spot_img
Sunday, December 4, 2022
spot_img

တောင်ယာလုပ်ငန်းစွန့်ပြီးစျေးရောင်းရင်း အသက်မွေးဝမ်းကြောင်းပြုနေကြသူတွေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

အရင်က တောင်သူလုပ်ကိုင်စားသောက်နေကြတဲ့တောင်သူလယ်သမား နှစ်ယောက် အခု တနိုင်တပိုင် ဈေးဆိုင်ငယ်လေးဖွင့်ပြီး စစ်ဘေးဒုက္ခသည်စခန်းတခုမှာ ဈေးရောင်းနေကြပါတယ်။

သူတို့ နှစ်ဦးစလုံးဟာ တိုက်ပွဲမဖြစ်ခင်က တောင်သူအလုပ်ကို လုပ်ကိုင်ကြတာပါ။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲရှိ စစ်ဘေးဒုက္ခသည်စခန်းတခုမှာ ဈေးဆိုင်ငယ်စဖွင့်ပြီး ဈေးရောင်းရင်း အသက်မွေးဝမ်းကြောင်း ပြုနေကြတာပါ။

တောင်ယာအလုပ်လဲ ဆက်လုပ်ဖို့က အခုလို တောင်ယာတွေ ရွာတွေ မြို့တွေက စစ်မြေပြင်ဖြစ်နေချိန် မသွားရဲမလာရဲကြတော့ပဲ စခန်းထဲမှာလဲ တခြား ဝင်ငွေရစရာ အလုပ်လဲမရှိတာကြောင့်မိသားစု စားဝတ်နေရေး ထိခိုက်ခိုက်လာတယ်လို့ဒုကသည်စခန်း တခုမှာ ဆိုင်ငယ်လေးဖွင့်လှစ်ထားတဲ့ အမျိုးသား တစ်ဦးကပြောပါတယ်။

ဆိုင်ရှင်အမျိုးသားကတော့ ”တခြားဟာလုပ်စရာမရှိဘူး။ ဒီလိုပဲ ပတ်လည် လည်တယ်။ စားတာပဲ၊ ပိုတာက စားတာပေါ့။ ဘယ်လိုပြောမလဲ။ ကလေးလည်း တစ်နေကုန် တစ်နေကုန် ကိုယ့်ကိုယ် စားတယ်လေ။ ပြောရမယ်ဆို အပိုတော့မရှိဘူး။ ကလေးဝယ်ဖို့ သက်သာအောင်လောက်ပဲ။” လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းဖြစ်နေတဲ့အတွက်ကြောင့် ဝယ်ယူအားပေးတဲ့သူတွေကတော့ အခက်အခဲရှိပြီး ရောင်းအားတော့ မကောင်းလှပါဘူး။

တောင်ယာ လယ်ယာ လုပ်ရတာလဲ အရှူံးပေါ်နေတဲ့အပြင် အခုလို စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပဲဲဖစ်နေတဲ့ စစ်မြေပြင်ဖြစ်သွားတာကလည်း ဘာမှ ဆက်မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ တအားဆုံးရှုံးတယ်။ လယ်လည်းလုပ်ထားတယ် ရှုံးတယ်။ ပြောင်းဖူးလည်း ရှုံးတယ်။ ပြောင်းဖူးလည်း ပေါင်းမမှီဘူး။ ကြည့်လည်း ကြည့်မမှီဘူး။ နွားအကုန်လုံးစားတယ်။ လယ်လည်း နှစ်ပြန်လုပ်တယ်။ မစားရဘူး။ ခု ဒီတိုင်းပဲပြစ်ထားတယ်။ ဒီအာဏာသိမ်းတဲ့နောက်ပိုင်း ကျနော်တို့ တအားထိခိုက်တယ်”

သူက ယခင်က တစ်သက်လုံး တောင်ယာ လယ်ယာ လုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းပြုလာခဲ့သူဖြစ်ပါတယ်။ အခုလို စစ်ဘေးဒုက္ခသည် ဖြစ်နေချိန်မှာတော့ မိသားစု စားဝတ်နေရေးအတွက် ဆိုင်လေးဖွင့်လှစ်ထားတာဖြစ်ပါတယ်။

သူ့လိုပဲ စစ်ဘေးရှောင်နေချိန် တောင်ယာအလုပ်လဲ မလုပ်နိုင်တော့သလို ကလေး မုန်းဖိုးရဖို့ တခြား ဝင်ငွေလည်းမရှိတာကြောင့် ကလေးမုန့်ဖို့ရအောင် ရည်ရွယ်ပြီးဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးလည်းရှိပါတယ်။

သူမကလည်း တချိန်က တောင်သူလယ်သမားအလုပ်ပဲ လုပ်တတ်ပြီး အခုတော့ စခန်းတခုမှာ စျေးရောင်းရင်း အသင်မွေးဝမ်းကြောင်းပြုနေသူ ဖြစ်ပါတယ်။

