CATEGORY
စိုက်ပျိုးရေး
ဒီနှစ်စိုက်ပျိုးရာသီမှာ တောင်သူတချို့ ဝမ်းစာဖြေရှင်းနိုင်ရုံသာ စိုက်ပျိုးနေရ
ကန္တာရဝတီတိုင်း(မ်)
တိုက်ပွဲဖြစ်ပွားလာတာ တစ်နှစ်ကျော်ကာလ ရှိနေပြီဖြစ်တဲ့ ကရင်နီပြည်မှာ တောင်သူတွေဟာ ယခုနှစ်စိုက်ပျိုးရာသီမှာ စားလောက်ရုံအတွက်သာ စိုက်ပျိုးရေးကြရတယ်လို့ ဆိုပါတယ်။
ယခုနှစ်အတွက် စိုက်ပျိုးရာသီရောက်ပြန်ရောက်လာပေမယ့် တောင်သူအများစုဟာ စစ်ရှောင်ရတဲ့အတွက် သီးနှံလုံးဝ မစိုက်ပျိုးနိုင်တဲ့ သူတွေတောင် ရှိနေတယ်လို့ဆိုပါတယ်။
``ကျွန်တော်မှာ လယ်၊ တောင်ယာတော့ ရှိပါတယ်။ ဒါပေမဲ့ အကုန်လုံးလုပ်စားဖို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့...
ငွေတောင်ဆည်ရေခမ်းခြောက်တာကြောင့် ဒီနှစ်နွေစပါးစိုက်ခင်း တစ်ဝက်ခန့်ကိုသာရေပေးနိုင်တော့မယ်လို့ ခန့်မှန်းထား
စိုးထိုက်အောင်
ဒီနှစ်ငွေတောင်ဆည်အတွင်းကို ရေဝင်နည်းတဲ့ အတွက် ပုံမှန်ရေပေးဝေနေကျ နွေစပါး စိုက်ခင်းတွေရဲ့ တဝက်လောက်ကိုပဲ ရေပေးနိုင်တော့မယ်လို့ ကယားပြည်နယ် ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ပြည်နယ် ဒုညွန်ကြားရေးမှူး ဦးဝေလွင်ကပြောပါတယ်။
ဒီနှစ်မှာ မိုးနည်းတဲ့အတွက် ဆည်အတွင်း လုံလောက်တဲ့ ရေပမာဏကို သိုလှောင်မထားနိုင်ဘူးလို့ ဆိုပါတယ်။
“ ဒီနှစ်ကတော့...
ကပ်ရောဂါကာလအတွင်း ပြောင်းဈေးကျပြီး တောင်သူတွေစိုးရိမ်မှုတွေမြင့်တက်လာ
အန်ထောနီ
ကိုရိုနာဗိုင်းရပ်(စ်)ထိန်းချုပ်ရေးလုပ်ငန်းမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် ပြောင်းဝယ်သူတွေနည်းလာပြီးတော့ ဈေးတွေလည်း တဖြည်းဖြည်းထိုးကျလာတဲ့အပေါ် ပြောင်းစိုက်တောင်သူတွေ အခက်တွေ့ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
အခုလိုပြောင်းဈေးတွေကျလာတဲ့အတွက် လုပ်အားခနဲ့ကုန်ကျစရိတ်တွေက အမြတ်မရှိတဲ့အပြင် အရှုံးပေါ်မှာကို စိုးရိမ်နေကြရပါတယ်။
“ တစ်ကယ်လို့ဈေးမရှိတဲ့အချိန်ဆိုရင် အလုပ်သမားခေါ်တဲ့အပေါ်မှာလည်း တစ်နေ့ကို ၆၀၀၀ ကျပ် ပေးရတယ်။ ဒါပေမယ့် ကျနော်တို့တစ်ခါတစ်လေပြန်တွက်ကြည့်မယ်ဆိုရင် ဒီဈေးနှုန်းနဲ့ ဒီအလုပ်သမားခနဲ့...
