spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောင်သူတွေ တာဝန်ယူမှု/ တာဝန်ခံမှု မရှိရခြင်းကြောင့် ဆိတ်မွေးမြူရေး အရှုံးပေါ်ဟု ဆို

Author

Date

Category

စိုးထိုက်အောင်

ဆိတ်မွေးမြူရေး အရှုံးပေါ်ရတာဟာ ဆိတ်မွေးတဲ့ တောင်သူတွေ အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာကြောင့်ဖြစ်တယ်လို့ ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဘော့စ်ကိုက ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ ဆုံးရှုံးမှု မရှိရလေအောင်ဆိုပြီး နည်းစနစ်တွေ သင်တန်းတွေပေးတွေ ပေးခဲ့ပါတယ်။ သင်တန်းတွေပေးပြီးမှပဲ ကျတော်တို့ ဆိတ်မွေးမြူရေးလုပ်ငန်းကို စတင်ဆောင်ရွက်ပါတယ်။ စတင်ဆောင်ရွက်တဲ့ အချိန်မှာပဲ ကျတော်တို့ဆိတ်တွေအလေအလွင့်မရှိအောင်၊ သေဆုံးမှု မရှိအောင် ကျတော်တို့မွေးမြူတောင်သူနဲ့ ကျတော်တို့ ကတိဝန်ခံချက်ဆိုတာ ဆောင်ရွက်ထားတာ ရှိပါတယ်။ အဲ့ဒီအပြင် ဒီဆိတ်မွေးမြူရေးလုပ်ငန်းမှာ ဒီကျတော်တို့ကယားပြည်နယ်မှာ တကယ်တမ်း ကယားပြည်နယ်ရဲ့ဒေသ နယ်မြေအခြေအနေအရ၊ ရာသီဥတုအခြေအနေအရ တကယ်တမ်း ကိုက်ညီတဲံဒေသဖြစ်ပါတယ်။ အဲ့ဒီကိုက်ညီတဲ့ ဒေသဖြစ်ရဲ့သားနဲ့ဘာကြောင့်အရှုံးပေါ်တာလည်းဆို အခုနပြောတဲ့ ကျတော်တို့တောင်သူတွေရဲ့စာချုပ်မှာပါတဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အတွက်ကြောင့် အရှုံးပေါ်ရခြင်းပဲဖြစ်ပါတယ်။” လို့ ဦးဘော့စ်ကိုကပြောပါတယ်။

ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဘော(စ်)ကိုကနေပြီး ဆိတ်မွေးမြူရေး နဲ့ပတ်သက်လို့ ဇူလိုင်လ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ မှာပြောကြားသွားခဲ့စဉ်။

ကယားပြည်နယ်အတွင်း တောင်သူတွေထံဆိတ်မွေးမြူရေးဖြန့်ဝေပြီးမွေးမြူတဲ့လုပ်ငန်းမှာ အရှုံးပေါ်နေတယ်လို့တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့မှ ဇွန်လ ၁၁ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့မှလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

ခံနိုင်ရေကောင်းတဲ့ဆိတ်မွေးမြူရေးကို ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြန့်ဝေစဉ် အပင်ပန်းခံစောင့်ရှောက်ပေးခြင်း၊ သင်တန်းများပေးခြင်း၊ လက်လှမ်းမှီသလောက်စွမ်းစွမ်းသမန်ဆောင်ရွက်ပေးခဲ့တယ်လို့စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက ဇွန်လ ၁၂ရက်နေ့မှာကျင်းပပြုလုပ်တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ဆိတ်မွေးမြူရေး လုပ်ငန်းအတွက် ကယားပြည်နယ်ဘဏ္ဍာငွေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်း(၄၀) နဲ့ ဆိတ်အကောင်ရေ (၄၀၀) ၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်း(၅၈) သန်းနဲ့ ဆိတ်အကောင်ရေ (၅၈၀)၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ရန်ဘုံငွေ သန်း(၁၅၀)နဲ့ ဆိတ်အကောင်ရေ(၁၅၈၀) ကောင်ကို ပြည်နယ်အတွင်းမွေးမြူခဲ့ပေမဲ့ အောင်မြင်မှု မရှိတဲ့ အတွက်ကြောင့် ဘဏ္ဍာငွေတွေသာ ဆုံးရှုံးနေရတယ်လို့သိရပါတယ်။