၎င်း အမျိုးသမီးက “ရွာမှာနေတုန်းကဆို ဆိုင်တော့ မဖွင့်ဘူးပေါ့နော်။ ဒီမှာ စစ်ရှောင်ကြတော့ အဲ့မှာ ကိုယ့်ကလေးအတွက်လည်း မုန့်စားရအောင်ပေါ့နော်။ သူများကလေးလည်းစားရအောင် အဲ့မျိုး၊ ဒီမှာ ဆိုင်ဖွင့်ဖြစ်တာပေါ့။”လို့ပြောပါတယ်။

သူ့ဆိုင်မှာတော့ ကလေးမုန့်တွေအပြင် လူကြီးအတွက် ကွမ်းသီး၊ ကွမ်းရွက်စတဲ့ ကုန်ပစ္စည်းအချို့ကိုလည်း တင်ရောင်းထားပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းမှာနေတဲ့သူတွေကလည်း အပြင်ထွက်ပြီး ဈေးဝယ်ဖို့ အခက်အခဲတွေရှိနေတာကြောင့် အရေးပေါ်အတွက်တော့ သူတို့လို တနိုင်တပိုင်ဖွင့်ထားတဲ့ ဆိုင်ကိုပဲ အားကိုးရပြန်ပါတယ်။

စစ်ရှောင်ပြည်သူတစ်ဦးက ”ကလေး တခါတလေ မုန့်ငတ်တယ်လေနော်။ ကျနော်တို့ ဆား၊ အချို့မှုန့်တို့ အဲ့မျိုးစသဖြင့်ပေါ့။ ခက်ခဲတော့ ဆိုင်ဆို ဘယ်မှာ သွားဝယ်ရမှန်းမသိဘူးလေနော်။ ကျနော်တို့ စစ်ရှောင်အချင်းချင်းထဲ ရပ်ကွက်ထဲကနေ ဈေးလာရောင်းကျတော့ ကျနော်တို့ ကလေးအတွက်လည်း အဆင်ပြေတယ်။ ကျနော်တို့ အတွက်လည်း အဆင်ပြေတယ် ပြောရမှာပေါ့နော်။ တကယ်တမ်းသူတို့ လာလုပ်ဆိုလည်း စီးပွားရေးမဟုတ်ဘူးလို့ ကျနော်ထင်တာပေါ့နော်။”လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ ဈေးရောင်းရတာ မလွယ်ပါဘူး။ ကုန်ပစ္စည်းတွေကို သွားရောက်ဝယ်ယူဖို့အတွက် တိုက်ပွဲအခြေ အနေကြည့်ရသလို ကုန်ဈေးနှုန်းတွေလည်း တက်လာတဲ့အတွက် အမြတ်တင်ရောင်းဖို့ အခက်တွေ့စေပါတယ်။

ဒီလိုအခြေအနေမျိုးမှာမှ ဆိုင်ကရောင်းလို့ရတဲ့ အမြတ်အစွန်းတချို့ကနေ အလှူလုပ်ဖြစ်သွားတဲ့အကြောင်း ဆိုင်ရှင်အမျိုးသမီးက ဆိုပါတယ်။

“ဆိုင်အတွက်တွေ ပြန်ရင်းနှီးတာရှိတယ်။ ဥပမာ မိဘမဲ့တွေမျိုးပေါ့နော်။ အဲ့မှာ လှူသွားတာမျိုးတွေရှိတယ်။ အဲ့မျိုးမရှိတဲ့ လူဆိုတော့ နည်းနည်းပေးတာ၊ ကမ်းတာတော့ အဲ့မျိုးရှိတာပေါ့နော်။”

ဒီဆိုင်ရှင်နှစ်ဦးစလုံးဟာ တောင်သူလယ်သမား ဘဝကနေ တောင်သူလုပ်ငန်းကို စွန့်ပစ်ခဲ့ရပြီး စစ်ဘေးဒုက္ခသည် ဖြစ်လာကြရင်း မိသားစု စားဝတ်နေရေးကို အခုလို ဈေးဆိုင်နဲ့ တဖက်တလမ်း ရှာဖွေနေကြရတဲ့သူတွေပါ။

တိုင်းပြည် ပြန်လည်အေးချမ်းမည့်တနေ့ အခြေအနေအကောင်းတဲ့ တစ်နေ့ကြရင် မိသားစုစားဝတ်နေရေးအတွက် ပြစ်ထားခဲ့တဲ့ မူရင်း လယ်ယာလုပ်ငန်းတွေကို ပြန်လုပ်ကိုင် နိုင်မည်လို့ သူတို့ ယုံကြည်ထားကြပါတယ်။

Related Stories