ဘိန်းပန်းတွေရဲ့ နေဝင်လုနီးချိန်
ခွန်းကလိုင်းဖရီး
၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးနေရာကနေ တတိယအများဆုံးအဆင့်သို့ လျော့ကျသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘိန်းထုတ် လုပ်မှု ဒုတိယ အများဆုံး နေရာမှာရှိခဲ့ပေမယ့် တတိအများဆုံးနေရာမှာ ရှိခဲ့တဲ့ မက္ကဆီကိုနိုင်ငံက နောက်ပိုင်းမှာ ဓာတုဗေဒသုံးပြီး မူးယစ်ဆေးဝါးတွေ အမြောက်အများထုတ်လုပ်တာကြောင့် ကမ္ဘာ့ဒုတိယ...
ပုံစံ(၇)မရှိတဲ့တောင်သူတွေ အတွက်စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေ တွေလုပ်ဆောင်နိုင်ပြီ
စိုးထိုက်အောင်
၂၀၂၀ ဇွန်လ ၁၂ ရက်နေ့က အတည်ပြုလိုက်ပြီဖြစ်တဲ့ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ၊ စုငွေဥပဒေ အရ ပုံစံ (၇) မရှိတဲ့ တောင်သူတွေလည်း ချေးငွေ၊စုငွေတွေကို ရယူနိုင်ပြီဖြစ်တယ်လို့ LAW HOME အဖွဲ့မှ ဥပဒေအကြံပေး ကိုကျော်ဝဏ္ဏအောင် ကပြောပါတယ်။
“ပုံစံ(၇) ရှိခြင်းမရှိခြင်းနဲ့မသက်ဆိုင်ဘူးပေါ့ ဒီဥပဒေမှာက...
မိုးရွာသွန်းမှုကြောင့် နှမ်းခင်းဧက ၂၀ကျော် ရေမြှုပ်ပျက်ဆီး
ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့ဩဂုတ်လ ၃ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာမှာ တောင်သူအချို့စိုက်ပျိုးထားတဲ့ နှမ်းခင်းဧက ၂၀ကျော် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။
နှမ်းခင်း ၅ဧက စိုက်ပျိုးထားတဲ မသင်းထူးဆန်းက “ မနေ့ညကမှပေါ့ ချောင်းရေကြီးတာလည်းပါမယ်ထင်တယ် မနေ့က လပြည့်နေ့ဆိုတော့ ဘုန်းကြီးကျောင်းတက်ရင်းနဲ့ နှမ်းခင်းထဲရေဝင်ကုန်ပြီဆိုတာနဲ့သွားကြည့်တော့ နှမ်းကအဲလိုဖြစ်ကုန်တာ” လို့ ပြောပါတယ်။
ရိတ်သိမ်းပြီးစ...
မိုးရွာသွန်းမှုနည်းပါးတဲ့ ဘောလခဲမြို့နယ်ဘက်က နှမ်းပင်တွေပျက်စီးမှုဖြစ်ပွားလျက်ရှိ
စိုးထိုက်အောင်
ဘောလခဲမြို့နယ်မှာအတွင်းမှာ ဒီနှစ် မိုးရွာသွန်းမှုနည်းပါးတဲ့အတွက်ကြောင့်နှမ်းပင်တွေညိုးပြီးခြောက်သွားကာ အပင်တွေသေကုန်တယ်လို့ နှမ်းစိုက်တောင်သူတွေ ထံကနေ ကြားသိရပါတယ်။
နှမ်း ၂ဧကစိုက်ပျိုးထားပြီးအားလုံးနီးပါး ပျက်ဆီးသွားတဲ့ ဘောလခဲမြို့ ကယားပိုင်းစုစည်းရွာမှ မကြည်ကြည်ဝင်းက “ အဲ့လိုမျိုး ကျဲပြီးခါကျတော့ မိုးကမရွာတော့ ခါကျတော့ အကုန်လုံးပျက်ဆီးကုန်တာပေါ့ နှမ်းကမတတ်နိုင်တော့ဘူးလေ ညိုးပြီးတော့ သေကုန်တယ်။”လို့ပြောပါတယ်။
တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ တောင်သူတွေက နှမ်းကိုသာအဓိက စိုက်ပျိုးကြတာဖြစ်ပြီး...
