spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေးကာလ နှစ်နှစ်ကျော်အတွင်း KNDF တပ်ရင်း (၁၇) မှာ ကျဆုံးတပ်ဖွဲ့ဝင် ၈ ဦးရှိ

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

နွေဦးတော်လှန်ရေး နှစ်နှစ်ကျော်ကာလအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၁၇) မှာ ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင် ၈ ဦးရှိပြီး အောက်မေ့သတိရတဲ့အနေနဲ့ တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဝတ်ပြုခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

တပ်ဖွဲ့ဝင်တွေရဲ့ ပေးဆပ်မှုတွေအတွက် ရည်ရွယ်ပြီး တစ်နှစ်ပြည့်တဲ့နေ့ကို တပ်ရင်း(၁၇)ရဲ့ အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး စုပေါင်းဆုတောင်းပွဲလုပ်ပေးခဲ့တာဖြစ်တယ်လို့ KNDF တပ်ရင်း (၁၇) ရဲ့ တပ်ရင်းရုံး ဦးစီးမှူး တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အသက် စွန့်လွှတ်ပေးဆပ်သွားခဲ့ကြတဲ့ သူရဲကောင်းအားလုံးကို အမြဲအောက်မေ့သတိရနေကြောင်း၊ သူတို့ရဲ့ကြီးမားတဲ့ပေးဆပ်မှုတွေအတွက် အရယူလိုတဲ့ဖက်ဒရယ် ဒီမိုကရေစီအသီးအပွင့်တွေကို အနာဂါတ်မျိုးဆက်သစ်ကလေးတွေ စားသုံးခွင့်ရနိုင်ဖို့အတွက်ကို ကျနော်တို့ရဲဘော်တွေဆက်ပြီး တိုက်ပွဲဝင်လျက်ရှိကြောင်း ပြည်သူလူထုကို သိစေလိုတဲ့ရည်ရွယ်ချက်နဲ့ပါ” လို့ သူက ဆိုပါတယ်။

ကျဆုံးသွားတဲ့တပ်ဖွဲ့ဝင် ၈ ဦးတွေဟာ တပ်စလောင်းနဲ့ သံလွင်အကြားက ပန်လိုကျေးရွာလမ်းခွဲတိုက်ပွဲမှာ ၅ဦး ၊ တငူးဆိုစခန်းတိုက်ပွဲမှာ ၁ဦး ၊ ဒေါတဟေး တိုက်ပွဲမှာ ၁ဦး ၊ လွိုင်ကော် (11.11) တိုက်ပွဲအတွင်း နာနတ်တော(ရေယို) မှာ ၁ဦး ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြုလုပ်တဲ့ အောက်မေ့ဘွယ်အခမ်းအနားကို KNDF စစ်ရေးချုပ် ၊ လွိုင်ကော် KRG.Force ရဲ့ ဒု-မြို့နယ်မှူး ၊ ရဲဘော်နဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts