိတာပေါ့။ ကျမတို့ လယ်မစိုက်ရဘူးဆိုရင် ကျမတို့ ကလေးတွေအတွက် စားစရာမရှိတော့ဘူး။ ပြီးတော့ကျမတို့ တောထဲမှာနေရတဲ့အတွက် ကလေးတွေက ကျောင်းလည်းမတက်ရတော့ဘူး။ သူတို့အတွက် တော်တော် စဉ်းစားပေးရတယ်ပေါ့ စားဖို့သောက်ဖို့ကော ကျန်းမာရေးအတွက်ကော။ ကျမတို့ ထော်လဂျီနဲ့ လူအများကြီး လယ်ပြန်စိုက်မယ် စက်နဲ့လယ်ပြန်ထွန်မယ်ဆိုရင်လည်း လက်နက်ကြီးသံကို မကြားနိုင်ဘူးလေး။ လက်နက်ကြီးသံကိုလည်းကြားနိုင်တယ်လေး။ ပြီးတော့ သူတို့ ကျမတို့ လူအစုလိုက်ကိုတွေ့မယ်ဆိုရင် လက်နက်ကြီးနဲ့ ပစ်လာနိုင်တာကြောင့် မပြန်ရဲဘူးပေါ့။ ”

ဦးဆော်ရယ် ( တောင်သူတစ်ဦး )

” ဒီနှစ်စားဖို့အတွက်ဆိုရင် နောက်နှစ်အစားအလုပ်လုပ်ရတာမျိုးရှိတယ် အဲ့လိုမျိုးဖြစ်နေတော့ ကျနော်တို့ ကြိုတင်ပြင်ဆင်ပြီးအလုပ်လုပ်လည်း အဲ့လောက်ထိမရတော့ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့က ကျနော်တို့ကို ကြောက်အောင်လုပ်တော့ ကျနော်တို့အတွက်တော်တော်လေး နှောက်နှေးခဲ့တာလည်းဖြစ်သွားနိုင်တယ်။ ကျနော်တို့ လယ်တွေပြန်စိုက်မယ်ဆိုရင်လည်း လက်နက်ကြီးပစ်လာနိုင်တယ်ပေါ့။ သူတို့က လျှောက်လျှောက်ပစ်တယ် ရည်ရွယ်ချက်နဲ့ပစ်တာလည်းပါတယ်ပေါ့ အဲ့ဒါကြောင့်မို့ ကြောက်နေရတယ်။ ”

မော်ဦးမြာ ( တောင်သူတစ်ဦး )

” ဒီတစ်နှစ် ကျမတို့အလုပ်လုပ်မယ်ဆိုရင် စဉ်းစားရမယ်။ ရှေ့ရေးလုံခြုံရေးလည်း မရှိဘူး။ အလုပ်သွားကြ လုံခြုံရေးယူပေးမယ်ဆိုတာမျိုးလည်း မရှိဘူး။ ကျမတို့ကလေးတွေကိုလည်း ချန်ထားလို့မရဘူး။ ကျမတို့နားမှာပဲခေါ်သွားရမယ်။ လက်နက်ကြီးတို့ လေယာဉ်တို့နဲ့ လာပစ်တယ် ပြီး‌တော့ ဘယ်ချိန်လာပစ်မလဲဆိုတာလည်း မသိဘူး။ လေယာဉ်လာပြီဆိုရင် ကျမတို့ထွက်ပြေးရတယ် ပုန်းနေရတယ်။ တောင်ယာသွားလုပ်နေရင်းနဲ့ လက်နက်ကြီးထိတဲ့သူတွေလည်းရှိတယ်။ ကျမတို့ လယ်ပြန်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ တောင်ယာတော့ လုပ်ကြတယ် ဒါပေမဲ့လည်း အဆင်ပြေတယ်ဆိုတာ မရှိပါဘူး။ ကျမတို့ လူနည်းနည်းများနေပြီဆိုရင် လက်နက်ကြီးနဲ့ ပစ်လာတယ်။ အိမ်မှာ ပြန်အိပ်ရင်လည်း လက်နက်ကြီးကျလာရင် ပြန်ပြေးရတာဘဲ။ စစ်ရှောင်စခန်းတွေကိုလည်း လက်နက်ကြီးတွေနဲ့ လိုက်ပစ်တော့ လေယာဉ်လာပြီဆိုရင်ပြေးရပြီ။ ကောင်းကောင်းလည်းမအိပ်ရဘူး။ အိပ်ရေးဝတယ်ဆိုတာလည်းမရှိတော့ဘူး။ ”

မော်ဖိုးမြာ ( တောင်သူတစ်ဦး )

” လယ်ပြန်စိုက်ရမှာလား မစိုက်ရဘူးလားဆိုတာ မသိဘူး။ လယ်ထွန်ပြီးပြီဆိုရင်လည်း ကောင်းကောင်းမစိုက်ရမှာကိုကြောက်တယ်။ အခြေအနေကဒီလိုဖြစ်နေတော့ စိတ်က ဇဝေဇဝါဖြစ်နေတယ်။ လယ်ကတော့ ပြန်ထွန်ထားတယ် စိုက်လို့ရမလား မရဘူးလားဆိုတာတော့ မသိဘူးပေါ့။ “

spot_img
spot_img