spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောင်သူနှင့်စစ်တပ်မြေယာအငြင်းပွားမှုတွင် တိုင်းရင်းသားအခွင့်အရေး ကာကွယ်ပေးသည့် ဥပဒေများ သိရှိရန်လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်တွင် တောင်သူများနှင့် စစ်တပ်ဖြစ်ပွားနေသည့် မြေယာအငြင်းပွားမှုပြဿနာများကို အမြန်ဆုံးဖြေရှင်းနိုင်ရန် သက်ဆိုင်ရာများက တိုင်းရင်းသားအခွင့်အရေးကာကွယ်ပေးသည့် ဥပဒေများကို သိရှိရန်လိုအပ်နေသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ပြောပါသည်။

တရားစွဲဆိုထားသည့်စစ်တပ်ဖြစ်စေ၊ တရားစွဲသည့်အဖွဲ့များဖြစ်စေ၊ ဥပဒေအရာရှိများဖြစ်စေ၊တရားသူကြီးများဖြစ်စေ၊ ရှေ့နေများဖြစ်စေ ဥပဒေများကို မြန်မြန်ဆန်ဆန်သိမှ သာလျှင် ယခု စစ်တပ်နှင့် တောင်သူဖြစ်ပွားနေသော ပြဿနာကို ဖြေရှင်းနိုင်မည်ဟု သုံးသပ်ပြောဆိုသွားခြင်းဖြစ်သည်။

“နောက် အဲမှာ သိမ်းထားတာ ကျနော်တွေ့တာက ၂၀၁၄ မြေယာလည်း မြေသိမ်းတဲ့အခါမှာ မြေသိမ်း ဥပဒေတွေ ရှိသေးတယ်။ ဟုတ်ပြီ အထောက်အထား တောင်သူတွေမှာ ဒီအမူထဲမှာ သွားတွေ့တာ အနှစ် ၅၀ စိုက်ထားတယ်ဆိုတာ။ ဒါဆို တိုင်းရင်းသားတွေရဲ့ မိရိုးဖလာ တမူထူးခြား ဆိုတာဘာလဲ။” ဟု ဦးမြင့်သွင်က ပြောပါသည်။

နှစ်ပေါင်း ၅၀ စိုက်ပျိုးထွန်ယှက်လာသည့် ဒေသခံ တိုင်းရင်းသား တောင်သူများ၏ တောင်ယာများကို လုံခြုံစိတ်ချအကာအကွယ်ရှိစေရန် ဥပဒေပြဌာန်းရန် လိုအပ်နေသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ပြောပါသည်။

“သူတို့ကို ကုစားပြီး အနှစ် ၅၀ လောက် စိုက်နေတဲ့ ဘဝကို လုံခြုံအောင် အကာအကွယ်ရှိအောင် ကျနော်တို့ ဥပဒေသည် ပြန်ဌာန်းလိုနေသေးတယ်။” ဟု ဦးမြင့်သွင်က ပြောပါသည်။

၎င်းမှ တရားစွဲခံရသည့် တောင်သူများ ဥပဒေနှင့် အညီ နိုင်ငံသားများ အကာအကွယ်ပေးနိုင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်နေ့၌ ဒီးမော့ဆိုမြို့ တရားရုံးတွင် တောင်သူများ ရုံးချိန်းသို့ လာရောက်လေ့လာခဲ့သည်။

ရုံးချိန်းသို့လာနေရသည့် တောင်သူတချို့သည် ဗမာစကားမပြောတတ်သည့်အတွက် ဥပဒေလမ်းကြောင်းအရ တရားရုံးတက်ရာတွင် အခက်အခဲများလည်းရှိနေသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမ္မဂ ဥက္ကဌ ကိုတူရယ်က ပြောပါသည်။

“ပြီးတော့ ဘာသာစကားတွေပေါ့။ တိုင်းရင်းသားဘာသာစကားကလွဲရင် ဗမာစကားလည်း မပြောတတ်ဘူး။ သူမအတွက် အရမ်းအခက်အခဲကြုံတွေ့နေရတာပေါ့”ဟု ကိုတူရယ်ဆိုသည်။

တရားစွဲခံထားရသည့် တောင်သူများသည် ၎င်းတို့တောင်ယာမြေတွင် ဖိုးဘွားစဉ်ဆက် စိုက်ပျိုးလာကြသည့် သူများဖြစ်သော်လည်း တစ်စုံတစ်ရာအထောက်အထားများ မရှိပေ။

သို့သော်၎င်းတို့တွင် အထောက်အထားတစ်စုံတစ်ရာမရှိသော်လည်း ယခုလိုသိမ်းချင်တိုင်းသိမ်း၊ တရားစွဲချင်တိုင်း စွဲ၍မရကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပုဒ်မ ၂၇ အရ တိုင်းရင်းသားများကို သွေးခွဲစေသည့် စကားများမပြောရကြောင်း၊ပုဒ်မ ၂၂ အရ တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများကိုဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၃၄၇အရ တန်းတူအခွင့်အရေးရရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၃၅၅အရ နိုင်ငံသားများ မည်သည့်နေရာတွင်မဆို နေထိုင်ခွင့်ရှိကြောင်း ဦးမြင့်သွင်က သုံးသပ်ပြောဆိုထားပါသည်။

ထို့ကြောင့် ယခုကဲ့သို့ နှစ် ၅၀ စိုက်ပျိုးလာသည့် တိုင်းရင်းသားများ၏ မြေယာများကို သိမ်းဆည်းမောင်းထုတ်မည်ဆိုပါက မြေလွတ်မြေလပ်မြေရိုင်း ဥပဒေအရ နည်းဥပဒေတွေ အပိုင်း ၅၂ (ခ) အရ လျော့ကြေး နှစ်နာကြေးများပေးရမည်ဖြစ်ကြောင်း သစ်တောဥပဒေတွင်လည်း အထောက်အထားမရှိသည့်မြေနှင့်ပတ်သက်ပြီး လျောကြေးနစ်နာကြေးတွေပြန်ပေးရန် အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း သက်ဆိုင်ကြောင်း ဆက်ပြောသွားပါသည်။

လက်ရှိ ကယားပြည်နယ်တွင် စစ်တပ်မှ သိမ်းဆည်းထားသည့်မြေယာပေါ်တွင် တောင်သူများကလည်း နှစ်စဉ်နှစ်တိုင်း သီးနှံစိုက်ပျိုးနေသည့်အတွက် အငြင်းပွားမှုများဖြစ်ပေါ်နေသည့်အပေါ် တောင်သူ ၂၂ ဦး တရားစွဲခံနေရပြီး ထောင်အချုပ်ကျနေသူ ၁၂ ဦးရှိသည်။

spot_img
spot_img

Recent posts