ဆိတ်မွေးမြူရေးလုပ်ငန်းက အရှုံးပေါ်နေရတာနဲ့ပတ်သတ်ပြီး ဆုံးရှုံးမှုတွေကို လျော့ကျသွားစေဖို့ဆိတ်အစားထိုးပြန်လည်မွေးမြူခြင်းတွေကို ဌာနရဲ့ မူဝါဒတွေနဲ့ အညီ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ဦးဘော့စ်ကိုက ပြောပါတယ်။

“ ဒီဆုံးရှုံးမှု နည်းပါးလျော့ကျသွားစေရန်အတွက်လည်း ဆိတ်သားကို သားပေါက်နှုန်းနဲ့သွားပါတယ်။ တစ်ကောင်ကို အနည်းဆုံး တစ်နှစ်ကို (၅)ကောင်ခန့်သာဆိတ်သားပေါက်ရရှိပါတယ်။ ဒါကြောင့်မို့လို့အချိန်တစ်လပေးပြီး ကျတော်တို့ပြန်လည်မွေးမြူပြီး အကျိုးအမြတ်ရရှိအောင်စီမံဆောင်ရွက်လျှက်ရှိပါတယ်။ ကျတော်တို့ဆိတ်အစားထိုးပြန်လည်မွေးမြူခြင်းကိုလည်းဌာန၏ မူဝါဒနှင့်အညီ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆောင်ရွက်နေဆဲဖြစ်ကြောင်းပြောကြားလိုပါတယ်။” ဟုဆိုပါတယ်။

ဒေသခံတွေရဲ့ အဆိုအရတော့ ပြည်မဘက်ကနေ ယူလာတဲ့ ဆိတ်တွေဟာ ဒီဒေသရဲ့ ရာသီဥတုနဲ့ မကိုက်ညီတာကြောင့် အသေအပျောက်များတယ်လို့ ဆိတ်မွေးမြူသူတဦးကပြောပါတယ်။

“ သူက အပူပိုင်းကနေလာတယ် အစားအသောက်ကလည်း အပြောင်းအလဲ ဖြစ်သွားတယ်၊ နောက်နေရာဒေသလဲ အပြောင်းအလဲ ဖြစ်သွားတယ်၊ နောက်လာတဲ့ ဆိတ်တွေကလဲ လန်းလန်းဆန်းဆန်းဆိတ်တွေမဟုတ်ဘူး အဲ့လိုမျိုးပေါ့နော်။ ဘယ်လိုဘဲဖြစ်ဖြစ်ရောဂါတစ်ခုမဟုတ်တစ်ခုပါပြီးသား။” လို့ဆိုပါတယ်။

ဆိတ်မွေးမြူတဲ့ တောင်သူတွေ လက်မှတ်ရေးထိုးထားတဲ့ မွေးမြူရေး စနစ်စာချုပ်မှာ ဆိတ်မွေးမြူရေး သက်တမ်း ၁နှစ် အတွင်း လက်ခံရယူထားတဲ့ ဆိတ်တွေနဲ့ပါတ်သက်ပြီး ပျက်စီးဆုံးရုံးမှု ဖြစ်ပေါ်ရင် ပေးအပ်တဲ့သူမှာ တာဝန်မရှိပဲ လက်ခံရယူတဲ့ တောင်သူတွေက တာဝန်ယူရမှာဖြစ်ပြီး မူလ တန်ဖိုးအတိုင်း ပေးလျော်ရန် ပါရှိပါတယ်။

spot_img
spot_img

Recent posts