spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောမီးကြောင့် ရွာနေအိမ် မီးလောင်မှာကို စစ်ဘေးရှောင်ဒေသခံတွေ စိုးရိမ်

ကန္တာရဝတီတိုင်း(မ်)

ဖေဖော်၀ါရီလမှ မတ်လအတွင်းဟာ တောမီးလောင်တဲ့ ရာသီဖြစ်တာကြောင့် နေအိမ်ခြံ သန့်ရှင်းရေး ပြန်မလုပ်နိုင်သေးတဲ့ ဒီးမော့ဆိုမြို့နယ် ဒေသခံစစ်ဘေးရှောင်တွေဟာ မိမိတို့နေအိမ်ခြံ၀န်းထဲ တောမီး ကူးစက်လောင်ကျွမ်းမှာကို စိုးရိမ်နေကြတယ်လို့ ပြောဆိုကြပါတယ်။

” အေပေါ့ အခုချိန်မှာ ကိုယ်ပြန်မီးရှို့ချင်တယ်ဆိုရင်တောင် ပတ်၀န်းကျင်က တချို့တွေကျတာ့ အိမ်နီးနားချင်းတချို့တွေကျတော့ အဝေးကြီးရောက်သွားတော့ ပြန်လာမရှင်းနိုင်တာရှိတယ်လေး။ ခြုံတအားထူတဲ့ခါ ကိုယ်ရှို့မယ်ဆို ဆက်ကူးသွားမှာလည်းကြောက်တယ်။ နောက်ကိုယ်မရှို့ဘူးဆိုလည်း တောမီးရန်လည်း ကြောက်တဲ့ခါကျတော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး” လို့ ဒီးမော့ဆို၊ စံပြ ၆ မိုင် ကျေးရွာကနေ စစ်ဘေးရှောင််နေတဲ့ ဒေါ်မာတလေးနာ က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေသခံတွေဟာ ၂၀၂၁ခုနှစ် မေလကတည်းက စစ်ဘေးရှောင်ခဲ့ရတာဖြစ်ပြီး နေရပ်ပြန်နေထိုင်လို့မရသေးတာကြောင့် မိမိတို့အိမ်ခြံဝန်းတွေမှာ သစ်ပင်၊ ခြုံနွယ် ထူထပ်နေတဲ့အတွက် မီးကူးစက်လောင်ကျွမ်းမှာကို စိုးရိမ်နေကြတာပါ။

၂၀၂၃ နှစ်ကုန်ပိုင်းမှာ ဒေသခံတွေ နေရပ်ပြန်ပြီး ခြံရှင်းလင်းရေးလုပ်ကြပေမဲ့ စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းထောင်ထားတာကြောင့် အသက်အန္တာရာယ်စိုးရိမ်ရတဲ့အတွက် နေအိမ်တိုင်းကိုတော့ သန့်ရှင်းရေး မပြုလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

“စိုးရိမ်ရတာပေါ့။ ကိုယ်ကလည်းစစ်ပြေးနေတယ်ဆိုတော့ အိမ်က သန့်ရှင်းရေး နည်းနည်းပါးပါးတော့ ပြန်ပြင်ဆင်ထားတယ်။ ဒါမဲ့ ဒီရာသီဥတုအနေနဲ့ ကတော့ ဘယ်လိုလာမလဲ ဆိုတာကိုလည်းမသိသေးဘူးလေးနော။ မြက်တွေက လေပွေနဲ့ ဘာနဲ့ဆိုတော့ ပြောလို့ ခန့်မှန်းလို့လည်းမရဘူးပေါ့နော”လို့ ဒေါဘူးငံရယ်ကျေးရွာကနေ စစ်ဘေးရှောင်နေတဲ့ ဦးအာလင်းရှိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ ဒီးမော့ဆိုမြို့နယ်အတွင်းက ဒေါဘူးငံရယ်ကျေးရွာမှာ တောမီးလောင်ကျွမ်းပြီး ကျေးရွာအနီးထိ ကူးစက်ခဲ့ရာ နေအိမ်၄ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ တောမီးကူးစက်မှုကနေ ကာကွယ်ဖို့ ဒေသခံတွေဟာ နေရပ်ပြန်လို့မရသေးပေမဲ့ နေအိမ်သန့်ရှင်းရေးပြန်လုပ်တာတွေရှိနေပြီး မိုင်းအန္တာရာယ်လည်းရှိနေတာကြောင့် သတိထားသွားလာနေရတယ်လို့ သိရပါတယ်။

spot_img
spot_img