တောင်သူတွေ တာဝန်ယူမှု/ တာဝန်ခံမှု မရှိရခြင်းကြောင့် ဆိတ်မွေးမြူရေး အရှုံးပေါ်ဟု ဆို
စိုးထိုက်အောင်
ဆိတ်မွေးမြူရေး အရှုံးပေါ်ရတာဟာ ဆိတ်မွေးတဲ့ တောင်သူတွေ အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာကြောင့်ဖြစ်တယ်လို့ ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဘော့စ်ကိုက ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
“ ဆုံးရှုံးမှု မရှိရလေအောင်ဆိုပြီး နည်းစနစ်တွေ သင်တန်းတွေပေးတွေ ပေးခဲ့ပါတယ်။...
မိုးရွာသွန်းမှုနည်းပါးလို့ ဖယ်ခုံမြို့နယ် အလယ်ကယန်းဒေသရှိ တောင်သူတွေ အခက်တွေ့
ခွန်းကလိုင်းဖရီး
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသတွင် မိုးရွာသွန်းမှုနည်းပါးတဲ့အတွက် တောင်သူလယ်သမားတွေက ရေအလုံအလောက် မရရှိဘဲ လယ်မြေထွန်ယက်စိုက်ပျိုးရာမှာ အခက်အခဲကြုံ တွေ့နေကြရပါတယ်။
၎င်းအခက်အခဲနှင့် ပတ်သက်ပြီး တောင်သူ ခွန်းအလေးရှိုက “ရေမရတဲ့ နေရာမျိုးခါကျတော့ ပိုပင်ပန်းတာပေါ့။ တစ်ရက်တစ်ရက်လုပ်တာ နဲနဲပဲ သွားတဲ့အခါကျတော့ မြေနဲ့ ပြောမယ်ဆို ရေရှိတဲ့ဟာဆို ပိုမြန်တာပေါ့။ ရေမရှိတဲ့...
ပိုးနှစ်ပိုးနဲ့ ပြောင်းစိုက်တောင်သူတွေရဲ့ ဘဝ
မီမြာ
အသက်၆ဝလောက်ရှိပြီဖြစ်တဲ့ ဦးတီရယ်ကတော့ စိုက်ထားတဲ့ ပြောင်းဖူးခင်းမှာ ငမြောင်တောင်ပိုး ဖျက်ဆီးနေတဲ့အတွက် ပိုးကို လက်နဲ့တစ်ကောင်ချင်း ဖယ်ရှားနေပါတယ်။
ပိုးက အညိုရောင်ဖြစ်ပြီး အရှည်(၃)စင်တီမီတာလောက်နဲ့ ဆန်စေ့နှစ်စေ့အရွယ်အစားလောက်ကြီးပါတယ်။
ကယားပြည်နယ်မှာ ပြောင်းဖူးပင်ပိုးကျတဲ့ ပြဿနာကို အရင်နှစ်ကစပြီး ပြောင်းစိုက်တောင်သူတွေ ကြုံတွေ့ခဲ့ရပြီး ပြောင်းအထွက်နှုန်းကျဆင်းမှုတွေရှိခဲ့ပါတယ်။
ဒီနှစ်မှာလည်း ပြောင်းခင်းပိုးကျတယ် covid-19 ကပ်ရောဂါလည်းဖြစ်ပွားနေတဲ့အတွက် တောင်သူတွေ ပြောင်းဈေးနှုန်းအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။
ပြောင်းကို...