spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောင်ယာအပြန် စစ်ရှောင်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဘယ်ခြေထောက်ဆုံးရှုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း ဒေါတဟေးကျေးရွာမှာ စစ်ရှောင်နေတဲ့ အမျိုးသားတစ်ဦး ယမန်နေ့ ( ဇန်နဝါရီလ ၃၀ ရက်နေ့ ) က တောင်ယာကအပြန် မိုင်းနင်းမိပြီး ဘယ်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။

“မနေ့က ပဲစဉ်းငုံသွားခူးတာ ဒေါတဟေးရွာအရှေ့ဘက်မှာ ပဲစေးငုံသွားခူးပြီးတော့ ည ၆နာရီလောက်မှာ ပြန်လာတာ ပြန်လာတဲ့အချိန်မှာ လမ်းမှာ နင်းမိတာပေါ့။ နင်းမိပြီးတော့ အဲဒီရွာမှာ ဆရာမတွေလည်းရှိတဲ့အခါတော့ သူတို့ ကျနော်တို့ကို အကြောင်းကြားလာတာကတော့ ည ၁၂နာရီလောက်မှ အကြောင်းကြားလာတာ။ အသက်အန္တာရာယ်လည်းမစိုးရိမ်ရလောက်ဘူး။ ဒါပေမယ့် ဘယ်ခြေကတော့ ပြတ်သွားတယ်။ ညာခြေကလည်း ယမ်းစတွေထိသွားတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ သူဟာ အသက် ၂၃နှစ်အရွယ် မောင်ဆော်ရယ်ဖြစ်ပြီး လွိုင်ကော်မြို့ ဒေါတချားကျေးရွာကနေ ဒေါတဟေးကျေးရွာဘက်ကို စစ်ရှောင်ရင်း တောင်ယာအလုပ် လုပ်ကိုင်နေတာဖြစ်ပါတယ်။

မောင်ဆော်ရယ်နင်းမိတဲ့မိုင်းဟာ မည်သည့်မိုင်းအမျိုးအစားဖြစ်တယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

လွိုင်ကော်မြို့ ထီးစဲခါးကျေးရွာအုပ်စုရှိ ဒေါတဟေးကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျရောက်တာတွေလည်း ရှိခဲ့ဖူးပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေနဲ့ စစ်ကောင်စီတပ်စွဲခဲ့တဲ့နေရာတွေမှာ အရပ်သားပြည်သူတွေပြန်လည်နေထိုင်ရင်း မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရသူတွေရှိနေသလို၊ အသက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts